အကြမ်းဖက်တိုက်ဖျက်မှုစစ်ဆင်ရေးအတွင်း ဂျီဟဒ် ၁၇ ဦးနှင့် မာလီစစ်သား ၂၄ ဦးကျဆုံး

အကြမ်းဖက်တိုက်ဖျက်မှုစစ်ဆင်ရေးအတွင်း ဂျီဟဒ် ၁၇ ဦးနှင့် မာလီစစ်သား ၂၄ ဦးကျဆုံး

မာလီအရှေ့မြောက်ပိုင်း တာဘန်ကော့ဘ်အနီးမှာ မာလီနှင့်နိုင်ဂျီးရီးယန်း အစိုးရတပ် တွေပူးတွဲ ကင်း လှည့်စဉ် ဂျီဟဒ်အစွန်းရောက် စစ်သွေးကြွတွေက  ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ အာဏာပိုင် တွေက ထုတ်ပြန်ခဲ့ပါတယ်။

“ တိုက်ခိုက်ခံရမှုအတွင်းမာလီစစ်တပ်က တပ်သား ၂၄ ဦးကျဆုံးကာ ၂၉ ဦးဒဏ်ရာရခဲ့ပါတယ်။ စစ်အသုံးအဆောင်တွေ ပျက်စီးခဲ့ပါတယ်။ ရန်သူဘက်ကတော့ ၁၇ ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်”လို့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဒါရီယန်ကိုနေးက ဆိုပါတယ်။ထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးထားသူတွေကို နိုင်ဂျီးရီးယားစစ်တပ်က ထိန်းသိမ်းထားတယ်ဆိုပါတယ်။

အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ မာလီမှာ နိုဝင်ဘာအစောပိုင်းက စစ်ဘပ်စခန်းတစ်ခု တိုက်ခိုက်ခံခဲ့ရတဲ့ အတွက် တပ်ဖွဲဝင် ၅၄ ဦးသေဆုံး ခဲ့ရပါတယ်။အဆိုပါ တိုက်ခိုက်ခံရမှုမှာ အငြမ်းဖက်စစ်သွေးကြွများက စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် လက်ရှိမှတ်တမ်းများအရ အသေအပျောက် အများဆုံး တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ဘဲ ဖြစ်ပါတယ်။

ထိုအခြေအနေက အဆိုပါဒေသအတွင်း အစွန်းရောက်ဂျီဟဒ်စစ်သွေးကြွအန္တရာယ်အခြေအနေကို တိုးတက်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေ တာပဲဖြစ်ပါတယ်။ ယခုတိုက်ခိုက်ခံရမှုမှာ  တနင်္လာနေ့က မာလီနဲ့ နိုင်ဂျီးရီးယားစစ်တပ်နှစ်ဖွဲ့ က ပူးပေါင်းကာ နယ်စပ်အနီး ဂါအိုနယ်မြေ တာဘန် ကို အနီးမှာ ကင်းလှည့်စဉ် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

Linko
Ref:CTGN
ဘာမာကို ၊ နိုဝင်ဘာ ၁၉

(  Zawgyi  )

 မာလီအေရွ႕ေျမာက္ပိုင္း တာဘန္ေကာ့ဘ္အနီးမွာ မာလီႏွင့္ႏိုင္ဂ်ီးရီးယန္း အစိုးရတပ္ ေတြပူးတြဲ ကင္း လွည့္စဥ္ ဂ်ီဟဒ္အစြန္းေရာက္ စစ္ေသြးႂကြေတြက  ၿခဳံခိုတိုက္ခိုက္ခဲ့တယ္လို႔ စစ္ဘက္ဆိုင္ရာ အာဏာပိုင္ ေတြက ထုတ္ျပန္ခဲ့ပါတယ္။

“ တိုက္ခိုက္ခံရမႈအတြင္းမာလီစစ္တပ္က တပ္သား ၂၄ ဦးက်ဆုံးကာ ၂၉ ဦးဒဏ္ရာရခဲ့ပါတယ္။ စစ္အသုံးအေဆာင္ေတြ ပ်က္စီးခဲ့ပါတယ္။ ရန္သူဘက္ကေတာ့ ၁၇ ဦးကို သတ္ျဖတ္ႏိုင္ခဲ့ၿပီး အမ်ားအျပား ဖမ္းဆီးခံခဲ့ရပါတယ္”လို႔ စစ္ဘက္ေျပာေရးဆိုခြင့္ရွိသူ ဒါရီယန္ကိုေနးက ဆိုပါတယ္။ထုတ္ျပန္ခ်က္မွာေတာ့ ဖမ္းဆီးထားသူေတြကို ႏိုင္ဂ်ီးရီးယားစစ္တပ္က ထိန္းသိမ္းထားတယ္ဆိုပါတယ္။

အေနာက္အာဖရိကႏိုင္ငံတစ္ခုျဖစ္တဲ့ မာလီမွာ ႏိုဝင္ဘာအေစာပိုင္းက စစ္ဘပ္စခန္းတစ္ခု တိုက္ခိုက္ခံခဲ့ရတဲ့ အတြက္ တပ္ဖြဲဝင္ ၅၄ ဦးေသဆုံး ခဲ့ရပါတယ္။အဆိုပါ တိုက္ခိုက္ခံရမႈမွာ အျငမ္းဖက္စစ္ေသြးႂကြမ်ားက စစ္တပ္ကို တိုက္ခိုက္ခဲ့သည့္ လက္ရွိမွတ္တမ္းမ်ားအရ အေသအေပ်ာက္ အမ်ားဆုံး တိုက္ခိုက္ခံရတဲ့ ျဖစ္စဥ္ဘဲ ျဖစ္ပါတယ္။

ထိုအေျခအေနက အဆိုပါေဒသအတြင္း အစြန္းေရာက္ဂ်ီဟဒ္စစ္ေသြးႂကြအႏၲရာယ္အေျခအေနကို တိုးတက္ေနတယ္ဆိုတာကို မီးေမာင္းထိုးျပေန တာပဲျဖစ္ပါတယ္။ ယခုတိုက္ခိုက္ခံရမႈမွာ  တနလၤာေန႔က မာလီနဲ႔ ႏိုင္ဂ်ီးရီးယားစစ္တပ္ႏွစ္ဖြဲ႕ က ပူးေပါင္းကာ နယ္စပ္အနီး ဂါအိုနယ္ေျမ တာဘန္ ကို အနီးမွာ ကင္းလွည့္စဥ္ တိုက္ခိုက္ခံခဲ့ရတာျဖစ္ပါတယ္။

Linko
Ref:CTGN
ဘာမာကို ၊ ႏိုဝင္ဘာ ၁၉