အမေရိကန်နှင့် အီရတ်တပ်ဖွဲ့တို့၏ ပူးပေါင်း စစ်ဆင်ရေးများ ပြန်လည်စတင်

အမေရိကန်နှင့် အီရတ်တပ်ဖွဲ့တို့၏ ပူးပေါင်း စစ်ဆင်ရေးများ ပြန်လည်စတင်

အီရတ်ပါလီမန်က အမေရိကန်တပ်ဖွဲ့များ နိုင်ငံတွင်းမှ ထွက်ခွာသွားရေးအတွက် လွန်ခဲ့သည့် ၁၀ ရက်က မဲခွဲဆုံးဖြတ်ခဲ့သော်လည်း နှစ်နိုင်ငံ ပူးတွဲစစ်ဆင်ရေးများကို ပြန်လည်စတင်လျှက်ရှိကြောင်း အမေရိကန် စစ်တပ်အကြီးအကဲတစ်ဦးက Fox News သတင်းဌာနကို ပြောကြားပါတယ်။

အီရန်ဗိုလ်ချုပ်ကြီး ကာဆင်ဆူလီမန်နီကို အမေရိကန်တို့က ဘဂ္ဂဒက် နိုင်ငံတကာ လေဆိပ်တွင် ယခုလအတွင်း ဒရုန်းဖြင့် တိုက်ခိုက် သတ်ဖြတ် ခဲ့ပြီးနောက် အီရတ်နှင့် အမေရိကန်တို့အကြား တင်းမာမှုများ  ဖြစ်ပေါ်ခဲ့ပါတယ်။ မိမိတို့နိုင်ငံ ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခံရသည်ဟု အီရတ်က ထုတ်ပြန်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့များ နို်ငငံတွင်းမှ ထွက်ခွာသွားရေးကို ချက်ခြင်း တောင်းဆိုခဲ့ ပါတယ်။

ယခုအဖြစ်အပျက်များအတွင်း အိုက်စစ်တို့ အင်အားစုဆောင်းလာသောကြောင့် နှစ်နိုင်ငံအကြား ပူးတွဲ စစ်ဆင်ရေးကို ပြန်လည် စတင်နေပြီ ဖြစ်ကြောင်း အမည်မဖော်လိုသူ အမေရိကန် စစ်တပ်အရာရှိ ၂ ဦးက နယူးယောက်တိုင်းမ် သတင်းဌာနကို ပြောပါတယ်။ အီရတ်၏ ယာယီဝန်ကြီးချုပ် အဒယ်အဒူမာဒီက ဇန်နဝါရီ ၁၅ ရက်တွင် အစိုးရအဖွဲ့သို့ ပြောကြားသည့် မိန့်ခွန်း၌ လေသံအနည်းငယ် ပြောင်းသွားခဲ့ပါတယ်။

“အမေရိကန်တပ်ဖွဲ့တွေကို အီရတ်က ထွက်သွားဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် အစိုးရရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်သွားပါလိမ့်မယ်။ တပ်ဖွဲ့တွေ ထွက်ခွာဖို့ သင့်တော်မယ်အချိန်ကာလကို စဉ်းစားရပါမယ်” ဟု ပြောကြားခဲ့သလို အိုက်စစ်တို့၏ အန္တရာယ်ကိုလည်း သတိပေးခဲ့ပါတယ်။

Linko
Ref: Fox News

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၆

(  Zawgyi  )

 အီရတ္ပါလီမန္က အေမရိကန္တပ္ဖြဲ႕မ်ား ႏိုင္ငံတြင္းမွ ထြက္ခြာသြားေရးအတြက္ လြန္ခဲ့သည့္ ၁၀ ရက္က မဲခြဲဆုံးျဖတ္ခဲ့ေသာ္လည္း ႏွစ္ႏိုင္ငံ ပူးတြဲစစ္ဆင္ေရးမ်ားကို ျပန္လည္စတင္လွ်က္ရွိေၾကာင္း အေမရိကန္ စစ္တပ္အႀကီးအကဲတစ္ဦးက Fox News သတင္းဌာနကို ေျပာၾကားပါတယ္။

အီရန္ဗိုလ္ခ်ဳပ္ႀကီး ကာဆင္ဆူလီမန္နီကို အေမရိကန္တို႔က ဘဂၢဒက္ ႏိုင္ငံတကာ ေလဆိပ္တြင္ ယခုလအတြင္း ဒ႐ုန္းျဖင့္ တိုက္ခိုက္ သတ္ျဖတ္ ခဲ့ၿပီးေနာက္ အီရတ္ႏွင့္ အေမရိကန္တို႔အၾကား တင္းမာမႈမ်ား  ျဖစ္ေပၚခဲ့ပါတယ္။ မိမိတို႔ႏိုင္ငံ ၏ အခ်ဳပ္အျခာအာဏာကို ခ်ိဳးေဖာက္ခံရသည္ဟု အီရတ္က ထုတ္ျပန္ခဲ့ၿပီး အေမရိကန္တပ္ဖြဲ႕မ်ား ႏို္ငငံတြင္းမွ ထြက္ခြာသြားေရးကို ခ်က္ျခင္း ေတာင္းဆိုခဲ့ ပါတယ္။

ယခုအျဖစ္အပ်က္မ်ားအတြင္း အိုက္စစ္တို႔ အင္အားစုေဆာင္းလာေသာေၾကာင့္ ႏွစ္ႏိုင္ငံအၾကား ပူးတြဲ စစ္ဆင္ေရးကို ျပန္လည္ စတင္ေနၿပီ ျဖစ္ေၾကာင္း အမည္မေဖာ္လိုသူ အေမရိကန္ စစ္တပ္အရာရွိ ၂ ဦးက နယူးေယာက္တိုင္းမ္ သတင္းဌာနကို ေျပာပါတယ္။ အီရတ္၏ ယာယီဝန္ႀကီးခ်ဳပ္ အဒယ္အဒူမာဒီက ဇန္နဝါရီ ၁၅ ရက္တြင္ အစိုးရအဖြဲ႕သို႔ ေျပာၾကားသည့္ မိန႔္ခြန္း၌ ေလသံအနည္းငယ္ ေျပာင္းသြားခဲ့ပါတယ္။

“အေမရိကန္တပ္ဖြဲ႕ေတြကို အီရတ္က ထြက္သြားဖို႔ ဆုံးျဖတ္လိုက္မယ္ဆိုရင္ အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ပဲ ျဖစ္သြားပါလိမ့္မယ္။ တပ္ဖြဲ႕ေတြ ထြက္ခြာဖို႔ သင့္ေတာ္မယ္အခ်ိန္ကာလကို စဥ္းစားရပါမယ္” ဟု ေျပာၾကားခဲ့သလို အိုက္စစ္တို႔၏ အႏၲရာယ္ကိုလည္း သတိေပးခဲ့ပါတယ္။

Linko
Ref: Fox News

ဘဂၢဒက္၊ ဇန္နဝါရီ ၁၆