အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးမည့် အေပက်ထိပ်သီးအစည်းအဝေး လက်ခံကျင်းပရန် ချီလီ ဖျက်သိမ်း

အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးမည့် အေပက်ထိပ်သီးအစည်းအဝေး လက်ခံကျင်းပရန် ချီလီ ဖျက်သိမ်း

ကမ္ဘာနိုင်ငံပေါင်း ၂၀ မှ ခေါင်းဆောင်များ တက်ရောက်မည့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (အေပက်) ကို ချီလီနိုင်ငံ၊ ဆန်တေဂိုမြို့တွင် နိုဝင်ဘာ ၁၆ နှင့် ၁၇ ရက်များတွင် ကျင်းပရန် စီစဉ်ထားသော်လည်း နိုငငံတွင်း အခွင့်အရေး မမျှတမှုအပေါ် ဆန္ဒပြမှုများကြောင့် ယင်းအစည်းအဝေးအား  လက်ခံကျင်းပတော့မည်မဟုတ်ဟု ချီလီအစိုးရက အောက်တိုဘာ ၃၀ ရက်မှာ ကြေညာလိုက်ပါတယ်။

ယင်းအစည်းအဝေးတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး သဘော တူညီချက် ပထမအဆင့်ကို လက်မှတ်ရေးထိုးမည်ဟု ကြေညာထားခဲ့ ပါတယ်။ ဆန်တေဂိုမြို့၌ ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများတွင် သေဆုံးသူ အရေအတွက် ၁၈ ဦးထက်မနည်း သေဆုံးသွားပြီ ဖြစ်ရာ ဒီဇင်ဘာလအတွင်း ကျင်းပမည့် ရာသီဥတုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပမည့် အစီအစဉ်ကို လည်း ချီလီအစိုးရက ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

“ဒါဟာ အလွန်ခက်ခက်ခဲခဲ ချမှတ်လိုက်ရတဲ့ ဆုံးဖြတ်ချက်ပါ။ အေပက်နဲ့ ရာသီဥတု ထိပ်သီး ဆွေးနွေးပွဲ ၂ခုစလုံးဟာ ချီလီနိုင်ငံအတွက်ရော ကမ္ဘာအတွက်ပါ အရမ်း အရေးကြီးတယ်ဆိုတာ လုံးဝနားလည်လို့ အခုလိုဆုံး ဖြတ်ချက်အတွက် အင်မတန်မှ နာကျင်ရပါတယ်” ဟု ချီလီသမ္မတ ဆီဘာစတီယန်ပင်နီရာက ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။

“သမ္မတတစ်ဦးအနေနဲ့ အရာအားလုံးထက် သူ့နိုင်ငံသားတွေကို ဦးစားပေးရမှာပါ။ ပြည်သူတွေဘဝ တည်ငြိမ်ရေး၊ နိုင်ငံသားတွေ အန္တရာယ် ကင်းရေးနဲ့ နိုင်ငံသားတွေရဲ့ အဓိက တောင်းဆိုမှုတွကို တုန့်ပြန် ဆောင်ရွက်ပေးဖို့ ပြည်သူတွေ အေးချမ်းရေးကို အဓိကထား လုပ်ဆောင်နေ ပါတယ်” ဟု ကြေညာချက်မှာလည်း ဖော်ပြထား ပါတယ်။

အမေရိကန်အစိုးရက ထိပ်သီးအစည်းအဝေးများ ဖျက်သိမ်းမှုကို လက်ခံလိုက်ပြီး ကျင်းပမည့် နောက် ထပ်နေရာ ကြေညာချက်ကို စောင့်ဆိုင်းနေကြောင်း ပြောကြားထားပါတယ်။တရုတ်နှင့် သမိုင်းဝင် ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့် ၁ ကို သတ်မှတ်ကာလအတွင်း အပြီးသတ် ရေးထိုးနိုင်ရန် စဉ်းစားထားကြောင်းလည်း အမေရိကန်အစိုးရ သတင်းထုတ်ပြန်ရေး ဒုတိယ ဝန်ကြီး ဟိုဂန်ဂစ်ဒလေက ပြောကြား လိုက်ပါတယ်။

တရုတ်နှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ကြိုတင်လုပ်ဆောင်ရန် စီစဉ်ထားပြီး ချီလီ ထိပ်သီးဆွေးနွေးပွဲ၌ ရှီကျင့်ဖျင်နှင့် သဘောတူညီချက် လက်မှတ်ရေး ထိုးမည်ဟု သမ္မတထရမ့်က အောက်တိုဘာ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ ချီလီက ယခုဖျက်သိမ်းလိုက်သည့် ထိပ်သီးဆွေးနွေးပွဲများကို အခြားနိုင်ငံသို့ ပြောင်းရွေ့ကျင်းပရန် အစီအစဉ် ရှိ၊မရှိ အောက်တိုဘာ ၃၀ ရက်အထိ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။

Linko
Ref: New York Post
စန်တီယာဂို၊အောက်တိုဘာ ၃၁

(  Zawgyi  )

 ကမာၻႏိုင္ငံေပါင္း ၂၀ မွ ေခါင္းေဆာင္မ်ား တက္ေရာက္မည့္ အာရွ-ပစိဖိတ္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ ထိပ္သီးအစည္းအေဝး (ေအပက္) ကို ခ်ီလီႏိုင္ငံ၊ ဆန္ေတဂိုၿမိဳ႕တြင္ ႏိုဝင္ဘာ ၁၆ ႏွင့္ ၁၇ ရက္မ်ားတြင္ က်င္းပရန္ စီစဥ္ထားေသာ္လည္း ႏိုငငံတြင္း အခြင့္အေရး မမွ်တမႈအေပၚ ဆႏၵျပမႈမ်ားေၾကာင့္ ယင္းအစည္းအေဝးအား  လက္ခံက်င္းပေတာ့မည္မဟုတ္ဟု ခ်ီလီအစိုးရက ေအာက္တိုဘာ ၃၀ ရက္မွာ ေၾကညာလိုက္ပါတယ္။

ယင္းအစည္းအေဝးတြင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က တ႐ုတ္သမၼတရွီက်င့္ဖ်င္ႏွင့္ ေတြ႕ဆုံၿပီး ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္ေရး သေဘာ တူညီခ်က္ ပထမအဆင့္ကို လက္မွတ္ေရးထိုးမည္ဟု ေၾကညာထားခဲ့ ပါတယ္။ ဆန္ေတဂိုၿမိဳ႕၌ ျဖစ္ပြားခဲ့သည့္ ဆႏၵျပပြဲမ်ားတြင္ ေသဆုံးသူ အေရအတြက္ ၁၈ ဦးထက္မနည္း ေသဆုံးသြားၿပီ ျဖစ္ရာ ဒီဇင္ဘာလအတြင္း က်င္းပမည့္ ရာသီဥတုဆိုင္ရာ ထိပ္သီးေဆြးေႏြးပြဲတစ္ရပ္ က်င္းပမည့္ အစီအစဥ္ကို လည္း ခ်ီလီအစိုးရက ဖ်က္သိမ္းလိုက္ၿပီ ျဖစ္ပါတယ္။

“ဒါဟာ အလြန္ခက္ခက္ခဲခဲ ခ်မွတ္လိုက္ရတဲ့ ဆုံးျဖတ္ခ်က္ပါ။ ေအပက္နဲ႔ ရာသီဥတု ထိပ္သီး ေဆြးေႏြးပြဲ ၂ခုစလုံးဟာ ခ်ီလီႏိုင္ငံအတြက္ေရာ ကမာၻအတြက္ပါ အရမ္း အေရးႀကီးတယ္ဆိုတာ လုံးဝနားလည္လို႔ အခုလိုဆုံး ျဖတ္ခ်က္အတြက္ အင္မတန္မွ နာက်င္ရပါတယ္” ဟု ခ်ီလီသမၼတ ဆီဘာစတီယန္ပင္နီရာက ထုတ္ျပန္ခ်က္တစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

“သမၼတတစ္ဦးအေနနဲ႔ အရာအားလုံးထက္ သူ႔ႏိုင္ငံသားေတြကို ဦးစားေပးရမွာပါ။ ျပည္သူေတြဘဝ တည္ၿငိမ္ေရး၊ ႏိုင္ငံသားေတြ အႏၲရာယ္ ကင္းေရးနဲ႔ ႏိုင္ငံသားေတြရဲ႕ အဓိက ေတာင္းဆိုမႈတြကို တုန႔္ျပန္ ေဆာင္႐ြက္ေပးဖို႔ ျပည္သူေတြ ေအးခ်မ္းေရးကို အဓိကထား လုပ္ေဆာင္ေန ပါတယ္” ဟု ေၾကညာခ်က္မွာလည္း ေဖာ္ျပထား ပါတယ္။

အေမရိကန္အစိုးရက ထိပ္သီးအစည္းအေဝးမ်ား ဖ်က္သိမ္းမႈကို လက္ခံလိုက္ၿပီး က်င္းပမည့္ ေနာက္ ထပ္ေနရာ ေၾကညာခ်က္ကို ေစာင့္ဆိုင္းေနေၾကာင္း ေျပာၾကားထားပါတယ္။တ႐ုတ္ႏွင့္ သမိုင္းဝင္ ကုန္သြယ္ေရးသေဘာတူစာခ်ဳပ္ အဆင့္ ၁ ကို သတ္မွတ္ကာလအတြင္း အၿပီးသတ္ ေရးထိုးႏိုင္ရန္ စဥ္းစားထားေၾကာင္းလည္း အေမရိကန္အစိုးရ သတင္းထုတ္ျပန္ေရး ဒုတိယ ဝန္ႀကီး ဟိုဂန္ဂစ္ဒေလက ေျပာၾကား လိုက္ပါတယ္။

တ႐ုတ္ႏွင့္ ညႇိႏႈိင္းေဆြးေႏြးျခင္းကို ႀကိဳတင္လုပ္ေဆာင္ရန္ စီစဥ္ထားၿပီး ခ်ီလီ ထိပ္သီးေဆြးေႏြးပြဲ၌ ရွီက်င့္ဖ်င္ႏွင့္ သေဘာတူညီခ်က္ လက္မွတ္ေရး ထိုးမည္ဟု သမၼတထရမ့္က ေအာက္တိုဘာ ၂၈ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ ခ်ီလီက ယခုဖ်က္သိမ္းလိုက္သည့္ ထိပ္သီးေဆြးေႏြးပြဲမ်ားကို အျခားႏိုင္ငံသို႔ ေျပာင္းေ႐ြ႕က်င္းပရန္ အစီအစဥ္ ရွိ၊မရွိ ေအာက္တိုဘာ ၃၀ ရက္အထိ ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးေပ။

Linko
Ref: New York Post
စန္တီယာဂို၊ေအာက္တိုဘာ ၃၁