အက်ဂန်မီးတောင်ပေါက်ကွဲသဖြင့် အင်ဒိုနီးရှား ဘာလီခရီးစဉ်များ ဖျက်သိမ်း

အက်ဂန်မီးတောင်ပေါက်ကွဲသဖြင့် အင်ဒိုနီးရှား ဘာလီခရီးစဉ်များ ဖျက်သိမ်း

အက်ဂန်တောင် မေ ၂၄ ရက်သောကြာနေ့က ရုတ်တရက်မီးတောင် ပေါက်ကွဲသဖြင့် အင်ဒိုနီးရှား နိုင်ငံရဲ့ အဓိကအပန်းဖြေကျွန်းဖြစ်တဲ့ ဘာလီကျွန်းသို့ သွားရောက်တဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရ ကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။

 “ အိုင်ဂူစတီနူရက်ရိုင်းလေဆိပ်ကို လက်ရှိပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ တယ်”    လို့ လေကြောင်းညွှန်ချုပ် မစ္စပိုလိုဂါပါရာမီစတီက ဝန်ကြီးဌာနရဲ့ တွစ်တာစာမျက်နှာ ကနေရေးသားဖော်ပြခဲ့ပါတယ်။"ကျနော်တို့  အက်ဂန်မီးတောင်ပေါက်ကွဲမှု နောက်ဆုံးပေါ် အခြေ အနေ ကို ဆက်တိုက် ဖော်ပြပေးပါမယ်” လိုဆိုပါတယ်။

အဆိုပါလေကြောင်းခရီးစဉ်ဖျက်သိမ်းမှုတွင် စနေနေ့မှာ ဘာလီကျွန်းမှ ထွက်ခွာမယ့် ခရီးစဉ် ၅ ခုနဲ့ လာရောက် မယ့်ခရီးစဉ် လေးခုကို ပါဝင်တယ်လို့ သိရပါတယ်။ အက်ဂန်တောင် မီးတောင် ပေါက်ကွဲ မှု ဟာ လေဆိပ်တည်ရှိရာ ကျွန်းရဲ့ တောင်ပိုင်းအစိတ်ပိုင်းမှာ ဖြစ်တဲ့ မီးတောင်ဆက်တိုက်ပေါက်ကွဲ မှုတွေထဲ နောက်ဆုံးပေါက်ကွဲမှုဖြစ်တယ်လို့ အင်ဒိုနီးရှားဘေးအန္တရာယ်လျှော့ချရေးအေဂျင်စီပြောရေး ဆိုခွင့်ရှိသူ ဆူတိုပိုပူဝိုနူဂရိုဟိုက ဆိုပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့်  ချော်တွေ မှုတ်ထုတ်ခဲ့ပြီး မီးတောင်နဲ့ သုံးကီလိုမီတာအကွာအဝေး မှာရှိတဲ့ ကျေးရွာ ၉ ရွာထိ ပြာတွေ လွှင့်ကျခဲ့ပါတယ်။မီးတောင်ပေါက်ကွဲမှုကြောင့် လေးမိနစ်နဲ့ စက္ကန့် သုံးဆယ် ကြာမြင့်တယ်လို့ အဆိုပါအေဂျင်စီ ကဆိုပါတယ်။

ဒါပေမယ့် အေဂျင်စီအပြောအရမီးတောင်ပေါက်ကွဲမှုအတွက် သတိပေးချက်အဆင့်ကို မြှင့်တင်စရာ မရှိဘဲ ပေါက်ကွဲမှုကြောင့် ထိခိုက်နိုင်တဲ့ ဧရိယာအဖြစ် မီးတောင်တစ်ဝိုက် အချင်းဝက်လေး ကီလိုမီတာ အထိ သတ်မှတ်ထားပါတယ်။

မီးတောင်ပေါက်ကွဲမှုဖြစ်တဲ့ အက်ဂန်တောင်မှာ ကာရာဂါဆမ် ခရိုင်မှာ တည်ရှိပြီး ကမ္ဘာလှည့်ခရီးသွား အသွားအလာများတဲ့ ကူတာမြို့နဲ့ ကီလိုမီတာ ၇၀ ကွာဝေးပါတယ်။ အက်ဂါမီးတောင်ဟာ ဆယ်စုနှစ်ပေါင်း များစွာ ငြိမ်သက်နေခဲ့ပြီးနောက်  ၁၉၆၃ ခုနှစ်က ကြီးကြီးမားမားပေါက်ကွဲပြီးနောက် ၂၀၁၇ ခုနှစ်မှာ ထပ်မံပေါက်ကွဲခဲ့ပါတယ်။

Linko
Ref: straitstimes
ဂျကာတာ၊မေ ၂၅

(  Zawgyi  )

 အက္ဂန္ေတာင္ ေမ ၂၄ ရက္ေသာၾကာေန႔က ႐ုတ္တရက္မီးေတာင္ ေပါက္ကြဲသျဖင့္ အင္ဒိုနီးရွား ႏိုင္ငံရဲ႕ အဓိကအပန္းေျဖကြၽန္းျဖစ္တဲ့ ဘာလီကြၽန္းသို႔ သြားေရာက္တဲ့ ေလယာဥ္ခရီးစဥ္ေတြကို ဖ်က္သိမ္းခဲ့ရ ေၾကာင္း အာဏာပိုင္ေတြက ဆိုပါတယ္။

 “ အိုင္ဂူစတီႏူရက္႐ိုင္းေလဆိပ္ကို လက္ရွိေျပးဆြဲေနတဲ့ ေလေၾကာင္းခရီးစဥ္ေတြကို ဖ်က္သိမ္းခဲ့ တယ္”    လို႔ ေလေၾကာင္းၫႊန္ခ်ဳပ္ မစၥပိုလိုဂါပါရာမီစတီက ဝန္ႀကီးဌာနရဲ႕ တြစ္တာစာမ်က္ႏွာ ကေနေရးသားေဖာ္ျပခဲ့ပါတယ္။"က်ေနာ္တို႔  အက္ဂန္မီးေတာင္ေပါက္ကြဲမႈ ေနာက္ဆုံးေပၚ အေျခ အေန ကို ဆက္တိုက္ ေဖာ္ျပေပးပါမယ္” လိုဆိုပါတယ္။

အဆိုပါေလေၾကာင္းခရီးစဥ္ဖ်က္သိမ္းမႈတြင္ စေနေန႔မွာ ဘာလီကြၽန္းမွ ထြက္ခြာမယ့္ ခရီးစဥ္ ၅ ခုနဲ႔ လာေရာက္ မယ့္ခရီးစဥ္ ေလးခုကို ပါဝင္တယ္လို႔ သိရပါတယ္။ အက္ဂန္ေတာင္ မီးေတာင္ ေပါက္ကြဲ မႈ ဟာ ေလဆိပ္တည္ရွိရာ ကြၽန္းရဲ႕ ေတာင္ပိုင္းအစိတ္ပိုင္းမွာ ျဖစ္တဲ့ မီးေတာင္ဆက္တိုက္ေပါက္ကြဲ မႈေတြထဲ ေနာက္ဆုံးေပါက္ကြဲမႈျဖစ္တယ္လို႔ အင္ဒိုနီးရွားေဘးအႏၲရာယ္ေလွ်ာ့ခ်ေရးေအဂ်င္စီေျပာေရး ဆိုခြင့္ရွိသူ ဆူတိုပိုပူဝိုႏူဂ႐ိုဟိုက ဆိုပါတယ္။

မီးေတာင္ေပါက္ကြဲမႈေၾကာင့္  ေခ်ာ္ေတြ မႈတ္ထုတ္ခဲ့ၿပီး မီးေတာင္နဲ႔ သုံးကီလိုမီတာအကြာအေဝး မွာရွိတဲ့ ေက်း႐ြာ ၉ ႐ြာထိ ျပာေတြ လႊင့္က်ခဲ့ပါတယ္။မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ေလးမိနစ္နဲ႔ စကၠန႔္ သုံးဆယ္ ၾကာျမင့္တယ္လို႔ အဆိုပါေအဂ်င္စီ ကဆိုပါတယ္။

ဒါေပမယ့္ ေအဂ်င္စီအေျပာအရမီးေတာင္ေပါက္ကြဲမႈအတြက္ သတိေပးခ်က္အဆင့္ကို ျမႇင့္တင္စရာ မရွိဘဲ ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ႏိုင္တဲ့ ဧရိယာအျဖစ္ မီးေတာင္တစ္ဝိုက္ အခ်င္းဝက္ေလး ကီလိုမီတာ အထိ သတ္မွတ္ထားပါတယ္။

မီးေတာင္ေပါက္ကြဲမႈျဖစ္တဲ့ အက္ဂန္ေတာင္မွာ ကာရာဂါဆမ္ ခ႐ိုင္မွာ တည္ရွိၿပီး ကမာၻလွည့္ခရီးသြား အသြားအလာမ်ားတဲ့ ကူတာၿမိဳ႕နဲ႔ ကီလိုမီတာ ၇၀ ကြာေဝးပါတယ္။ အက္ဂါမီးေတာင္ဟာ ဆယ္စုႏွစ္ေပါင္း မ်ားစြာ ၿငိမ္သက္ေနခဲ့ၿပီးေနာက္  ၁၉၆၃ ခုႏွစ္က ႀကီးႀကီးမားမားေပါက္ကြဲၿပီးေနာက္ ၂၀၁၇ ခုႏွစ္မွာ ထပ္မံေပါက္ကြဲခဲ့ပါတယ္။

Linko
Ref: straitstimes
ဂ်ကာတာ၊ေမ ၂၅