အန်ကောဝတ်ထက်ရှေးကျတဲ့ ကမ္ဘောဒီးယားရှေးမြို့တော်ဟောင်းကို အဆင့်မြင့်လေဆာနည်းစနစ်နဲ့ ပြန်တည်ဆောက်နိုင်ခဲ့

အန်ကောဝတ်ထက်ရှေးကျတဲ့ ကမ္ဘောဒီးယားရှေးမြို့တော်ဟောင်းကို အဆင့်မြင့်လေဆာနည်းစနစ်နဲ့ ပြန်တည်ဆောက်နိုင်ခဲ့

အန်ကောဝတ်ထက်ရှေးကျတဲ့ ကမ္ဘောဒီးယားရှေးမြို့တော်ဟောင်းကို ရှေးဟောင်းသုတေသနပညာရှင်တွေက နောက်ဆုံးပေါ်လေဆာ Mapping နည်းပညာနဲ့ ပြန်လည်တည်ဆာက်နိုင်ခဲ့တယ်လို့ Antiquity ရှေးဟောင်းသုတေသနဂျာနယ်က ဖော်ပြပါတယ်။ Mahendraparvata လို့ဆို စမှတ်ပြုတဲ့ အဲဒီမြို့ဟာ  ၉ ရာစုနဲ့ ၁၅ ရာစုနှစ်အကြား ခမာအင်ပါယာရဲ့ပထမဦးဆုံးသောမြို့တော်ဖြစ်ပြီး၊ ရာစုနှစ်ပေါင်းများစွာ တောအုပ် ထဲပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက Lidar ခေါ် အဆင့်မြင့်လေဆာ Mappingနည်းပညာအသုံးပြုပြီး အဲဒီမြို့ပျက်ကြီးကို ပြန်ပြီးအသက်သွင်းနိုင်ခဲ့တာပါ။  

နောက်ဆုံးပေါ် လေဆာ Mappingစနစ်နဲ့ ရှာဖွေပုံဖော်တဲ့နေရာမှာလည်း တောတောင်ထူထပ်မှု၊ ကုန်းပြင်မြင့်ပေါ်တည်ရှိမှုစတဲ့ ပထဝီမြေ မျက်နှာသွင်ပြင်အခက်အခဲ၊ ၁၉၇၉ ကမ္ဘောဒီးယား-ဗီယက်နမ်စစ်ပွဲအကြွင်းအကျန် မြေမြှုပ်မိုင်းအန္တရာယ်စတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကြောင့် လေယာဉ်အသုံးပြုပြီး ဝေဟင်ထက်ကနေ ခက်ခက်ခဲခဲ တစ်စစီရှာဖွေဖော်ထုတ်ပြီးမှ ပြန်လည်တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လေဆာနည်းပညာနဲ့ Mahendraparvata မြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၂ခုနှစ်မှာ အာရှသုတေသနဆိုင်ရာ ပြင်သစ် အင်စတီကျု မှ ရှေးဟောင်းသုတေသနအဖွဲ့က အစပြုခဲ့တာဖြစ်ပါတယ်။ နည်းပညာနဲ့ ပြန်လည်တည်ဆောက်တဲ့နေရာမှာ အနုစိတ်လေ့လာ စူးစမ်းမှုတွေ လုပ်ခဲ့ရတယ်လို့ အဲဒီအဖွဲ့က ရှင်းပြပါတယ်။

စတုရန်းကီလိုမီတာ ၄၀ မှ ၅၀ ဧရိယာအကျယ်အဝန်း၊ လေးထောင့်ကွက်ပုံစံပုံဖော်ထားတဲ့ Mahendraparvata မြို့မှာ ရှေးဘုရားကျောင်းတွေ၊ အံ့ဖွယ်နန်းတော်ကြီးတွေ၊ ကျောက်သားအတိရုပ်တုကြီးတွေနဲ့ အဆောက်အဦပျက်တွေ တွေ့ရပါတယ်။ တောတောင်ထူထပ်လှပြီး ကုန်းပြင်မြင့် ထက် တည်ထားတဲ့မြို့ဖြစ်တာကြောင့် လူနေဖို့ကြာရှည်မသင့်တော်လို့ ဆယ်စုနှစ်များအတွင်းနောက်ပိုင်းမှာ မြို့တော်ကို တောင်ဘက်
မြေပြန့်လွင်ပြင် (ယခုအန်ကောဝတ်ကျောင်းတော်) ရှိရာနေရာကို ပြောင်းရွှေ့ခဲ့တယ်လို့ ပြင်သစ်ရှေးဟောင်း သုတေသန ပညာရှင်တွေက ယူဆပါတယ်။ Mahendraparvata မြို့ကိုကြည့်ခြင်းအားဖြင့် ဗဟိုစနစ်နဲ့ချုပ်ကိုင်မှု၊ စီမံခန့်ခွဲမှုအတိုင်းအတာတစ်ခုအထိ ပြသနေတယ်လို့လည်း အဲဒီအဖွဲ့က သုံးသပ်ထားပါတယ်။

ရည်မွန်
Ref:independent.ie
ဖနွမ်ပင်၊ အောက်တိုဘာ ၁၇

(   Zawgyi   )

 အန္ေကာဝတ္ထက္ေရွးက်တဲ့ ကေမာၻဒီးယားေရွးၿမိဳ႕ေတာ္ေဟာင္းကို ေရွးေဟာင္းသုေတသနပညာရွင္ေတြက ေနာက္ဆုံးေပၚေလဆာ Mapping နည္းပညာနဲ႔ ျပန္လည္တည္ဆာက္ႏိုင္ခဲ့တယ္လို႔ Antiquity ေရွးေဟာင္းသုေတသနဂ်ာနယ္က ေဖာ္ျပပါတယ္။ Mahendraparvata လို႔ဆို စမွတ္ျပဳတဲ့ အဲဒီၿမိဳ႕ဟာ  ၉ ရာစုနဲ႔ ၁၅ ရာစုႏွစ္အၾကား ခမာအင္ပါယာရဲ႕ပထမဦးဆုံးေသာၿမိဳ႕ေတာ္ျဖစ္ၿပီး၊ ရာစုႏွစ္ေပါင္းမ်ားစြာ ေတာအုပ္ ထဲေပ်ာက္ဆုံးေနခဲ့တာ ျဖစ္ပါတယ္။ အခုအခါမွာေတာ့ သိပၸံပညာရွင္ေတြက Lidar ေခၚ အဆင့္ျမင့္ေလဆာ Mappingနည္းပညာအသုံးျပဳၿပီး အဲဒီၿမိဳ႕ပ်က္ႀကီးကို ျပန္ၿပီးအသက္သြင္းႏိုင္ခဲ့တာပါ။  

ေနာက္ဆုံးေပၚ ေလဆာ Mappingစနစ္နဲ႔ ရွာေဖြပုံေဖာ္တဲ့ေနရာမွာလည္း ေတာေတာင္ထူထပ္မႈ၊ ကုန္းျပင္ျမင့္ေပၚတည္ရွိမႈစတဲ့ ပထဝီေျမ မ်က္ႏွာသြင္ျပင္အခက္အခဲ၊ ၁၉၇၉ ကေမာၻဒီးယား-ဗီယက္နမ္စစ္ပြဲအႂကြင္းအက်န္ ေျမျမႇဳပ္မိုင္းအႏၲရာယ္စတဲ့ အခက္အခဲနဲ႔ စိန္ေခၚမႈေတြေၾကာင့္ ေလယာဥ္အသုံးျပဳၿပီး ေဝဟင္ထက္ကေန ခက္ခက္ခဲခဲ တစ္စစီရွာေဖြေဖာ္ထုတ္ၿပီးမွ ျပန္လည္တည္ေဆာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေလဆာနည္းပညာနဲ႔ Mahendraparvata ၿမိဳ႕ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းကို ၂၀၁၂ခုႏွစ္မွာ အာရွသုေတသနဆိုင္ရာ ျပင္သစ္ အင္စတီက်ဳ မွ ေရွးေဟာင္းသုေတသနအဖြဲ႕က အစျပဳခဲ့တာျဖစ္ပါတယ္။ နည္းပညာနဲ႔ ျပန္လည္တည္ေဆာက္တဲ့ေနရာမွာ အႏုစိတ္ေလ့လာ စူးစမ္းမႈေတြ လုပ္ခဲ့ရတယ္လို႔ အဲဒီအဖြဲ႕က ရွင္းျပပါတယ္။

စတုရန္းကီလိုမီတာ ၄၀ မွ ၅၀ ဧရိယာအက်ယ္အဝန္း၊ ေလးေထာင့္ကြက္ပုံစံပုံေဖာ္ထားတဲ့ Mahendraparvata ၿမိဳ႕မွာ ေရွးဘုရားေက်ာင္းေတြ၊ အံ့ဖြယ္နန္းေတာ္ႀကီးေတြ၊ ေက်ာက္သားအတိ႐ုပ္တုႀကီးေတြနဲ႔ အေဆာက္အဦပ်က္ေတြ ေတြ႕ရပါတယ္။ ေတာေတာင္ထူထပ္လွၿပီး ကုန္းျပင္ျမင့္ ထက္ တည္ထားတဲ့ၿမိဳ႕ျဖစ္တာေၾကာင့္ လူေနဖို႔ၾကာရွည္မသင့္ေတာ္လို႔ ဆယ္စုႏွစ္မ်ားအတြင္းေနာက္ပိုင္းမွာ ၿမိဳ႕ေတာ္ကို ေတာင္ဘက္
ေျမျပန႔္လြင္ျပင္ (ယခုအန္ေကာဝတ္ေက်ာင္းေတာ္) ရွိရာေနရာကို ေျပာင္းေ႐ႊ႕ခဲ့တယ္လို႔ ျပင္သစ္ေရွးေဟာင္း သုေတသန ပညာရွင္ေတြက ယူဆပါတယ္။ Mahendraparvata ၿမိဳ႕ကိုၾကည့္ျခင္းအားျဖင့္ ဗဟိုစနစ္နဲ႔ခ်ဳပ္ကိုင္မႈ၊ စီမံခန႔္ခြဲမႈအတိုင္းအတာတစ္ခုအထိ ျပသေနတယ္လို႔လည္း အဲဒီအဖြဲ႕က သုံးသပ္ထားပါတယ္။

ရည္မြန္
Ref:independent.ie
ဖႏြမ္ပင္၊ ေအာက္တိုဘာ ၁၇