အစ္စရေး၏ အနောက်ဖက်ကမ်းအိမ်ရာ အစီအစဉ် နိုင်ငံတကာဥပဒေနှင့် မဆန့်ကျင်ဟု အမေရိကန် ကြေညာ

အစ္စရေး၏ အနောက်ဖက်ကမ်းအိမ်ရာ အစီအစဉ် နိုင်ငံတကာဥပဒေနှင့် မဆန့်ကျင်ဟု အမေရိကန် ကြေညာ

အစ္စရေး၏ အနောက်ဖက်ကမ်းခြေ အိမ်ယာစီမံကိန်းများသည် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်ကြောင်း အမေရိကန်က မသတ်မှတ်တော့ဟု နိုင်ငံခြားရေးဝန်ကြီး နိုဝင်ဘာ ၁၈ ရက်မှာ ပြောကြားလိုက်ရာ အမေရိကန်-ပါလက်စတိုင်း အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ အလား အလာ မှေးမှိန်သွားပါတယ်။

အိုဘားမား အစိုးရလက်ထက်က အဆိုပါကိစ္စရပ်အပေါ် ရပ်တည်ချက်နှင့် ပြောင်းပြန်ဖြစ်သွားခြင်းသည် ပကတိ အခြေအနေမှန် ကြောင့်ဖြစ်‌‌ကြောင်း   ပွန်ပဲယိုက သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားပါတယ်။ “နိုင်ငံတကာ ဥပဒေနဲ့ မညီညွတ်ဘူးဆိုတဲ့ သတ်မှတ်ချက်အပေါ် ကျွန်တော်တို့အနေနဲ့ အသိအမှတ်မပြုတော့ပါဘူး။ မတူညီတဲ့ အခြေအနေ၊ သမိုင်းကြောင်းနဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ အရပ်သားတွေ အခြေချနေထိုင်လာမှုတွေအပေါ် အခြေခံပြီး အခုလို ဆုံးဖြတ်တာ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက ဥပဒေကြောင်းအရ ဆွေးနွေးမှုတွေကို သေသေချာချာလေ့လာပြီး အခုဆုံးဖြတ်ချက်ကို ပြုလု်ပတာပါ” ဟု ပွန်ပဲယိုက ဆိုပါတယ်။

ယခုကြေညာချက်သည် အနောက်ဖက်ကမ်းခြေ၏ အနေအထားနှင့် ပတ်သက်၍ အမေရိကန်အစိုးရက ဝင်ရောက် စွက်ဖက်ဆုံးဖြတ်ပေးသည်ဟု မသတ်မှတ်စေလိုကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။“ဒီကိစ္စက အစ္စရေး၊ ပါလက်စတိုင်းတို့ ဆွေးနွေးရမယ့် ကိစ္စပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောပါတယ်။

ပွန်ပဲယို၏ မှတ်ချက်များသည် ထရမ့်အစိုးရက အစ္စရေးဖက်မှ ထောက်ခံမှုများအနက်မှ နောက်ဆုံးတစ်ခုဖြစ်ပါတယ်။ အစ္စရေး၏ မြို့တော်အား ဂျေရုဆလင်အဖြစ် ၂၀၁၇ ခုနှစ်တွင် သတ်မှတ်ခဲ့ခြင်း၊ အမေရိကန်သံရုံးကို ၂၀၁၈ ခုနှစ်တွင် ဂျေရုဆလင်သို့ ပြောင်းရွှေ့ခဲ့ခြင်းနှင့် ယခုနှစ် မတ်လအတွင်းက ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေး၏ အချုပ်အခြာပိုင်နယ်မြေအဖြစ် သတ်မှတ်ခြင်းတို့ကို အမေရိကန်က အသိအမှတ် ပြုခဲ့ပါတယ်။

ယခုနှစ်အတွင်း ရွေးကောက်ပွဲ နှစ်ကြိမ်ကျင်းပခဲ့သော်လည်း  ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခြင်းမရှိ သေးသဖြင့် နိုင်ငံရေးအရ ရပ်တည်နိုင် ရန် ကြိုးပမ်းနေရသည့်အပြင် ဥပဒေရေးရာ ပြဿနာများနှင့် ရင်ဆိုင် နေရသည့် ဝန်ကြီးချုပ် နေတန်ယာဟုအတွက် အမေရိကန်အစိုးရ၏ ယခုမူဝါဒ အရွှေ့အပြောင်းတစ်ခု ဖြစ်လာပါ တယ်။

အနောက်ဖက်ကမ်းခြေဒေသတွင် အိမ်ယာစီမံကိန်းများ တိုးချဲ့လုပ်ကိုင်မှုကြောင့် အစ္စရေးနှင့် ပါလက်စတိုင်း တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ၂၀၁၄ ခုနှစ်မှာ ရပ်ဆိုင်းသွားခဲ့ပါတယ်။ပါလက်စတိုင်းနယ်မြေများတွင် အစ္စရေးက အိမ်ယာများ တည်ဆောက်ခြင်းသည် နိုင်ငံတကာ ဥပဒေအရတရားမဝင်ကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် အဓိက အဟန့်အတားတစ်ရပ်ဖြစ်နေကြောင်း အရှေ့အ လယ်ပိုင်း ငြိမ်းချမ်းရေးဆိုင်ရာ ကုလသမဂ္ဂအထူး ညှနှိုင်းရေးမှူး နီကိုလေးမလာဒီနော့ဗ်က ပြောပါတယ်။

ပါလက်စတိုင်းဘက်မှ နောက်ဆုံး ထုတ်ပြန်လိုက်သည့် ကိန်းဂဏန်းများအရ အနောက်ဖက်ကမ်းခြေဒေသရှိ အိမ်ယာ ၁၃၅ ခုတွင် နေထိုင်သူ အစ္စရေး ၄ သိန်းခန့်ရှိပြီး တရားမဝင် ကင်းစခန်း ၁၀၀ ရှိကြောင်း ဖော်ပြထားပါတယ်။ ယင်းဒေသတွင် ပါလက်စတိုင်း ၂ ဒသမ ၆ သန်း နေထိုင်ပါတယ်။

Linko
Ref:Xinhuanet.com
ဝါရှင်တန်၊နိုဝင်ဘာ ၁၉

(  Zawgyi  )

 အစၥေရး၏ အေနာက္ဖက္ကမ္းေျခ အိမ္ယာစီမံကိန္းမ်ားသည္ ႏိုင္ငံတကာဥပေဒႏွင့္ ဆန႔္က်င္ေၾကာင္း အေမရိကန္က မသတ္မွတ္ေတာ့ဟု ႏိုင္ငံျခားေရးဝန္ႀကီး ႏိုဝင္ဘာ ၁၈ ရက္မွာ ေျပာၾကားလိုက္ရာ အေမရိကန္-ပါလက္စတိုင္း အနာဂတ္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ား၏ အလား အလာ ေမွးမွိန္သြားပါတယ္။

အိုဘားမား အစိုးရလက္ထက္က အဆိုပါကိစၥရပ္အေပၚ ရပ္တည္ခ်က္ႏွင့္ ေျပာင္းျပန္ျဖစ္သြားျခင္းသည္ ပကတိ အေျခအေနမွန္ ေၾကာင့္ျဖစ္‌‌ေၾကာင္း   ပြန္ပဲယိုက သတင္းစာရွင္းလင္းပြဲ တစ္ခုမွာ ေျပာၾကားပါတယ္။ “ႏိုင္ငံတကာ ဥပေဒနဲ႔ မညီၫြတ္ဘူးဆိုတဲ့ သတ္မွတ္ခ်က္အေပၚ ကြၽန္ေတာ္တို႔အေနနဲ႔ အသိအမွတ္မျပဳေတာ့ပါဘူး။ မတူညီတဲ့ အေျခအေန၊ သမိုင္းေၾကာင္းနဲ႔ အေနာက္ဖက္ ကမ္းေျခေဒသမွာ အရပ္သားေတြ အေျခခ်ေနထိုင္လာမႈေတြအေပၚ အေျခခံၿပီး အခုလို ဆုံးျဖတ္တာ ျဖစ္ပါတယ္။ ႏွစ္ဖက္စလုံးက ဥပေဒေၾကာင္းအရ ေဆြးေႏြးမႈေတြကို ေသေသခ်ာခ်ာေလ့လာၿပီး အခုဆုံးျဖတ္ခ်က္ကို ျပဳလု္ပတာပါ” ဟု ပြန္ပဲယိုက ဆိုပါတယ္။

ယခုေၾကညာခ်က္သည္ အေနာက္ဖက္ကမ္းေျခ၏ အေနအထားႏွင့္ ပတ္သက္၍ အေမရိကန္အစိုးရက ဝင္ေရာက္ စြက္ဖက္ဆုံးျဖတ္ေပးသည္ဟု မသတ္မွတ္ေစလိုေၾကာင္း အေမရိကန္ထိပ္တန္းအရာရွိတစ္ဦးက ေျပာပါတယ္။“ဒီကိစၥက အစၥေရး၊ ပါလက္စတိုင္းတို႔ ေဆြးေႏြးရမယ့္ ကိစၥပဲ ျဖစ္ပါတယ္” ဟု ၎က ေျပာပါတယ္။

ပြန္ပဲယို၏ မွတ္ခ်က္မ်ားသည္ ထရမ့္အစိုးရက အစၥေရးဖက္မွ ေထာက္ခံမႈမ်ားအနက္မွ ေနာက္ဆုံးတစ္ခုျဖစ္ပါတယ္။ အစၥေရး၏ ၿမိဳ႕ေတာ္အား ေဂ်႐ုဆလင္အျဖစ္ ၂၀၁၇ ခုႏွစ္တြင္ သတ္မွတ္ခဲ့ျခင္း၊ အေမရိကန္သံ႐ုံးကို ၂၀၁၈ ခုႏွစ္တြင္ ေဂ်႐ုဆလင္သို႔ ေျပာင္းေ႐ႊ႕ခဲ့ျခင္းႏွင့္ ယခုႏွစ္ မတ္လအတြင္းက ဂိုလန္ကုန္းျမင့္ေဒသကို အစၥေရး၏ အခ်ဳပ္အျခာပိုင္နယ္ေျမအျဖစ္ သတ္မွတ္ျခင္းတို႔ကို အေမရိကန္က အသိအမွတ္ ျပဳခဲ့ပါတယ္။

ယခုႏွစ္အတြင္း ေ႐ြးေကာက္ပြဲ ႏွစ္ႀကိမ္က်င္းပခဲ့ေသာ္လည္း  ၫြန႔္ေပါင္းအစိုးရတစ္ရပ္ ဖြဲ႕စည္းႏိုင္ျခင္းမရွိ ေသးသျဖင့္ ႏိုင္ငံေရးအရ ရပ္တည္ႏိုင္ ရန္ ႀကိဳးပမ္းေနရသည့္အျပင္ ဥပေဒေရးရာ ျပႆနာမ်ားႏွင့္ ရင္ဆိုင္ ေနရသည့္ ဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုအတြက္ အေမရိကန္အစိုးရ၏ ယခုမူဝါဒ အေ႐ႊ႕အေျပာင္းတစ္ခု ျဖစ္လာပါ တယ္။

အေနာက္ဖက္ကမ္းေျခေဒသတြင္ အိမ္ယာစီမံကိန္းမ်ား တိုးခ်ဲ႕လုပ္ကိုင္မႈေၾကာင့္ အစၥေရးႏွင့္ ပါလက္စတိုင္း တို႔၏ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား ၂၀၁၄ ခုႏွစ္မွာ ရပ္ဆိုင္းသြားခဲ့ပါတယ္။ပါလက္စတိုင္းနယ္ေျမမ်ားတြင္ အစၥေရးက အိမ္ယာမ်ား တည္ေဆာက္ျခင္းသည္ ႏိုင္ငံတကာ ဥပေဒအရတရားမဝင္ေၾကာင္းႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ အဓိက အဟန႔္အတားတစ္ရပ္ျဖစ္ေနေၾကာင္း အေရွ႕အ လယ္ပိုင္း ၿငိမ္းခ်မ္းေရးဆိုင္ရာ ကုလသမဂၢအထူး ညႇႏႈိင္းေရးမႉး နီကိုေလးမလာဒီေနာ့ဗ္က ေျပာပါတယ္။

ပါလက္စတိုင္းဘက္မွ ေနာက္ဆုံး ထုတ္ျပန္လိုက္သည့္ ကိန္းဂဏန္းမ်ားအရ အေနာက္ဖက္ကမ္းေျခေဒသရွိ အိမ္ယာ ၁၃၅ ခုတြင္ ေနထိုင္သူ အစၥေရး ၄ သိန္းခန႔္ရွိၿပီး တရားမဝင္ ကင္းစခန္း ၁၀၀ ရွိေၾကာင္း ေဖာ္ျပထားပါတယ္။ ယင္းေဒသတြင္ ပါလက္စတိုင္း ၂ ဒသမ ၆ သန္း ေနထိုင္ပါတယ္။

Linko
Ref:Xinhuanet.com
ဝါရွင္တန္၊ႏိုဝင္ဘာ ၁၉