အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးဟောင်းက ရွေးကောက်ပွဲတွင် အနိုင်ရနေကြောင်း ကြေညာ

အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးဟောင်းက ရွေးကောက်ပွဲတွင် အနိုင်ရနေကြောင်း ကြေညာ

အင်ဒိုနီးရှားနိုင်ငံရွေးကောက်ပွဲရဲ့ ကနဦးထွက်ပေါ်လာတဲ့ ရလဒ်တွေအရ လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒို အပြတ်အသတ် အနိုင်ရနေကြောင်း ပြသနေပေမယ့် စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သူ ပရာဘိုဝို ဆူဘီယန်တိုကတော့ သူဟာ နိုင်ငံရဲ့ သမ္မတဖြစ်ပြီလို့ ကြေညာ လိုက်ပါတယ်။

ဧပြီ ၁၇ ရက် ညနေပိုင်း မဲရုံတွေ ပိတ်အပြီး နာရီအနည်းငယ်အကြာ မြို့တော်ဂျကာတာတောင်ပိုင်း သူရဲ့ နေအိမ်ပြင်ပမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သူ့ကိုထောက်ခံသူတွေနဲ့ ဂျာနယ်လစ်တွေကို ပြော ကြားရာမှာ အထူးတပ်ဖွဲ့ရဲ့ တပ်မှူးတစ်ဦးဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်းက အောင်ပွဲခံ မိန့်ခွန်းကို ပြောကြားခဲ့ ပါတယ်။

“နိုင်ငံသားအပေါင်းတို့ ခင်ဗျား၊ အခုအောင်ပွဲဟာ အင်ဒိုနီးရှားနိုင်ငံသားတွေရဲ့ အောင်ပွဲပါ။ အင်ဒိုနီးရှား ပြည်သူအပေါင်းကို ပြောလိုတာက ကျွန်တော်က ခင်ဗျားတို့ အားလုံးရဲ့ သမ္မတဖြစ်ပါပြီ။ အင်ဒိုနီးရှားနိုင်ငံရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ ဆူဟာတို၏ သားမက်ဟောင်း တစ်ဦးဖြစ် သည့် ပရာဘိုဝိုက သူ၏ အဖွဲ့က ပြုလုပ်ခဲသည့် တွက်ချက်မှုများအရ ရွေးကောက်ပွဲမှာ သူက ၆၂ ရာခိုင်နှုန်းနဲ့ ဦးဆောင် နေတယ်လို့ ပြောကြား ခဲ့ပါတယ်။

ဧပြီ ၁၇ ရက် မနက်စောစောပိုင်းမှာသူ့အဖွဲ့ရဲ့ ကြားဖြတ်ထုတ်ပြန်ချက်မှာ လက်ရှိသမ္မတ ဂျိုကိုဝီ ၅၅ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ရှုံးနိမ့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ထင်ရှားသည့် အင်ဒိုနီးရှားစစ်တမ်းကောက်ယူသည့် အဖွဲ့အစည်းများ၏ တွေ့ရှိမှုအရ ဂျိုကိုဝီနဲ့ သူ့မဟာမိတ် တို့ဟာ ၉ ရာခိုင်နှုန်း အသာရနေတယ်လို့ ဖော်ပြထားပါတယ်။

ကနဦး မဲရေတွက်မှုများသည် လာရောက်ပေးသည့် မဲအရေအတွက်နှင့် ယုံကြည်စိတ်ချရသည့် ယခင်ရလဒ်များကို အခြေခံတွက်ချက်ခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင်ကြေညာချက်ကို မေလအထိ ထုတ်ပြန်ဖွယ် မရှိသေးပါဘူး။

Linko
Ref: The Guardian
ဂျကာတာ၊ ဧပြီ ၁၈

(   Zawgyi  )

 အင္ဒိုနီးရွားႏိုင္ငံေ႐ြးေကာက္ပြဲရဲ႕ ကနဦးထြက္ေပၚလာတဲ့ ရလဒ္ေတြအရ လက္ရွိသမၼတ ဂ်ိဳကို ဝီဒိုဒို အျပတ္အသတ္ အႏိုင္ရေနေၾကာင္း ျပသေနေပမယ့္ စစ္တပ္ဗိုလ္ခ်ဳပ္ႀကီးေဟာင္းတစ္ဦးျဖစ္သူ ပရာဘိုဝို ဆူဘီယန္တိုကေတာ့ သူဟာ ႏိုင္ငံရဲ႕ သမၼတျဖစ္ၿပီလို႔ ေၾကညာ လိုက္ပါတယ္။

ဧၿပီ ၁၇ ရက္ ညေနပိုင္း မဲ႐ုံေတြ ပိတ္အၿပီး နာရီအနည္းငယ္အၾကာ ၿမိဳ႕ေတာ္ဂ်ကာတာေတာင္ပိုင္း သူရဲ႕ ေနအိမ္ျပင္ပမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း သူ႔ကိုေထာက္ခံသူေတြနဲ႔ ဂ်ာနယ္လစ္ေတြကို ေျပာ ၾကားရာမွာ အထူးတပ္ဖြဲ႕ရဲ႕ တပ္မႉးတစ္ဦးျဖစ္ခဲ့သူ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းက ေအာင္ပြဲခံ မိန႔္ခြန္းကို ေျပာၾကားခဲ့ ပါတယ္။

“ႏိုင္ငံသားအေပါင္းတို႔ ခင္ဗ်ား၊ အခုေအာင္ပြဲဟာ အင္ဒိုနီးရွားႏိုင္ငံသားေတြရဲ႕ ေအာင္ပြဲပါ။ အင္ဒိုနီးရွား ျပည္သူအေပါင္းကို ေျပာလိုတာက ကြၽန္ေတာ္က ခင္ဗ်ားတို႔ အားလုံးရဲ႕ သမၼတျဖစ္ပါၿပီ။ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ေခါင္းေဆာင္တစ္ဦးျဖစ္ခဲ့သူ ဆူဟာတို၏ သားမက္ေဟာင္း တစ္ဦးျဖစ္ သည့္ ပရာဘိုဝိုက သူ၏ အဖြဲ႕က ျပဳလုပ္ခဲသည့္ တြက္ခ်က္မႈမ်ားအရ ေ႐ြးေကာက္ပြဲမွာ သူက ၆၂ ရာခိုင္ႏႈန္းနဲ႔ ဦးေဆာင္ ေနတယ္လို႔ ေျပာၾကား ခဲ့ပါတယ္။

ဧၿပီ ၁၇ ရက္ မနက္ေစာေစာပိုင္းမွာသူ႔အဖြဲ႕ရဲ႕ ၾကားျဖတ္ထုတ္ျပန္ခ်က္မွာ လက္ရွိသမၼတ ဂ်ိဳကိုဝီ ၅၅ ဒသမ ၄ ရာခိုင္ႏႈန္းနဲ႔ ရႈံးနိမ့္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ထင္ရွားသည့္ အင္ဒိုနီးရွားစစ္တမ္းေကာက္ယူသည့္ အဖြဲ႕အစည္းမ်ား၏ ေတြ႕ရွိမႈအရ ဂ်ိဳကိုဝီနဲ႔ သူ႔မဟာမိတ္ တို႔ဟာ ၉ ရာခိုင္ႏႈန္း အသာရေနတယ္လို႔ ေဖာ္ျပထားပါတယ္။

ကနဦး မဲေရတြက္မႈမ်ားသည္ လာေရာက္ေပးသည့္ မဲအေရအတြက္ႏွင့္ ယုံၾကည္စိတ္ခ်ရသည့္ ယခင္ရလဒ္မ်ားကို အေျခခံတြက္ခ်က္ျခင္း ျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ တရားဝင္ေၾကညာခ်က္ကို ေမလအထိ ထုတ္ျပန္ဖြယ္ မရွိေသးပါဘူး။

Linko
Ref: The Guardian
ဂ်ကာတာ၊ ဧၿပီ ၁၈