အမေရိကန်စစ်လေယာဉ် တရုတ်ရေတပ်ဖျက်သင်္ဘောမှ လေဆာ ထိမှန်

အမေရိကန်စစ်လေယာဉ် တရုတ်ရေတပ်ဖျက်သင်္ဘောမှ လေဆာ ထိမှန်

အမေရိကန်ရေတပ်၏ P-8A Poseidon စစ်လေယာဉ်တစ်စင်းသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း နိုင်ငံတကာရေပိုင်နက်အတွင်း ပျံသန်းနေစဉ် တရုတ်ရေတပ်၏ ဖျက်သင်္ဘောမှ ပစ်ခတ်လိုက်သည့် လေဆာဖြင့် ထိမှန်ခဲ့ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

P-8A Poseidon သည် ဂူအမ်ကျွန်းအနောက်ဖက် မိုင် ၃၈၀ ခန့်အကွာခန့်တွင် လေဆာဖြင့် ပစ်ခတ်ခံရခြင်းကို လေယာဉ်၏ ဆင်ဆာ ပေါ်တွင် ပြခဲ့ကြောင်း အမေရိကန်ပစိဖိတ်စစ်ရေယာဉ်အုပ်စု၏ ဌာနမှ ဖေဖော်ဝါရီ ၂၇ ရက်က ထုတ်ပြန်ခဲ့သည့် အစီအရင်ခံစာတွင် ရေးသားထားပါတယ်။

 Type 052D တရုတ်စစ်သင်္ဘော၏ လုပ်ရပ်သည် မလုပ်သင့်သင်သည့် အန္တရာယ်ပေးမှုတစ်ခုဖြစ်ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်အမျိုးသားကာကွယ်ဝန်ကြီးဌာနတို့အကြား ရေးထိုးထားသည့် ပင်လယ်ရေကြောင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု အမေရိကန်ပစိဖိတ် စစ်ရေယာဉ်အုပ်စုက ပြောကြားပါတယ်။

“လက်နက်အဆင့်ရှိတဲ့ လေဆာတွေဟာ လေတပ်သား၊ ရေတပ်သားတွေအပြင် သင်္ဘောနဲ့ လေယာဉ်တွေက စနစ်တွေကိုလည်း ထိခိုက် စေပါတယ်” ဟု ဖော်ပြထားပါတယ်။ Posideon စစ်လေယာဉ်သည် သင်္ဘောဖျက် AGM-84D Harpoon နှင့် Mark 54 အပေါ့စား တိုပီဒိုများကို တပ်ဆင်နိုင်ပြီး ထောင်လှမ်းရေး လုပ်ငန်းများအတွက် အသုံးပြုပါတယ်။ အီရန်ကဲ့သို့သော နိုင်ငံများက အဆိုပါ လေယာဉ် အန္တရာယ်ရှိသည့် အမျိုးအစားစု သတ်မှတ်ထားပါတယ်။

Linko
Ref: Sputnik News
နယူးယောက်၊ ဖေဖေါ်ဝါရီ ၂၈

(  Zawgyi  )

အေမရိကန္ေရတပ္၏ P-8A Poseidon စစ္ေလယာဥ္တစ္စင္းသည္ ၿပီးခဲ့သည့္ သီတင္းပတ္အတြင္း ႏိုင္ငံတကာေရပိုင္နက္အတြင္း ပ်ံသန္းေနစဥ္ တ႐ုတ္ေရတပ္၏ ဖ်က္သေဘၤာမွ ပစ္ခတ္လိုက္သည့္ ေလဆာျဖင့္ ထိမွန္ခဲ့ေၾကာင္း အေမရိကန္ေရတပ္က ထုတ္ျပန္ခဲ့ပါတယ္။

P-8A Poseidon သည္ ဂူအမ္ကြၽန္းအေနာက္ဖက္ မိုင္ ၃၈၀ ခန႔္အကြာခန႔္တြင္ ေလဆာျဖင့္ ပစ္ခတ္ခံရျခင္းကို ေလယာဥ္၏ ဆင္ဆာ ေပၚတြင္ ျပခဲ့ေၾကာင္း အေမရိကန္ပစိဖိတ္စစ္ေရယာဥ္အုပ္စု၏ ဌာနမွ ေဖေဖာ္ဝါရီ ၂၇ ရက္က ထုတ္ျပန္ခဲ့သည့္ အစီအရင္ခံစာတြင္ ေရးသားထားပါတယ္။

 Type 052D တ႐ုတ္စစ္သေဘၤာ၏ လုပ္ရပ္သည္ မလုပ္သင့္သင္သည့္ အႏၲရာယ္ေပးမႈတစ္ခုျဖစ္ေၾကာင္း အေမရိကန္ေရတပ္က ထုတ္ျပန္ပါတယ္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနႏွင့္ တ႐ုတ္အမ်ိဳးသားကာကြယ္ဝန္ႀကီးဌာနတို႔အၾကား ေရးထိုးထားသည့္ ပင္လယ္ေရေၾကာင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို ခ်ိဳးေဖာက္ျခင္း ျဖစ္သည္ဟု အေမရိကန္ပစိဖိတ္ စစ္ေရယာဥ္အုပ္စုက ေျပာၾကားပါတယ္။

“လက္နက္အဆင့္ရွိတဲ့ ေလဆာေတြဟာ ေလတပ္သား၊ ေရတပ္သားေတြအျပင္ သေဘၤာနဲ႔ ေလယာဥ္ေတြက စနစ္ေတြကိုလည္း ထိခိုက္ ေစပါတယ္” ဟု ေဖာ္ျပထားပါတယ္။ Posideon စစ္ေလယာဥ္သည္ သေဘၤာဖ်က္ AGM-84D Harpoon ႏွင့္ Mark 54 အေပါ့စား တိုပီဒိုမ်ားကို တပ္ဆင္ႏိုင္ၿပီး ေထာင္လွမ္းေရး လုပ္ငန္းမ်ားအတြက္ အသုံးျပဳပါတယ္။ အီရန္ကဲ့သို႔ေသာ ႏိုင္ငံမ်ားက အဆိုပါ ေလယာဥ္ အႏၲရာယ္ရွိသည့္ အမ်ိဳးအစားစု သတ္မွတ္ထားပါတယ္။

Linko
Ref: Sputnik News
နယူးေယာက္၊ ေဖေဖၚဝါရီ ၂၈