အမေရိကန်နှင့် ကနေဒါတွင် လူသန်း ၁၀၀ ကျော်တို့၏ ကိုယ်ရေးအချက်အလက်များ ခိုးယူခံခဲ့ရ

အမေရိကန်နှင့် ကနေဒါတွင် လူသန်း ၁၀၀ ကျော်တို့၏ ကိုယ်ရေးအချက်အလက်များ ခိုးယူခံခဲ့ရ

အမေရိကန်မှ လူသန်း ၁၀၀ ခန့်နှင့် ကနေဒါမှ ၆ သန်းတို့၏ အမည်နှင့် နေရပ်လိပ်စာများ အပါအဝင် ကိုယ်ရေးအချက်အလက်များကို ဖမ်းမိထားသည့် ဟက်ကာတစ်ဦးက ခိုးယူခဲ့ကြောင်း ဗာဂျီးနီးယားပြည်နယ် အခြေစိုက် Capital One Financial Corp (COF.N) ဘဏ်လုပ်ငန်းကုမ္ပဏီက ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဆီတဲလ်မြို့တော်ရှိ နည်းပညာကုမ္ပဏီတစ်ခုမှ အသက် ၃၃ နှစ်အရွယ် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ပိုင်ဂေးသွန်ဆမ် အမည်ရှိသည့် သံသယတရားခံ အမျိုးသမီးကို ဇူလိုင် ၂၉ ရက်က အဆိုပါမြို့ရှိ အမေရိကန်ခရိုင် တရားရုံးတွင် ပထမဆုံးအကြိမ် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဆီတဲလ်မြို့ရှိ ဝါရှင်တန် အနောက်ပိုင်းခရိုင်တရားရုံး၌ စွဲဆိုခဲ့သည့် အဆိုပါအမှုအပေါ် စစ်ဆေးမှုအရ သွန်ဆမ် သည် ကုဒ်ထည့်သွင်းသည့် GitHub တွင် သူမခိုးယူုထားသည့် အချက်အလက်များကို ထည့်ခဲ့ကြောင်း ဖော်ပြထားပါတယ်။Capital One ၏ ဖောက်သည်တစ်ဦးက ယင်းခိုးယူထားသည့် အချက်အလက်များကို တွေ့ရှိခဲ့ပြီး ကုမ္ပဏီသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ပါတယ်။သွန်ဆမ် တင်ထားသည့် အချက်အလက်အလက်များတွင် ဒစ်ဂျစ်တယ်လိပ်စာ အစိတ်အပိုင်းတစ်ခုအဖြစ် သူမ၏ အမည်အပြည့်အစုံ ပါဝင်ကြောင်းကို စုံစမ်းရေးအရာရှိများက တွေ့ရှိခဲ့ကြောင်း အမှုဖွင့်တိုင်ကြားသူက ပြောပါတယ်။ယင်းကဲ့သို့ အချက်အလက်များ ခိုးယူမှုကို ကုမ္ပဏီက ဇူလိုင် ၁၉ ရက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

သွန်ဆမ် အနေဖြင့် မည်သည့်ရည်ရွယ်ချက်ကြောင့် ယခုကဲ့သို့ ခိုးယူခြင်းဖြစ်သည်ကို မသိရှိရသေးကြောင်း ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယခုဖြစ်စဉ်ကြောင့် ဖောက်သည်များကို အကြောင်းကြားခြင်း၊ ဘဏ်စာရင်း စစ်ဆေးခြင်းနှင့် ဥပဒေပိုင်းအရ ဆောင်ရွက်ရမှာတွေအတွက် ယခုနှစ်အတွင်းမှာ ကုန်ကျစရိတ် ဒေါ်လာသန်း ၁၀၀ မှ သန်း ၁၅၀ အထိ ရှိမယ်လို့ ကုမ္ပဏီက ခန့်မှန်းထားပါတယ်။

Linko
Ref : uk.reuters.com
နယူးယောက်၊ ဇူလိုင် - ၃၀

( Zawgyi )

အေမရိကန္မွ လူသန္း ၁၀၀ ခန႔္ႏွင့္ ကေနဒါမွ ၆ သန္းတို႔၏ အမည္ႏွင့္ ေနရပ္လိပ္စာမ်ား အပါအဝင္ ကိုယ္ေရးအခ်က္အလက္မ်ားကို ဖမ္းမိထားသည့္ ဟက္ကာတစ္ဦးက ခိုးယူခဲ့ေၾကာင္း ဗာဂ်ီးနီးယားျပည္နယ္ အေျခစိုက္ Capital One Financial Corp (COF.N) ဘဏ္လုပ္ငန္းကုမၸဏီက ဇူလိုင္ ၂၉ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

ဆီတဲလ္ၿမိဳ႕ေတာ္ရွိ နည္းပညာကုမၸဏီတစ္ခုမွ အသက္ ၃၃ ႏွစ္အ႐ြယ္ ေဆာ့ဖ္ဝဲအင္ဂ်င္နီယာတစ္ဦးျဖစ္ၿပီး ပိုင္ေဂးသြန္ဆမ္ အမည္ရွိသည့္ သံသယတရားခံ အမ်ိဳးသမီးကို ဇူလိုင္ ၂၉ ရက္က အဆိုပါၿမိဳ႕ရွိ အေမရိကန္ခ႐ိုင္ တရား႐ုံးတြင္ ပထမဆုံးအႀကိမ္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း ေရွ႕ေနခ်ဳပ္႐ုံးက ထုတ္ျပန္ပါတယ္။

ဆီတဲလ္ၿမိဳ႕ရွိ ဝါရွင္တန္ အေနာက္ပိုင္းခ႐ိုင္တရား႐ုံး၌ စြဲဆိုခဲ့သည့္ အဆိုပါအမႈအေပၚ စစ္ေဆးမႈအရ သြန္ဆမ္ သည္ ကုဒ္ထည့္သြင္းသည့္ GitHub တြင္ သူမခိုးယူုထားသည့္ အခ်က္အလက္မ်ားကို ထည့္ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။Capital One ၏ ေဖာက္သည္တစ္ဦးက ယင္းခိုးယူထားသည့္ အခ်က္အလက္မ်ားကို ေတြ႕ရွိခဲ့ၿပီး ကုမၸဏီသို႔ အေၾကာင္းၾကားခဲ့ျခင္း ျဖစ္ပါတယ္။သြန္ဆမ္ တင္ထားသည့္ အခ်က္အလက္အလက္မ်ားတြင္ ဒစ္ဂ်စ္တယ္လိပ္စာ အစိတ္အပိုင္းတစ္ခုအျဖစ္ သူမ၏ အမည္အျပည့္အစုံ ပါဝင္ေၾကာင္းကို စုံစမ္းေရးအရာရွိမ်ားက ေတြ႕ရွိခဲ့ေၾကာင္း အမႈဖြင့္တိုင္ၾကားသူက ေျပာပါတယ္။ယင္းကဲ့သို႔ အခ်က္အလက္မ်ား ခိုးယူမႈကို ကုမၸဏီက ဇူလိုင္ ၁၉ ရက္တြင္ ေတြ႕ရွိခဲ့ျခင္း ျဖစ္ပါတယ္။

သြန္ဆမ္ အေနျဖင့္ မည္သည့္ရည္႐ြယ္ခ်က္ေၾကာင့္ ယခုကဲ့သို႔ ခိုးယူျခင္းျဖစ္သည္ကို မသိရွိရေသးေၾကာင္း ေရွ႕ေနခ်ဳပ္႐ုံးမွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ယခုျဖစ္စဥ္ေၾကာင့္ ေဖာက္သည္မ်ားကို အေၾကာင္းၾကားျခင္း၊ ဘဏ္စာရင္း စစ္ေဆးျခင္းႏွင့္ ဥပေဒပိုင္းအရ ေဆာင္႐ြက္ရမွာေတြအတြက္ ယခုႏွစ္အတြင္းမွာ ကုန္က်စရိတ္ ေဒၚလာသန္း ၁၀၀ မွ သန္း ၁၅၀ အထိ ရွိမယ္လို႔ ကုမၸဏီက ခန႔္မွန္းထားပါတယ္။

Linko
Ref : uk.reuters.com
နယူးေယာက္၊ ဇူလိုင္ - ၃၀