အစ္စရေးနှင့် မိတ်မဖွဲ့ရန် မွတ်ဆလင်နိုင်ငံများကို အီရန်သမ္မတ သတိပေး

အစ္စရေးနှင့် မိတ်မဖွဲ့ရန် မွတ်ဆလင်နိုင်ငံများကို အီရန်သမ္မတ သတိပေး

အီရန်သမ္မတ ဟက်ဆန်ရိုဟန်နီက  IRINN ရုပ်သံမှ နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ မွတ်စလင်နိုင်ငံများအနေဖြင့်  အစ္စရေးနှင့် မိတ်ဆွေမဖွဲ့ရန် သတိပေးလိုက်ပါတယ်။“အစ္စရေးကို မိတ်ဆွေလို့ သဘောထားတဲ့ မွတ်စလင်နိုင်ငံတွေ မှားပါလိမ့်မယ်။ အစ္စလာမ်အသိုင်းအဝိုင်းနဲ့ ပြည်သူတွေအတွက် အကျိုးစီးပွားကို လုံးဝမစဉ်းစားဘဲ အစ္စလာမ်နိုင်ငံအချို့က အစ္စရေးနဲ့ မိတ်ဖွဲ့ထားကြ ပါတယ်” ဟု ရိုဟန်နီက ပြောကြားပါတယ်။

“အဲဒီနိုင်ငံတွေက အစ္စရေးတို့ရဲ့ ထောက်လှမ်းရေး စွမ်းရည်တွေကို အသုံးချပြီး မွတ်စလင်ပြည်သူတွေနဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို ဟန့်တားနှောက်ယှက်နေပါတယ်” ဟု သူက ပြောပါတယ်။အစ္စရေးအနေဖြင့် အီဂျစ်၊ ဂျော်ဒန်တို့နှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုထားပြီး ဆွန်နီအာရပ်ပင်လယ်ကွေ့ နိုင်ငံများ နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပါတယ်။ အီရန်၏ ရန်လိုသည့် လုပ်ရပ်များအပေါ် စိုးရိမ်မှုကြောင့် အဆိုပါနိုင်ငံများအနေဖြင့် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်မထားသော်လည်း ယင်းကဲ့သို့ ဆက်ဆံရေး ထားရှိခြင်းလည်း ဖြစ်ပါတယ်။

အီရန်အနေဖြင့် မိမိကိုယ်ကို သွေးနာထင်ရောက်နေသည့် ဇီယွန်ဝါဒီနိုင်ငံအား ပါလက်စတိုင်း၊ ဆီးရီးယားနှင့် အီရတ်တို့နှင့်အတူ ရှေ့မှ မားမား မတ်မတ် ဆန့်ကျင်သွားမည်ဖြစ်ကြောင်းနှင့် အမေရိကန်ကိုလည်း လုံးဝမနှစ်သက်ကြောင်း ရိုဟန်နီက ပြောခဲ့ပါတယ်။“အမေရိကန်ဟာ အီရန်ရဲ့ ရန်သူဆိုတာ ပြတ်ပြတ်သားသား လက်ခံထားပါတယ်” ဟု ၎င်းက ပြောပါတယ်။

သမ္မဒေါ်နယ်ထရမ့်က ကမ္ဘာအင်အားကြီးနိုင်ငံများ ပါဝင်ချုပ်ဆိုထားသည့် ၂၀၁၅ ခုနှစ် နျူကလီးယား စာချုပ်မှ ၂၀၁၈ ခုနှစ်၊မေလတွင် နုတ် ထွက်ပြီးနောက် အီရန်နိုင်ငံနှင့် ဆက်ဆံရေး ဆိုးရွားခဲ့ပါတယ်။ အီရန်အနေဖြင့် ၎င်း၏ နျူကလီးယားစက်ရုံများသို့ ကုလသမဂ္ဂ စစ်ဆေးသူများကို လာရောက်ခွင့် ပြုထားဆဲဖြစ်သလို နျူကလီးယား သန့်စင်မှုကိုလည်း လက်နက်ထုတ်နိုင်သည့် ၉၀ ရာခိုင်နှုန်းအထိ လုပ်ဆောင်ခြင်း မရှိသေးပေ။ သို့သော် စာချုပ်တွင် ခွင့်ပြုထားသည့် ၃ ဒသမ ၆၇ ရာခိုင်နှုန်းကို ချိုးဖောက်ကာ ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ သန့်စင်ထားပါတယ်။

မိမိတို့တွင် စုဆောင်းထားသည့် သန့်စင်မှုနိမ့် ယူရေနီယမ် ၅၀၀ ကီလိုဂရမ် (ပေါင် ၁၁၀၀) အထိရှိကြောင်း အီရန် အာဏာပိုင်များက ထုတ်ပြန် ထားပါတယ်။  သဘောတူစာချုပ်တွင် ခွင့်ပြုထားသည့် ပမာဏမှာ ၃၀၀ ကီလိုဂရမ် (၆၆၁ ပေါင်) ဖြစ်ပါတယ်။ စာချုပ်တွင် ကန့်သတ်ထားသည့် အဆင့်မြင့် ဗဟိုခွာစက်ကိုလည်း စတင်အသုံးပြုနေသလို မြေအောက် Fordo စက်ရုံတွင် ယူရေနီယမ်သန့်စင်မှုများကို ပြန်လည်စတင် လုပ်ဆောင်နေပါတယ်။

“ဒီကနေ့အချိန်အခါဟာ ရှီးယိုက်၊ ဆွန်နီ၊ အီရန်စတဲ့ ဘယ်နိုင်ငံကိုမှ စိုးရိမ်နေစရာမလိုပါဘူး။ ကျုပ်တို့အားလုံး စိုးရိမ်ရမှာက ဇီယွန်ဝါဒီတွေပဲ ဖြစ်ပါတယ်” လို့ ရိုဟန်နီက ပြောခဲ့ပါတယ်။

Linko
Ref: timesofisrael.com
တီဟီရန်၊နိုဝင်ဘာ ၁၅

(  Zawgyi  )

 အီရန္သမၼတ ဟက္ဆန္႐ိုဟန္နီက  IRINN ႐ုပ္သံမွ ႏိုဝင္ဘာ ၁၄ ရက္တြင္ ေျပာၾကားခဲ့သည့္ မိန႔္ခြန္း၌ မြတ္စလင္ႏိုင္ငံမ်ားအေနျဖင့္  အစၥေရးႏွင့္ မိတ္ေဆြမဖြဲ႕ရန္ သတိေပးလိုက္ပါတယ္။“အစၥေရးကို မိတ္ေဆြလို႔ သေဘာထားတဲ့ မြတ္စလင္ႏိုင္ငံေတြ မွားပါလိမ့္မယ္။ အစၥလာမ္အသိုင္းအဝိုင္းနဲ႔ ျပည္သူေတြအတြက္ အက်ိဳးစီးပြားကို လုံးဝမစဥ္းစားဘဲ အစၥလာမ္ႏိုင္ငံအခ်ိဳ႕က အစၥေရးနဲ႔ မိတ္ဖြဲ႕ထားၾက ပါတယ္” ဟု ႐ိုဟန္နီက ေျပာၾကားပါတယ္။

“အဲဒီႏိုင္ငံေတြက အစၥေရးတို႔ရဲ႕ ေထာက္လွမ္းေရး စြမ္းရည္ေတြကို အသုံးခ်ၿပီး မြတ္စလင္ျပည္သူေတြနဲ႔ ေတာ္လွန္ေရး လႈပ္ရွားမႈေတြကို ဟန႔္တားေႏွာက္ယွက္ေနပါတယ္” ဟု သူက ေျပာပါတယ္။အစၥေရးအေနျဖင့္ အီဂ်စ္၊ ေဂ်ာ္ဒန္တို႔ႏွင့္ ၿငိမ္းခ်မ္းေရး စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး ဆြန္နီအာရပ္ပင္လယ္ေကြ႕ ႏိုင္ငံမ်ား နဲ႔လည္း ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိေနပါတယ္။ အီရန္၏ ရန္လိုသည့္ လုပ္ရပ္မ်ားအေပၚ စိုးရိမ္မႈေၾကာင့္ အဆိုပါႏိုင္ငံမ်ားအေနျဖင့္ တရားဝင္ သံတမန္ဆက္ဆံေရး ထူေထာင္မထားေသာ္လည္း ယင္းကဲ့သို႔ ဆက္ဆံေရး ထားရွိျခင္းလည္း ျဖစ္ပါတယ္။

အီရန္အေနျဖင့္ မိမိကိုယ္ကို ေသြးနာထင္ေရာက္ေနသည့္ ဇီယြန္ဝါဒီႏိုင္ငံအား ပါလက္စတိုင္း၊ ဆီးရီးယားႏွင့္ အီရတ္တို႔ႏွင့္အတူ ေရွ႕မွ မားမား မတ္မတ္ ဆန႔္က်င္သြားမည္ျဖစ္ေၾကာင္းႏွင့္ အေမရိကန္ကိုလည္း လုံးဝမႏွစ္သက္ေၾကာင္း ႐ိုဟန္နီက ေျပာခဲ့ပါတယ္။“အေမရိကန္ဟာ အီရန္ရဲ႕ ရန္သူဆိုတာ ျပတ္ျပတ္သားသား လက္ခံထားပါတယ္” ဟု ၎က ေျပာပါတယ္။

သမၼေဒၚနယ္ထရမ့္က ကမာၻအင္အားႀကီးႏိုင္ငံမ်ား ပါဝင္ခ်ဳပ္ဆိုထားသည့္ ၂၀၁၅ ခုႏွစ္ န်ဴကလီးယား စာခ်ဳပ္မွ ၂၀၁၈ ခုႏွစ္၊ေမလတြင္ ႏုတ္ ထြက္ၿပီးေနာက္ အီရန္ႏိုင္ငံႏွင့္ ဆက္ဆံေရး ဆိုး႐ြားခဲ့ပါတယ္။ အီရန္အေနျဖင့္ ၎၏ န်ဴကလီးယားစက္႐ုံမ်ားသို႔ ကုလသမဂၢ စစ္ေဆးသူမ်ားကို လာေရာက္ခြင့္ ျပဳထားဆဲျဖစ္သလို န်ဴကလီးယား သန႔္စင္မႈကိုလည္း လက္နက္ထုတ္ႏိုင္သည့္ ၉၀ ရာခိုင္ႏႈန္းအထိ လုပ္ေဆာင္ျခင္း မရွိေသးေပ။ သို႔ေသာ္ စာခ်ဳပ္တြင္ ခြင့္ျပဳထားသည့္ ၃ ဒသမ ၆၇ ရာခိုင္ႏႈန္းကို ခ်ိဳးေဖာက္ကာ ၄ ဒသမ ၅ ရာခိုင္ႏႈန္းအထိ သန႔္စင္ထားပါတယ္။

မိမိတို႔တြင္ စုေဆာင္းထားသည့္ သန႔္စင္မႈနိမ့္ ယူေရနီယမ္ ၅၀၀ ကီလိုဂရမ္ (ေပါင္ ၁၁၀၀) အထိရွိေၾကာင္း အီရန္ အာဏာပိုင္မ်ားက ထုတ္ျပန္ ထားပါတယ္။  သေဘာတူစာခ်ဳပ္တြင္ ခြင့္ျပဳထားသည့္ ပမာဏမွာ ၃၀၀ ကီလိုဂရမ္ (၆၆၁ ေပါင္) ျဖစ္ပါတယ္။ စာခ်ဳပ္တြင္ ကန႔္သတ္ထားသည့္ အဆင့္ျမင့္ ဗဟိုခြာစက္ကိုလည္း စတင္အသုံးျပဳေနသလို ေျမေအာက္ Fordo စက္႐ုံတြင္ ယူေရနီယမ္သန႔္စင္မႈမ်ားကို ျပန္လည္စတင္ လုပ္ေဆာင္ေနပါတယ္။

“ဒီကေန႔အခ်ိန္အခါဟာ ရွီးယိုက္၊ ဆြန္နီ၊ အီရန္စတဲ့ ဘယ္ႏိုင္ငံကိုမွ စိုးရိမ္ေနစရာမလိုပါဘူး။ က်ဳပ္တို႔အားလုံး စိုးရိမ္ရမွာက ဇီယြန္ဝါဒီေတြပဲ ျဖစ္ပါတယ္” လို႔ ႐ိုဟန္နီက ေျပာခဲ့ပါတယ္။

Linko
Ref: timesofisrael.com
တီဟီရန္၊ႏိုဝင္ဘာ ၁၅