အင်အားပြင်း မြေငလျင်တစ်ခု အမေရိကန်တွင် လှုပ်ခတ်၊ အသေအပျောက် ထိခိုက်ပျက်စီးမှု သတင်း မရသေး

အင်အားပြင်း မြေငလျင်တစ်ခု အမေရိကန်တွင် လှုပ်ခတ်၊ အသေအပျောက် ထိခိုက်ပျက်စီးမှု သတင်း မရသေး

အမေရိကန်နိုင်ငံ အိုင်ဒါဟိုပြည်နယ်မှာ အင်္ဂါနေ့က ရစ်ချ်တာစကေး ၆ ဒသမ ၅ မဂ္ဂနီကျူ့ အဆင့် ရှိ အင်အားပြင်းမြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ သေကြေ ပျက်စီးဆုံးရှုံးမှုသတင်းတွေ မရရှိ သေးဘူး လို့ ဆိုပါတယ်။

ညနေ ၆ နာရီလောက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းအဆိုပါမြေငလျင်လှုပ်ခတ်မှုကို ပြည်နယ် တစ်ခုလုံး ခံစားခဲ့ရကာ လှုပ်ခတ်မှုမှာ စက္ကန့် ၂၀ မှ စက္ကန် ၃၀ ကြား ကြာချိန်ရှိတယ်လို့ ဒေသခံ တွေ က သတင်းဌာနတွေကို ပြောပါတယ်။

ဘိုစီရဲဌာနက တွစ်တာမှာ “ငါတို့လည်း ငလျင်လှုပ်တာကို ခံစားလိုက်ရတယ်။ အခုထိ ပျက်ဆီး ဆုံးရှုံး တဲ့ သတင်းမရသေးဘူး”လို့ ရေးခဲ့ပါတယ်။ “ဘိုစီမှာနေသူတိုင်း အိမ်ထဲမှာနေပါ။ အကူအညီ လိုအပ်ရင် ငါတို့ကို ခေါ်လိုက်ပါ”လို့ ရေးခဲ့ပါတယ်။

အမေရိကန်ဘူမိဗေဒဌာန(USGS) က အစီရင်ခံစာမှာတော့ မြေငလျင်မှာ ပြည်နယ်မြို့တော် ဘိုစီရဲ့အရှေ့မြောက် ဘက် ဝေးလံခေါင်သီတဲ တောင်တန်းဒေသကို ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ U  SGS ပြောကြားချက်မှာတော့ ငလျင်က မြေအောက် အနက် ၆ မိုင်ကို ဗဟိုပြုကာလှုပ်ခတ်ခဲ့တာဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကို အနီးနားရှိ နီဗားဒါးနဲ့ မွန်နာတာအပါအဝင် ပြည်နယ် ၆ ခုထိ ခံစားခဲ့ရတယ်ဆိုပါတယ်။

ဝါရှင်တန်တက္ကသိုလ် ငလျင်ခွဲခြမ်းစိတ်ဖြာဌာနအကြီးအကဲ ပေါလ်ဘိုဒင်က ဒီဒေသမှာ နောက်ဆုံး ငလျင်ကြီးလှုပ်ခတ်ခဲ့တာ ၁၉၈၃ ခုနှစ်ကလို့ ဒေသတွင်းမီဒီယာဖြစ်တဲ့ ABC ရုပ်သံသတင်းဌာနကို ပြောခဲ့ပါတယ်။

ဘိုစီမြို့တော်ဝန် လူရမ်မက်လန်းက တွစ်တာကနေ ဒေသတွင်းတရားဝင် ပြောခဲ့ရာမှာ “မြိုထဲနဲ့ အနီးနား ရှိ အဆောက်အဦးတွေ ၊ တခြားအများပြည်သူပိုင်အဆောက်အအုံတွေကို တာဝန်ရှိ သူတွေ စစ်ဆေးဆောင်ရွက် နေကြ တယ်”လို့ ပြောခဲ့ပါတယ်။

အိမ်နီးချင်းပြည်နယ်ဖြစ်တဲ့ အူတာပြည်နယ်မှာ ၅ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ပြီး နှစ်ပတ်အကြာ အင်္ဂါနေ့မှာ အိုင်ဒါပြည်နယ်ထဲ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ တာဖြစ်ပါတယ်။

Linko
Ref: gulftoday.ae
နယူယောက်၊ ဧပြီ ၁

(   Zawgyi   )

 အေမရိကန္ႏိုင္ငံ အိုင္ဒါဟိုျပည္နယ္မွာ အဂၤါေန႔က ရစ္ခ်္တာစေကး ၆ ဒသမ ၅ မဂၢနီက်ဴ႕ အဆင့္ ရွိ အင္အားျပင္းေျမငလ်င္တစ္ခုလႈပ္ခတ္ခဲ့ရာ ေသေၾက ပ်က္စီးဆုံးရႈံးမႈသတင္းေတြ မရရွိ ေသးဘူး လို႔ ဆိုပါတယ္။

ညေန ၆ နာရီေလာက္မွာ လႈပ္ခတ္ခဲ့တဲ့ အင္အားျပင္းအဆိုပါေျမငလ်င္လႈပ္ခတ္မႈကို ျပည္နယ္ တစ္ခုလုံး ခံစားခဲ့ရကာ လႈပ္ခတ္မႈမွာ စကၠန႔္ ၂၀ မွ စကၠန္ ၃၀ ၾကား ၾကာခ်ိန္ရွိတယ္လို႔ ေဒသခံ ေတြ က သတင္းဌာနေတြကို ေျပာပါတယ္။

ဘိုစီရဲဌာနက တြစ္တာမွာ “ငါတို႔လည္း ငလ်င္လႈပ္တာကို ခံစားလိုက္ရတယ္။ အခုထိ ပ်က္ဆီး ဆုံးရႈံး တဲ့ သတင္းမရေသးဘူး”လို႔ ေရးခဲ့ပါတယ္။ “ဘိုစီမွာေနသူတိုင္း အိမ္ထဲမွာေနပါ။ အကူအညီ လိုအပ္ရင္ ငါတို႔ကို ေခၚလိုက္ပါ”လို႔ ေရးခဲ့ပါတယ္။

အေမရိကန္ဘူမိေဗဒဌာန(USGS) က အစီရင္ခံစာမွာေတာ့ ေျမငလ်င္မွာ ျပည္နယ္ၿမိဳ႕ေတာ္ ဘိုစီရဲ႕အေရွ႕ေျမာက္ ဘက္ ေဝးလံေခါင္သီတဲ ေတာင္တန္းေဒသကို ဗဟိုျပဳလႈပ္ခတ္ခဲ့တာလို႔ ေဖာ္ျပခဲ့ပါတယ္။ U  SGS ေျပာၾကားခ်က္မွာေတာ့ ငလ်င္က ေျမေအာက္ အနက္ ၆ မိုင္ကို ဗဟိုျပဳကာလႈပ္ခတ္ခဲ့တာျဖစ္ၿပီး ငလ်င္လႈပ္ခတ္မႈကို အနီးနားရွိ နီဗားဒါးနဲ႔ မြန္နာတာအပါအဝင္ ျပည္နယ္ ၆ ခုထိ ခံစားခဲ့ရတယ္ဆိုပါတယ္။

ဝါရွင္တန္တကၠသိုလ္ ငလ်င္ခြဲျခမ္းစိတ္ျဖာဌာနအႀကီးအကဲ ေပါလ္ဘိုဒင္က ဒီေဒသမွာ ေနာက္ဆုံး ငလ်င္ႀကီးလႈပ္ခတ္ခဲ့တာ ၁၉၈၃ ခုႏွစ္ကလို႔ ေဒသတြင္းမီဒီယာျဖစ္တဲ့ ABC ႐ုပ္သံသတင္းဌာနကို ေျပာခဲ့ပါတယ္။

ဘိုစီၿမိဳ႕ေတာ္ဝန္ လူရမ္မက္လန္းက တြစ္တာကေန ေဒသတြင္းတရားဝင္ ေျပာခဲ့ရာမွာ “ၿမိဳထဲနဲ႔ အနီးနား ရွိ အေဆာက္အဦးေတြ ၊ တျခားအမ်ားျပည္သူပိုင္အေဆာက္အအုံေတြကို တာဝန္ရွိ သူေတြ စစ္ေဆးေဆာင္႐ြက္ ေနၾက တယ္”လို႔ ေျပာခဲ့ပါတယ္။

အိမ္နီးခ်င္းျပည္နယ္ျဖစ္တဲ့ အူတာျပည္နယ္မွာ ၅ ဒသမ ၇ အဆင့္ရွိ အင္အားျပင္း ငလ်င္ လႈပ္ခတ္ၿပီး ႏွစ္ပတ္အၾကာ အဂၤါေန႔မွာ အိုင္ဒါျပည္နယ္ထဲ အင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့ တာျဖစ္ပါတယ္။

Linko
Ref: gulftoday.ae
နယူေယာက္၊ ဧၿပီ ၁