အန္တရာယ်ရှိသည့် ကစားပွဲ ဆီးရီးယားစစ်ပွဲဖြင့် တူရကီနှင့် ရုရှားတို့ ကစားနေဟု ဆို

အန္တရာယ်ရှိသည့် ကစားပွဲ ဆီးရီးယားစစ်ပွဲဖြင့် တူရကီနှင့် ရုရှားတို့ ကစားနေဟု ဆို

တူရကီသမ္မတ ရီကတ်တေယစ်အာဒိုဂန်နှင့် ရုရှားသမ္မတဗလာဒမာပူတင်တို့အနေဖြင့် ဆီးရီးယား အနောက်မြောက်ပိုင်း အက်ဒလစ် ဒေသတွင် အန္တရာယ်ရှိသည့် ကစားပွဲတစ်ခုကို ကစားနေကြောင်း လေ့လာသုံးသပ်သူများက ဆိုပါတယ်။ ဆီးရီးယားစစ်ပွဲ ကာလ တစ်လျှောက်လုံး ၎င်းတို့နှစ်ဦး ပူးပေါင်းမှုများ ရှိနေသလို သမ္မတအာဒိုဂန်က ဆီးရီးယားသမ္မတ ဘာရှာအာဆတ်အား ဖြုတ်ချနိုင်ရန် လုပ်နေချိန်တွင်  ရုရှားသမ္မတပူတင်ကလည်း အာဆတ်၏ အစိုးရအား စစ်ရေးပံ့ပိုးမှု အများအပြားကို ပေးနေပါတယ်။

အက်ဒလစ်ဒေသတွင် မြင့်တက်လာသည့် တိုက်ပွဲများကြောင့် အခြေအနေများလည်း ပြောင်းလဲလာပါတယ်။ ပြီးခဲ့သည့် သီတင်းပတ် အတွင်း တူရကီစစ်သား ၃၆ ဦးထက်မနည်းကို သေဆုံးစေခဲ့သည့် ဆီးရီးယားတို့၏ ပြင်း ထန်သည့် တိုက်ခိုက်မှုကြောင့် ၂၀၁၈ ခုနှစ်က ဆိုချီမြို့တွင် ရုရှားနှင့် တူရကီတို့ လက်မှတ်ရေးထိုးထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်စီးခဲ့ပါတယ်။

တူရကီက ရုရှားထံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူခြင်းအပါအဝင် ကာကွယ်ရေးနှင့် စွမ်းကဏ္ဍ သဘောတူစာချုပ်များ အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများရှိနေသော်လည်း ဆီးရီးယားတွင် ဖြစ်ပွားသည့် ပြဿနာကြောင့် ဆက်ဆံရေးကို ထိခိုက် လာပြီ ဖြစ်ပါတယ်။

S-400 ပြဿနာကြောင့် အမေရိကန်နှင့် မဟာမိတ်များက မကျေနပ်မှုများ ရှိနေသော်လည်း သမ္မတအာဒိုဂန်က အက်ဒလစ်ဒေသတွင် ဖြစ်ပွားနေသည့် ပြဿနာများတွက် အမေရိကန်အား အကူအညီတောင်းခံမှုသည် ၎င်းအနေဖြင့် ယင်းဒေသတွင်  အသာစီး ပြန်လည် ရရှိရန် ကြိုးပမ်းမှုလည်း ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဆိုပါတယ်။

တူရကီအနေဖြင့် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးထားခြင်းကြောင့် ပိုမိုသီးခြားဆန်လာပြီး အမေရိကန်ထံမှ အကူအညီ ရရှိရန် ခက်ခဲနိုင်ကြောင့် သုံးသပ်မှုများလည်း ရှိနေပါတယ်။

Linko
Ref: Ahval
ဝါရှင်တန်၊ မတ် ၅

(  Zawgyi  )

 တူရကီသမၼတ ရီကတ္ေတယစ္အာဒိုဂန္ႏွင့္ ႐ုရွားသမၼတဗလာဒမာပူတင္တို႔အေနျဖင့္ ဆီးရီးယား အေနာက္ေျမာက္ပိုင္း အက္ဒလစ္ ေဒသတြင္ အႏၲရာယ္ရွိသည့္ ကစားပြဲတစ္ခုကို ကစားေနေၾကာင္း ေလ့လာသုံးသပ္သူမ်ားက ဆိုပါတယ္။ ဆီးရီးယားစစ္ပြဲ ကာလ တစ္ေလွ်ာက္လုံး ၎တို႔ႏွစ္ဦး ပူးေပါင္းမႈမ်ား ရွိေနသလို သမၼတအာဒိုဂန္က ဆီးရီးယားသမၼတ ဘာရွာအာဆတ္အား ျဖဳတ္ခ်ႏိုင္ရန္ လုပ္ေနခ်ိန္တြင္  ႐ုရွားသမၼတပူတင္ကလည္း အာဆတ္၏ အစိုးရအား စစ္ေရးပံ့ပိုးမႈ အမ်ားအျပားကို ေပးေနပါတယ္။

အက္ဒလစ္ေဒသတြင္ ျမင့္တက္လာသည့္ တိုက္ပြဲမ်ားေၾကာင့္ အေျခအေနမ်ားလည္း ေျပာင္းလဲလာပါတယ္။ ၿပီးခဲ့သည့္ သီတင္းပတ္ အတြင္း တူရကီစစ္သား ၃၆ ဦးထက္မနည္းကို ေသဆုံးေစခဲ့သည့္ ဆီးရီးယားတို႔၏ ျပင္း ထန္သည့္ တိုက္ခိုက္မႈေၾကာင့္ ၂၀၁၈ ခုႏွစ္က ဆိုခ်ီၿမိဳ႕တြင္ ႐ုရွားႏွင့္ တူရကီတို႔ လက္မွတ္ေရးထိုးထားသည့္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ပ်က္စီးခဲ့ပါတယ္။

တူရကီက ႐ုရွားထံမွ S-400 ဒုံးက်ည္ကာကြယ္ေရးစနစ္ ဝယ္ယူျခင္းအပါအဝင္ ကာကြယ္ေရးႏွင့္ စြမ္းက႑ သေဘာတူစာခ်ဳပ္မ်ား အတြက္ ႏွစ္ဖက္ပူးေပါင္းေဆာင္႐ြက္မႈမ်ားရွိေနေသာ္လည္း ဆီးရီးယားတြင္ ျဖစ္ပြားသည့္ ျပႆနာေၾကာင့္ ဆက္ဆံေရးကို ထိခိုက္ လာၿပီ ျဖစ္ပါတယ္။

S-400 ျပႆနာေၾကာင့္ အေမရိကန္ႏွင့္ မဟာမိတ္မ်ားက မေက်နပ္မႈမ်ား ရွိေနေသာ္လည္း သမၼတအာဒိုဂန္က အက္ဒလစ္ေဒသတြင္ ျဖစ္ပြားေနသည့္ ျပႆနာမ်ားတြက္ အေမရိကန္အား အကူအညီေတာင္းခံမႈသည္ ၎အေနျဖင့္ ယင္းေဒသတြင္  အသာစီး ျပန္လည္ ရရွိရန္ ႀကိဳးပမ္းမႈလည္း ျဖစ္ေၾကာင္း ေလ့လာသုံးသပ္သူမ်ားက ဆိုပါတယ္။

တူရကီအေနျဖင့္ လြတ္လပ္ေသာ ႏိုင္ငံျခားေရးမူဝါဒကို က်င့္သုံးထားျခင္းေၾကာင့္ ပိုမိုသီးျခားဆန္လာၿပီး အေမရိကန္ထံမွ အကူအညီ ရရွိရန္ ခက္ခဲႏိုင္ေၾကာင့္ သုံးသပ္မႈမ်ားလည္း ရွိေနပါတယ္။

Linko
Ref: Ahval
ဝါရွင္တန္၊ မတ္ ၅