အမေရိကန်က ဆော်ဒီမှာတပ်ဖြန့်ဖို့ လေကြောင်းကာကွယ်ရေးစနစ်တွေ စတင်စေလွှတ်

အမေရိကန်က ဆော်ဒီမှာတပ်ဖြန့်ဖို့ လေကြောင်းကာကွယ်ရေးစနစ်တွေ စတင်စေလွှတ်

ပင်တဂွန်က စက်တင်ဘာ ၂၆ ရက်နေ့မှာ ဆော်ဒီမှာ တပ်ဖြန့်ဖို့ Patriot ဒုံးကျည်တပ်ခွဲတစ်ခုနဲ့ မြေပြင်အခြေစိုက် ရေဒါစနစ် ၄ ခု စေလွှတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

ဆော်ဒီ အဓိကရေနံချက်စက်ရုံနဲ့ ရေနံလုပ်ကွက်တွေ တိုက်ခိုက်ခံရအပြီးမှာ အီရန်ကို လက်တုံ့ပြန်မယ့် နည်းလမ်းထက် ဒေသတွင်း လုံခြုံရေးတပ် အင်အားဖြည့်ကာကွယ်တဲ့ နည်းလမ်းကို အမေရိကန်သမ္မတက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ လိုအပ်ရင် နောက်ထပ် Patriot ဒုံးတပ်ခွဲ ၂ ခုနဲ့ THAAD ဒုံးခွင်းစနစ်တစ်ခု ထပ်မံအင်အားဖြည့်ဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ဒီအတွက် တပ်သားအင်အား ၂၀၀ ပါဝင်မယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၄ ရက် အီရန် တိုက်ခိုက်မှုနဲ့ စပ်လျဉ်းပြီး အမေရိကန်စစ်တပ်နဲ့ ကာကွယ်ရေးအကြီးအကဲတွေက ဆော်ဒီကို တပ်ကူပေးဖို့ နည်းလမ်းရှာခဲ့တာပါ။သမ္မတ ဒေါ်နယ်လ်ထရမ့် ကလည်း စက်တင်ဘာ ၂၀ ရက်နေ့မှာ အီရန်ကို စစ်ရေးနဲ့တုံ့ပြန်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး၊ ဆော်ဒီနဲ့ ဒေသတွင်း လုံခြုံရေးတိုးမြှင့်ဖို့ နည်းလမ်းကို အတည်ပြုပေးခဲ့ပါတယ်။စိတ်ရှည်သည်းခံမှုနဲ့ အခြေအနေကိုထိန်းတာဟာ တိုက်ခိုက်တာထက် အင်အားသာလွန်ကြောင်းပြတဲ့ သဘောဆောင်တယ်လို့လည်း သမ္မတ ထရမ့် က သူ့ရဲ့ သဘောထားကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အမေရိကန် စေလွှတ်တဲ့ Patriot ဒုံးတပ်ခွဲနဲ့ Sentinel ရေဒါစနစ် ၄ ခုကို ဆော်ဒီမြောက်ပိုင်းမှာ တပ်ဖြန့်ထားမယ်လို့ သိရပါတယ်။လက်ရှိ ဆော်ဒီမှာရှိနေတဲ့ Patriot တပ်ခွဲတွေနဲ့ ကာကွယ်ရေးစနစ်တွေကတော့ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ယီမင် ဟူသီရန်က ကာကွယ်နိုင်အောင် တောင်ပိုင်းမှာ တပ်ဖြန့်ထားပါတယ်။
ဟူသီသူပုန်တွေက ဆော်ဒီကို နေ့တိုင်းနီးပါးဆိုသလို တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စ်ပါ ကတော့ ဆော်ဒီ လုံခြုံရေးတိုးမြှင့်တဲ့ကိစ္စ ပထမခြေလှမ်းသာဖြစ်ပြီး၊ သူ့အနေနဲ့ နောက်ထပ်အရေးယူနိုင်မယ့် နည်းလမ်းတွေကို ထည့်မတွက်တာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဆော်ဒီ ရေနံတွင်း တိုက်ခိုက်ခံရမှုမှာ အီရန် လက်ချက်လို့ အမေရိကန် စွပ်စွဲပေမဲ့ ခုချိန်ထိ သက်သေအထောက်အထား အခိုင်အမာထုတ်ပေးတာမျိုး မရှိသေးပါဘူး။

အီရန်ကတော့ အဲဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တာမရှိဘူးလို့ပဲ ငြင်းဆိုပြီး၊ အမေရိကန်ဘက်က တိုက်ခိုက်လာပြီဆိုရင် မဆိုင်းမတွ လက်တုံ့ပြန်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။

ရည်မွန်
ဝါရှင်တန်၊ စက်တင်ဘာ - ၂၇
Ref : CGTN

( Zawgyi )

ပင္တဂြန္က စက္တင္ဘာ ၂၆ ရက္ေန႔မွာ ေဆာ္ဒီမွာ တပ္ျဖန႔္ဖို႔ Patriot ဒုံးက်ည္တပ္ခြဲတစ္ခုနဲ႔ ေျမျပင္အေျခစိုက္ ေရဒါစနစ္ ၄ ခု ေစလႊတ္လိုက္ၿပီျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာပါတယ္။

ေဆာ္ဒီ အဓိကေရနံခ်က္စက္႐ုံနဲ႔ ေရနံလုပ္ကြက္ေတြ တိုက္ခိုက္ခံရအၿပီးမွာ အီရန္ကို လက္တုံ႔ျပန္မယ့္ နည္းလမ္းထက္ ေဒသတြင္း လုံၿခဳံေရးတပ္ အင္အားျဖည့္ကာကြယ္တဲ့ နည္းလမ္းကို အေမရိကန္သမၼတက ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

အေမရိကန္အေနနဲ႔ လိုအပ္ရင္ ေနာက္ထပ္ Patriot ဒုံးတပ္ခြဲ ၂ ခုနဲ႔ THAAD ဒုံးခြင္းစနစ္တစ္ခု ထပ္မံအင္အားျဖည့္ဖို႔အတြက္လည္း ျပင္ဆင္ေနတယ္လို႔ ေျပာပါတယ္။ဒီအတြက္ တပ္သားအင္အား ၂၀၀ ပါဝင္မယ္လို႔ သိရပါတယ္။

စက္တင္ဘာ ၁၄ ရက္ အီရန္ တိုက္ခိုက္မႈနဲ႔ စပ္လ်ဥ္းၿပီး အေမရိကန္စစ္တပ္နဲ႔ ကာကြယ္ေရးအႀကီးအကဲေတြက ေဆာ္ဒီကို တပ္ကူေပးဖို႔ နည္းလမ္းရွာခဲ့တာပါ။သမၼတ ေဒၚနယ္လ္ထရမ့္ ကလည္း စက္တင္ဘာ ၂၀ ရက္ေန႔မွာ အီရန္ကို စစ္ေရးနဲ႔တုံ႔ျပန္မယ့္ အစီအစဥ္ကို ေ႐ႊ႕ဆိုင္းလိုက္ၿပီး၊ ေဆာ္ဒီနဲ႔ ေဒသတြင္း လုံၿခဳံေရးတိုးျမႇင့္ဖို႔ နည္းလမ္းကို အတည္ျပဳေပးခဲ့ပါတယ္။စိတ္ရွည္သည္းခံမႈနဲ႔ အေျခအေနကိုထိန္းတာဟာ တိုက္ခိုက္တာထက္ အင္အားသာလြန္ေၾကာင္းျပတဲ့ သေဘာေဆာင္တယ္လို႔လည္း သမၼတ ထရမ့္ က သူ႔ရဲ႕ သေဘာထားကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ ေစလႊတ္တဲ့ Patriot ဒုံးတပ္ခြဲနဲ႔ Sentinel ေရဒါစနစ္ ၄ ခုကို ေဆာ္ဒီေျမာက္ပိုင္းမွာ တပ္ျဖန႔္ထားမယ္လို႔ သိရပါတယ္။လက္ရွိ ေဆာ္ဒီမွာရွိေနတဲ့ Patriot တပ္ခြဲေတြနဲ႔ ကာကြယ္ေရးစနစ္ေတြကေတာ့ အီရန္ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ယီမင္ ဟူသီရန္က ကာကြယ္ႏိုင္ေအာင္ ေတာင္ပိုင္းမွာ တပ္ျဖန႔္ထားပါတယ္။
ဟူသီသူပုန္ေတြက ေဆာ္ဒီကို ေန႔တိုင္းနီးပါးဆိုသလို တိုက္ခိုက္ေနတယ္လို႔လည္း သိရပါတယ္။

အေမရိကန္ ကာကြယ္ေရးဝန္ႀကီး မက္ခ္အက္စ္ပါ ကေတာ့ ေဆာ္ဒီ လုံၿခဳံေရးတိုးျမႇင့္တဲ့ကိစၥ ပထမေျခလွမ္းသာျဖစ္ၿပီး၊ သူ႔အေနနဲ႔ ေနာက္ထပ္အေရးယူႏိုင္မယ့္ နည္းလမ္းေတြကို ထည့္မတြက္တာမဟုတ္ဘူးလို႔ ဆိုပါတယ္။

ေဆာ္ဒီ ေရနံတြင္း တိုက္ခိုက္ခံရမႈမွာ အီရန္ လက္ခ်က္လို႔ အေမရိကန္ စြပ္စြဲေပမဲ့ ခုခ်ိန္ထိ သက္ေသအေထာက္အထား အခိုင္အမာထုတ္ေပးတာမ်ိဳး မရွိေသးပါဘူး။

အီရန္ကေတာ့ အဲဒီတိုက္ခိုက္မႈမွာ ပါဝင္ပတ္သက္တာမရွိဘူးလို႔ပဲ ျငင္းဆိုၿပီး၊ အေမရိကန္ဘက္က တိုက္ခိုက္လာၿပီဆိုရင္ မဆိုင္းမတြ လက္တုံ႔ျပန္ရလိမ့္မယ္လို႔ သတိေပးထားပါတယ္။

ရည္မြန္
ဝါရွင္တန္၊ စက္တင္ဘာ - ၂၇
Ref : CGTN