အစ္စတန်ဘူလ်ရှိ ဆီးရီးယားရွှေ့ပြောင်းအလုပ်သမား ၆၀၀၀ ကျော်ကို တူရကီအာဏာပိုင်များ ရွှေ့ပြောင်းခဲ့

အစ္စတန်ဘူလ်ရှိ ဆီးရီးယားရွှေ့ပြောင်းအလုပ်သမား ၆၀၀၀ ကျော်ကို တူရကီအာဏာပိုင်များ ရွှေ့ပြောင်းခဲ့

ယခုနှစ် ဇူလိုင်လအစောပိုင်းက တူရကီအာဏာပိုင်များအနေဖြင့် အစ္စတန်ဘူလ်ရှိ ဆီးရီးယားရွှေ့ပြောင်းအလုပ်သမား ၆၀၀၀ ကျော်အား အခြားပြည်နယ်များရှိ ယာယီအိမ်စင်တာများသို့ ရွှေ့ပြောင်းပို့ဆောင်ခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေက သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ထို့ပြင် မြို့အတွင်းနေထိုင်ရန် မှတ်ပုံမတင်ထားသည့် ရွေပြောင်းအခြေချသူများအနေဖြင့် မြို့မှ နှစ်ပတ်အတွင်း ထွက်ခွာပေးရန် နောက်ဆုံးရက် သတ်မှတ်ထားခဲ့ပါတယ်။

အာဏာပိုင်များက အစ္စတန်ဘူလ်တွင် နေထိုင်ရန် အောက်တိုဘာ ၃၀ ရက် မတိုင်မီ မှတ်ပုံမတင်ထားသည့် ဆီးရီးယားလူမျိုးများအနေဖြင့် တခြားပြည်နယ်မြို့များသို့  အတင်းအဓမ္မရွှေ့ပြောင်းမယ်လို့ ရာဇသံပေးထားခဲ့ပါတယ်။ဆီးရီးယားတွင် ဖြစ်ပွားသည့် ရှစ်နှစ်ကြာ ပြည်တွင်းစစ်ကြောင့် များပြားသည့် လူအရေအတွက်ဖြစ်သည့် ဆီးရီးယားလူမျိုး ၃ ဒသမ ၆ သန်းကျော် တူရကီသို့ ရွှေ့ပြောင်းဝင်ရောက်ခဲ့ပါတယ်။ထိုပမာဏကြောင့် မြို့နေလူဦးရေ ၁၅ သန်းခန့်ရှိသည့် အစ္စတန်ဘူလ်မြို့မှာ ဆီးရီးယားလူဦးရေ သန်းဝက်ကျော်ထိ တိုးပွားလာခဲ့ပါတယ်။

အစ္စတန်ဘူလ် အုပ်ချုပ်ရေးအဖွဲ့က ပြောကြားရာမှာတော့ ဇူလိုင် ၁၂ ရက်မှစပြီး တရားမဝင်နေထိုင်နေတဲ့ ဆီးရီးယားလူမျိုး ၆၄၁၆ ယောက်ကို အစ္စတန်ဘူလ်ကနေ ဖယ်ရှားရွှေ့ပြောင်းခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့သည့်လက ကာဒ့်ပြည်သူစစ်တပ်ဖွဲ့ဖြစ်သည့် YPG အဖွဲ့ကို တူရကီက ထိုးစစ်ဆင်ခဲ့ပြီးနောက် ဆီးရီးယား အရှေ့မြောက်ပိုင်းရှိ ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေတွင် တူရကီရောက် ဆီးရီးယားဒုက္ခသည် တစ်စိတ်တစ်ပိုင်းကို နေရာချထားပေးရန် တူရကီက ဆန္ဒရှိနေပါတယ်။

ထို့ပြင် အစ္စတန်ဘူလ်ရှိ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ ၄၂,၈၈၈ ဦးကို ပြည်နယ်များရှိ နေရပ်ပြန်လည်ပို့ဆောင်ရေးစင်တာများသို့ ပို့ဆောင်ခဲ့ပြီး၊ ၎င်းတို့အား ပြန်လည်ပို့ဆောင်ခြင်း လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နေကြောင်း အုပ်ချုပ်ရေးမှူးရုံးက ပြောကြားခဲ့ပါတယ်။

Linko
အစ္စတန်ဘူလ်၊ နိုဝင်ဘာ - ၁၆
Ref : middleeastmonitor.com

( Zawgyi )

ယခုႏွစ္ ဇူလိုင္လအေစာပိုင္းက တူရကီအာဏာပိုင္မ်ားအေနျဖင့္ အစၥတန္ဘူလ္ရွိ ဆီးရီးယားေ႐ႊ႕ေျပာင္းအလုပ္သမား ၆၀၀၀ ေက်ာ္အား အျခားျပည္နယ္မ်ားရွိ ယာယီအိမ္စင္တာမ်ားသို႔ ေ႐ႊ႕ေျပာင္းပို႔ေဆာင္ခဲ့တယ္လို႔ ေဒသႏၲရအာဏာပိုင္ေတြက ေသာၾကာေန႔က ေျပာၾကားခဲ့ပါတယ္။

ထို႔ျပင္ ၿမိဳ႕အတြင္းေနထိုင္ရန္ မွတ္ပုံမတင္ထားသည့္ ေ႐ြေျပာင္းအေျခခ်သူမ်ားအေနျဖင့္ ၿမိဳ႕မွ ႏွစ္ပတ္အတြင္း ထြက္ခြာေပးရန္ ေနာက္ဆုံးရက္ သတ္မွတ္ထားခဲ့ပါတယ္။

အာဏာပိုင္မ်ားက အစၥတန္ဘူလ္တြင္ ေနထိုင္ရန္ ေအာက္တိုဘာ ၃၀ ရက္ မတိုင္မီ မွတ္ပုံမတင္ထားသည့္ ဆီးရီးယားလူမ်ိဳးမ်ားအေနျဖင့္ တျခားျပည္နယ္ၿမိဳ႕မ်ားသို႔  အတင္းအဓမၼေ႐ႊ႕ေျပာင္းမယ္လို႔ ရာဇသံေပးထားခဲ့ပါတယ္။ဆီးရီးယားတြင္ ျဖစ္ပြားသည့္ ရွစ္ႏွစ္ၾကာ ျပည္တြင္းစစ္ေၾကာင့္ မ်ားျပားသည့္ လူအေရအတြက္ျဖစ္သည့္ ဆီးရီးယားလူမ်ိဳး ၃ ဒသမ ၆ သန္းေက်ာ္ တူရကီသို႔ ေ႐ႊ႕ေျပာင္းဝင္ေရာက္ခဲ့ပါတယ္။ထိုပမာဏေၾကာင့္ ၿမိဳ႕ေနလူဦးေရ ၁၅ သန္းခန႔္ရွိသည့္ အစၥတန္ဘူလ္ၿမိဳ႕မွာ ဆီးရီးယားလူဦးေရ သန္းဝက္ေက်ာ္ထိ တိုးပြားလာခဲ့ပါတယ္။

အစၥတန္ဘူလ္ အုပ္ခ်ဳပ္ေရးအဖြဲ႕က ေျပာၾကားရာမွာေတာ့ ဇူလိုင္ ၁၂ ရက္မွစၿပီး တရားမဝင္ေနထိုင္ေနတဲ့ ဆီးရီးယားလူမ်ိဳး ၆၄၁၆ ေယာက္ကို အစၥတန္ဘူလ္ကေန ဖယ္ရွားေ႐ႊ႕ေျပာင္းခဲ့တယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့သည့္လက ကာဒ့္ျပည္သူစစ္တပ္ဖြဲ႕ျဖစ္သည့္ YPG အဖြဲ႕ကို တူရကီက ထိုးစစ္ဆင္ခဲ့ၿပီးေနာက္ ဆီးရီးယား အေရွ႕ေျမာက္ပိုင္းရွိ ၎တို႔ထိန္းခ်ဳပ္ထားသည့္ နယ္ေျမတြင္ တူရကီေရာက္ ဆီးရီးယားဒုကၡသည္ တစ္စိတ္တစ္ပိုင္းကို ေနရာခ်ထားေပးရန္ တူရကီက ဆႏၵရွိေနပါတယ္။

ထို႔ျပင္ အစၥတန္ဘူလ္ရွိ တရားမ၀င္ ေ႐ႊ႕ေျပာင္းေနထိုင္သူ ၄၂,၈၈၈ ဦးကို ျပည္နယ္မ်ားရွိ ေနရပ္ျပန္လည္ပို႔ေဆာင္ေရးစင္တာမ်ားသို႔ ပို႔ေဆာင္ခဲ့ၿပီး၊ ၎တို႔အား ျပန္လည္ပို႔ေဆာင္ျခင္း လုပ္ငန္းစဥ္မ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း အုပ္ခ်ဳပ္ေရးမႉး႐ုံးက ေျပာၾကားခဲ့ပါတယ္။

Linko
အစၥတန္ဘူလ္၊ ႏိုဝင္ဘာ - ၁၆
Ref : middleeastmonitor.com