ဟွာဝေး၏ လုပ်ငန်းခွဲ ၄၆ ခုကို အမေရိကန်ကအမည်ပျက်စာရင်းသို့ ထပ်မံထည့်သွင်း

ဟွာဝေး၏ လုပ်ငန်းခွဲ ၄၆ ခုကို အမေရိကန်ကအမည်ပျက်စာရင်းသို့ ထပ်မံထည့်သွင်း

အမေရိကန်က ဟွာဝေးကုမ္ပဏီ၏ မိတ်ဖက်လုပ်ငန်းခွဲ ၄၆ ခုကိုအမည်ပျက်စာရင်းသို့ ထပ်မံ၍ ထည့်သွင်းလိုက် ခြင်းအပေါ် အဆိုပါ တရုတ်နည်းပညာကုမ္ပဏီက သြဂုတ် ၁၉ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပြီးယင်းလုပ်ရပ် သည် နိုင်ငံရေးပယောဂ ပါဝင်ကြောင်း မှတ်ချက် ဲပြုလိုက်ပါတယ်။

ဟွာဝေးနှင့် ချိတ်ဆက်လုပ်ကိုင်နေသည့် လုပ်ငန်းခွဲ ၄၆ ခုကိုအမည်ပျက်စာရင်းသို့ ထည့်သွင်းလိုက်သောကြောင့် အမေရိကန် လုပ်ငန်း အဖွဲ့ အစည်းများနှင့် ကူးသန်းရောင်းဝယ်ခွင့် ရရှိတော့မည်မဟုတ်ကြောင်းယင်းနေ့ အစောပိုင်းတွင် အမေရိကန်ကုန်သွယ်ရေးဌာနက ထုတ်ပြန်ခဲ့ ပါတယ်။

ယခုကဲ့သို့ ပိတ်ဆို့အရေးယူမှုသည် အမေရိကန်ကုမ္ပဏီများအတွက် အကျိုးရှိစေမည်မဟုတ်သလိုအမေရိကန် အစိုးရအနေဖြင့် မမျှတသည့် ဆက်ဆံရေးအားအဆုံးသတ်ရန်နှင့် ယင်းကဲ့သို့ ဖိနှိပ်မှုများကြောင်း ၎င်းတို့အနေ ဖြင့် နည်းပညာတွင် ခေါင်းဆောင်ဖြစ်မလာနိုင်ကြောင်း ဟွာဝေးကသတိပေးလိုက်ပါတယ်။

အမေရိကန်ကုမ္ပဏီများအနေဖြင့် ဟွာဝေးပစ္စည်းများအား အသုံးပြုမှု ရပ်တန့်ရာတွင် ကြားကာလလုပ်ငန်းစဉ်များအတွက် ပိတ်ဆို့အရေးယူ မှုများကို သြဂုတ် ၁၉ ရက်အထိဆိုင်းငံ့ခဲ့ပါတယ်။ ယင်းဆိုင်းငံ့ကာလကို နိုဝင်ဘာ ၁၈ အထိသက်တမ်းတိုးသွားဖွယ်ရှိကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ဝီလ်ဘားရော့စ်က ကြေညာခဲ့ပါတယ်။

Linko
Ref: sputniknews.com
ဘေကျင်း၊သြဂုတ် ၂၀

(  Zawgyi  )

 အေမရိကန္က ဟြာေဝးကုမၸဏီ၏ မိတ္ဖက္လုပ္ငန္းခြဲ ၄၆ ခုကိုအမည္ပ်က္စာရင္းသို႔ ထပ္မံ၍ ထည့္သြင္းလိုက္ ျခင္းအေပၚ အဆိုပါ တ႐ုတ္နည္းပညာကုမၸဏီက ၾသဂုတ္ ၁၉ ရက္မွာ ျပစ္တင္ရႈတ္ခ်လိုက္ၿပီးယင္းလုပ္ရပ္ သည္ ႏိုင္ငံေရးပေယာဂ ပါဝင္ေၾကာင္း မွတ္ခ်က္ ဲျပဳလိုက္ပါတယ္။

ဟြာေဝးႏွင့္ ခ်ိတ္ဆက္လုပ္ကိုင္ေနသည့္ လုပ္ငန္းခြဲ ၄၆ ခုကိုအမည္ပ်က္စာရင္းသို႔ ထည့္သြင္းလိုက္ေသာေၾကာင့္ အေမရိကန္ လုပ္ငန္း အဖြဲ႕ အစည္းမ်ားႏွင့္ ကူးသန္းေရာင္းဝယ္ခြင့္ ရရွိေတာ့မည္မဟုတ္ေၾကာင္းယင္းေန႔ အေစာပိုင္းတြင္ အေမရိကန္ကုန္သြယ္ေရးဌာနက ထုတ္ျပန္ခဲ့ ပါတယ္။

ယခုကဲ့သို႔ ပိတ္ဆို႔အေရးယူမႈသည္ အေမရိကန္ကုမၸဏီမ်ားအတြက္ အက်ိဳးရွိေစမည္မဟုတ္သလိုအေမရိကန္ အစိုးရအေနျဖင့္ မမွ်တသည့္ ဆက္ဆံေရးအားအဆုံးသတ္ရန္ႏွင့္ ယင္းကဲ့သို႔ ဖိႏွိပ္မႈမ်ားေၾကာင္း ၎တို႔အေန ျဖင့္ နည္းပညာတြင္ ေခါင္းေဆာင္ျဖစ္မလာႏိုင္ေၾကာင္း ဟြာေဝးကသတိေပးလိုက္ပါတယ္။

အေမရိကန္ကုမၸဏီမ်ားအေနျဖင့္ ဟြာေဝးပစၥည္းမ်ားအား အသုံးျပဳမႈ ရပ္တန႔္ရာတြင္ ၾကားကာလလုပ္ငန္းစဥ္မ်ားအတြက္ ပိတ္ဆို႔အေရးယူ မႈမ်ားကို ၾသဂုတ္ ၁၉ ရက္အထိဆိုင္းငံ့ခဲ့ပါတယ္။ ယင္းဆိုင္းငံ့ကာလကို ႏိုဝင္ဘာ ၁၈ အထိသက္တမ္းတိုးသြားဖြယ္ရွိေၾကာင္း အေမရိကန္ ကုန္သြယ္ေရးဝန္ႀကီး ဝီလ္ဘားေရာ့စ္က ေၾကညာခဲ့ပါတယ္။

Linko
Ref: sputniknews.com
ေဘက်င္း၊ၾသဂုတ္ ၂၀