IS အဖွဲ့ ဆီးရီးယားဒုက္ခသည် စခန်းတစ်ခုကို အသုံးပြုကာ အင်အားပြန်လည်တည်ဆောက်နေ

IS အဖွဲ့  ဆီးရီးယားဒုက္ခသည် စခန်းတစ်ခုကို အသုံးပြုကာ အင်အားပြန်လည်တည်ဆောက်နေ

အိုက်စစ်တို့သည် ယခုအခါ ဆီးရီးယားတွင် အင်အားပြန်လည် တည်ဆောက်လျှက်ရှိပြီး ၎င်း၏ ကွန်ရက်များ ပြန်လည်ထူထောင်ရန် သဲကန္တာရနှင့် ဒုက္ခသည်စခန်းကြီးတစ်ခုကိုပါ အသုံးပြုလျှက်ရှိကြောင်းအမေရိကန်အစိုးရရဲ့ နောက်ဆုံးအစီရင်ခံစာတစ်စောင် မှာဖော်ပြထား ပါတယ်။
 
ယခုသီတင်းပတ်အတွင်းထွက်လာသည့် ၃ လတစ်ကြိမ်ထုတ် Lead Inspector General အစီရင်ခံစာတွင် အမေရိကန်တို့ကဆီးရီးယားမှ တပ်ဖွဲ့များ ရုပ်သိမ်းရန် ပြင်ဆင်နေချိန်တွင် အိုက်စစ်တို့ကအင်အားပြန်လည်စုစည်းရန် လုပ်ဆောင်ပုံကိုဖော်ပြထားပါတယ်။ဆီးရီးယား တွင် မတ်လအတွင်းကအိုက်စစ်တို့ အကြီးအကျယ်ရှုူံးနိမ့် သွားသော်လည်း သဲကန္တာရ အတွင်းထွက်ပြေး သွားသူများ၊ အီရတ်နှင့် နယ်စပ်တစ်လျှောက်နေထိုင်သူ များနှင့် ဒုက္ခသည်စခန်းများ၌ နေထိုင်သူများကိုဆက်လက်စည်းရုံးထားနိုင်ခဲ့ပါတယ်။ ယင်းနေရာဒေသများကို ပြဿနာရှိနေဆဲနေရာ များအဖြစ် အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဆီးရီယားတွင် အမေရိကန်၏ အဓိကမဟာမိတ်သည် ဆီးရီးယားဒီမိုကရက်တစ် (SDF) တပ်ဖွဲ့များဖြစ်ပါတယ်။ လွန်ခဲ့သည့် ၄ နှစ် အတွင်း ယင်းဒေသများအားအိုက်စစ်တို့ လက်အောက်မှ လွတ်မြောက်ပြီးနောက် တည်ငြိမ်အောင် လုပ်ဆောင်နိုင်ရန်  အေမေရိကန်တို့က SDF  တပ်ဖွဲ့များကိုကူညီပံ့ပိုးခဲ့ပါတယ်။

အဆိုပါ ကူညီမှုများတွင် လုံခြုံရေးတပ်ဖွဲ့များကိုလေ့ကျင့်ပေးခဲ့သည့် ကဏ္ဍ ၃ ရပ်မှာSDF  တိုက်ခိုက်ရေးအဖွဲ့ များ၊  ဒေသအဆင့် လုံခြုံရေး တပ်ဖွဲ့နှင့် အခြားနယ်မြေအလိုက် လုံခြုံရေးတပ်ဖွဲ့များ ပါဝင်ပါတယ်။ လူဦးရေနည်းပါးသည့် ယင်းနယ်မြေတွင် အမေရိကန်က တပ်ဖွဲ့ဝင် ၁သိန်း ၁သောင်းအထိ ဖွဲ့စည်းပေးဖို့ လုပ်ဆောင်လျှက် ရှိပါတယ်။ ယခုအစီရင်ခံစာအတွက် ပြုစုထားသည့် အချက်အလက်များအရဧပြီမှ ဇွန်လကုန် အထိသေဆုံးသွားသူSDF   တပ်ဖွဲ့ဝင် ၁၃၄ ဦးရှိခဲ့ပါတယ်။ ယင်းကာလအတွင်း တပ်ဖွဲ့ဝင် ၁၆၀၀ ကိုလည်းစုဆောင်းနိုင်ခဲ့ပါတယ်။

ပါဝင်ကူညီရန် မလိုဘဲစီးနင်းတိုက်ခိုက်မှုများ ပြုလုပ်နိုင်မှုအပေါ် SDF  ကိုအမေရိကန်ကချီးမွမ်းထားပါတယ်။ အမေရိကန်က ယင်းတပ်ဖွဲ့ များကို အနိမ့်ဆုံးအနေဖြင့် အေကေ-၄၇ သေနတ်များကိုထောက်ပံ့ထားပါတယ်။ ဆီးရီးယားတွင် လေကြောင်းမှ တိုက်ခိုက်မှုကိုပြီးခဲ့သည့်လအတွင်းက ၂၉ ကြိမ်အထိလျှော့ချခဲ့ပါတယ်။ အိုက်စစ်များနှင့် စစ်ပွဲ ပြင်းထန်စဉ် ကာလအတွင်းကတစ်နေ့တည်း ၂၉ ကြိမ်အထိလေကြောင်းမှ တိုက်ခိုက်ခဲ့ပါတယ်။
    
အိုက်စစ်တို့နှင့် ပတ်သက်၍ အမေရိကန်တို့ အဓိကစိုးရိမ်သည့်အချက်မှာအယ်လ်ဟိုးဒုက္ခသည်စခန်းဖြစ်ပြီးစုစုပေါင်း ၇ သောင်းခန့် နေထိုင် ပါတယ်။ အိုက်စစ်များသည် တပ်ဖွဲ့ဝင်သစ်များကို ယင်းစခန်းမှ စုဆောင်းနေပါတယ်။ အမျိုးသမီးအများစုမှာလည်း အိုက်စစ်ကိုထောက်ခံသူ များဖြစ်ပြီးမကြာသေးမီကထွက်ရှိခဲ့သည့် ဗီဒီယိုတစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့များကိုအနှောက်အယှက်ပေးခြင်း၊ ကလေးများကိုအိုက်စစ် အလံများထောင်ရန် မြှောက်ပေးခြင်းတို့ကိုတွေ့ရှိရပါတယ်။

ယင်းစခန်းများတွင် လုံခြုံရေးတပ်ဖွဲ့များလုံလောက်စွာထားနိုင်ခြင်းမရှိသလိုလူသားချင်းစာနာထောက်ထားရေးကူညီပံ့ပိုးမှု အကူအညီများလည်း လုံလောက်စွာမရှိခြင်းတို့အပေါ် အိုက်စစ်တို့ကအခွင့်အရေးယူလျှက်ရှိပါတယ်။SDF  တို့ကဖမ်းဆီးခဲ့သည့် အိုက်စစ်တပ်ဖွဲ့ဝင် ၂၀၀၀ တွင် ၈၀၀ သည် ဥရောပမှ ဖြစ်ပြီးပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့မှ ရာနှင့်ချီ၍ ပါဝင်ကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဥရောပနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံအတွင်းလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် ပေးထားပြီးဆီးရီးယားသို့ သွားလာခွင့်ပြုသော်လည်း အိုက်စစ်အဖွဲ့ဝင် ၎င်းတို့နိုင်ငံသား များ အား ပြန်လည်လက်ခံဖို့ ငြင်းဆိုထားပါတယ်။

Linko
Ref:jpost.com
ဝါရှင်တန်၊သြဂုတ် ၇

(  Zawgyi  )

 အိုက္စစ္တို႔သည္ ယခုအခါ ဆီးရီးယားတြင္ အင္အားျပန္လည္ တည္ေဆာက္လွ်က္ရွိၿပီး ၎၏ ကြန္ရက္မ်ား ျပန္လည္ထူေထာင္ရန္ သဲကႏၲာရႏွင့္ ဒုကၡသည္စခန္းႀကီးတစ္ခုကိုပါ အသုံးျပဳလွ်က္ရွိေၾကာင္းအေမရိကန္အစိုးရရဲ႕ ေနာက္ဆုံးအစီရင္ခံစာတစ္ေစာင္ မွာေဖာ္ျပထား ပါတယ္။
 
ယခုသီတင္းပတ္အတြင္းထြက္လာသည့္ ၃ လတစ္ႀကိမ္ထုတ္ Lead Inspector General အစီရင္ခံစာတြင္ အေမရိကန္တို႔ကဆီးရီးယားမွ တပ္ဖြဲ႕မ်ား ႐ုပ္သိမ္းရန္ ျပင္ဆင္ေနခ်ိန္တြင္ အိုက္စစ္တို႔ကအင္အားျပန္လည္စုစည္းရန္ လုပ္ေဆာင္ပုံကိုေဖာ္ျပထားပါတယ္။ဆီးရီးယား တြင္ မတ္လအတြင္းကအိုက္စစ္တို႔ အႀကီးအက်ယ္ရႈူံးနိမ့္ သြားေသာ္လည္း သဲကႏၲာရ အတြင္းထြက္ေျပး သြားသူမ်ား၊ အီရတ္ႏွင့္ နယ္စပ္တစ္ေလွ်ာက္ေနထိုင္သူ မ်ားႏွင့္ ဒုကၡသည္စခန္းမ်ား၌ ေနထိုင္သူမ်ားကိုဆက္လက္စည္း႐ုံးထားႏိုင္ခဲ့ပါတယ္။ ယင္းေနရာေဒသမ်ားကို ျပႆနာရွိေနဆဲေနရာ မ်ားအျဖစ္ အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။

ဆီးရီယားတြင္ အေမရိကန္၏ အဓိကမဟာမိတ္သည္ ဆီးရီးယားဒီမိုကရက္တစ္ (SDF) တပ္ဖြဲ႕မ်ားျဖစ္ပါတယ္။ လြန္ခဲ့သည့္ ၄ ႏွစ္ အတြင္း ယင္းေဒသမ်ားအားအိုက္စစ္တို႔ လက္ေအာက္မွ လြတ္ေျမာက္ၿပီးေနာက္ တည္ၿငိမ္ေအာင္ လုပ္ေဆာင္ႏိုင္ရန္  ေအေမရိကန္တို႔က SDF  တပ္ဖြဲ႕မ်ားကိုကူညီပံ့ပိုးခဲ့ပါတယ္။

အဆိုပါ ကူညီမႈမ်ားတြင္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားကိုေလ့က်င့္ေပးခဲ့သည့္ က႑ ၃ ရပ္မွာSDF  တိုက္ခိုက္ေရးအဖြဲ႕ မ်ား၊  ေဒသအဆင့္ လုံၿခဳံေရး တပ္ဖြဲ႕ႏွင့္ အျခားနယ္ေျမအလိုက္ လုံၿခဳံေရးတပ္ဖြဲ႕မ်ား ပါဝင္ပါတယ္။ လူဦးေရနည္းပါးသည့္ ယင္းနယ္ေျမတြင္ အေမရိကန္က တပ္ဖြဲ႕ဝင္ ၁သိန္း ၁ေသာင္းအထိ ဖြဲ႕စည္းေပးဖို႔ လုပ္ေဆာင္လွ်က္ ရွိပါတယ္။ ယခုအစီရင္ခံစာအတြက္ ျပဳစုထားသည့္ အခ်က္အလက္မ်ားအရဧၿပီမွ ဇြန္လကုန္ အထိေသဆုံးသြားသူSDF   တပ္ဖြဲ႕ဝင္ ၁၃၄ ဦးရွိခဲ့ပါတယ္။ ယင္းကာလအတြင္း တပ္ဖြဲ႕ဝင္ ၁၆၀၀ ကိုလည္းစုေဆာင္းႏိုင္ခဲ့ပါတယ္။

ပါဝင္ကူညီရန္ မလိုဘဲစီးနင္းတိုက္ခိုက္မႈမ်ား ျပဳလုပ္ႏိုင္မႈအေပၚ SDF  ကိုအေမရိကန္ကခ်ီးမြမ္းထားပါတယ္။ အေမရိကန္က ယင္းတပ္ဖြဲ႕ မ်ားကို အနိမ့္ဆုံးအေနျဖင့္ ေအေက-၄၇ ေသနတ္မ်ားကိုေထာက္ပံ့ထားပါတယ္။ ဆီးရီးယားတြင္ ေလေၾကာင္းမွ တိုက္ခိုက္မႈကိုၿပီးခဲ့သည့္လအတြင္းက ၂၉ ႀကိမ္အထိေလွ်ာ့ခ်ခဲ့ပါတယ္။ အိုက္စစ္မ်ားႏွင့္ စစ္ပြဲ ျပင္းထန္စဥ္ ကာလအတြင္းကတစ္ေန႔တည္း ၂၉ ႀကိမ္အထိေလေၾကာင္းမွ တိုက္ခိုက္ခဲ့ပါတယ္။
    
အိုက္စစ္တို႔ႏွင့္ ပတ္သက္၍ အေမရိကန္တို႔ အဓိကစိုးရိမ္သည့္အခ်က္မွာအယ္လ္ဟိုးဒုကၡသည္စခန္းျဖစ္ၿပီးစုစုေပါင္း ၇ ေသာင္းခန႔္ ေနထိုင္ ပါတယ္။ အိုက္စစ္မ်ားသည္ တပ္ဖြဲ႕ဝင္သစ္မ်ားကို ယင္းစခန္းမွ စုေဆာင္းေနပါတယ္။ အမ်ိဳးသမီးအမ်ားစုမွာလည္း အိုက္စစ္ကိုေထာက္ခံသူ မ်ားျဖစ္ၿပီးမၾကာေသးမီကထြက္ရွိခဲ့သည့္ ဗီဒီယိုတစ္ခုတြင္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားကိုအေႏွာက္အယွက္ေပးျခင္း၊ ကေလးမ်ားကိုအိုက္စစ္ အလံမ်ားေထာင္ရန္ ေျမႇာက္ေပးျခင္းတို႔ကိုေတြ႕ရွိရပါတယ္။

ယင္းစခန္းမ်ားတြင္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားလုံေလာက္စြာထားႏိုင္ျခင္းမရွိသလိုလူသားခ်င္းစာနာေထာက္ထားေရးကူညီပံ့ပိုးမႈ အကူအညီမ်ားလည္း လုံေလာက္စြာမရွိျခင္းတို႔အေပၚ အိုက္စစ္တို႔ကအခြင့္အေရးယူလွ်က္ရွိပါတယ္။SDF  တို႔ကဖမ္းဆီးခဲ့သည့္ အိုက္စစ္တပ္ဖြဲ႕ဝင္ ၂၀၀၀ တြင္ ၈၀၀ သည္ ဥေရာပမွ ျဖစ္ၿပီးျပင္သစ္၊ ဂ်ာမနီႏွင့္ ၿဗိတိန္တို႔မွ ရာႏွင့္ခ်ီ၍ ပါဝင္ေၾကာင္း အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။ ဥေရာပႏိုင္ငံမ်ားအေနျဖင့္ ၎တို႔ႏိုင္ငံအတြင္းလြတ္လပ္စြာယုံၾကည္ကိုးကြယ္ခြင့္ ေပးထားၿပီးဆီးရီးယားသို႔ သြားလာခြင့္ျပဳေသာ္လည္း အိုက္စစ္အဖြဲ႕ဝင္ ၎တို႔ႏိုင္ငံသား မ်ား အား ျပန္လည္လက္ခံဖို႔ ျငင္းဆိုထားပါတယ္။

Linko
Ref:jpost.com
ဝါရွင္တန္၊ၾသဂုတ္ ၇