အမေရိကန်ရဲ့ ရန်လိုမှုနဲ့ပိတ်ပင်မှုကြားက တတ်နိုင်သမျှ အခြေအနေထိန်းထားဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဆို

အမေရိကန်ရဲ့ ရန်လိုမှုနဲ့ပိတ်ပင်မှုကြားက တတ်နိုင်သမျှ အခြေအနေထိန်းထားဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဆို

နိုင်ငံခြားရေးရာဝန်ကြီးဌာန၏ပြောကြားချက်အရ အမေရိကန်ဟာ နျူကလီးယားသဘောတူ စာချုပ်ကနေနုတ်ထွက်ခဲ့ပေမယ့်  အီရန်နိုင်ငံ ကတော့  နိုင်ငံတကာနျူကလီယားရေးဆိုင်ရာစည်းမျည်း စည်းကမ်းနဲ့ ကိုလိုက်နာဆောင်ရွက်နေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ယနေ့ပြောခဲ့ပါတယ်။

ဆက်လက်၍ အမေရိကန်၏ အရေးယူပိတ်ပင်မှုတွေကလည်း လက်ခံနိုင်စရာအခြေအနေ မရှိဘူးလို့လည်း ၎င်းက ဆိုပါတယ်။ တိုကျိုမှာ ဂျပန်နိုင်ငံခြားဝန်ကြီးနဲ့တွေ့ဆုံစဉ် အီရန် နိုင်ငံခြားရေး ဝန်ကြီး Mohammad JavadZarif က ခုလိုပြောကြားခဲ့တာပါ။ အမေရိကန်ကြောင့် အရှေ့အလယ်ပိုင်း ဒေသမှာ တင်းမာမှုတွေပိုမိုများလာတယ်လို့လည်း ၎င်းဆိုပါတယ်။

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့နှစ်က  နိုင်ငံတကာနျူကလီယား သဘော တူ စာချူပ်ကနေနုတ်ထွက်ပြီးနောက် အီရန်နိုင်ငံအပေါ် အဆက်မပျက် ကုန်သွယ်ရေးဆိုင်ရာ အရေးယူမှု တွေလုပ်နေတာပါ။ ခုလိုအရေးယူခြင်းအားဖြင့် အီရန်နိုင်ငံ၏ စီပွားရေးကိုကျဆင်းစေရန် နိုင်ငံတကာ ကအီရန်နိုင်ငံ၏ ရေနံဝယ်ယူမှုကိုရပ်တန့်စေချင်တာပါ။ ထိုမှသာအီရန်နိုင်ငံစီပွားရေး ကျနိုင်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာအီရန်နိုင်ငံ ၏ရေနံ အများဆုံးဝယ်ယူသူတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ပြီးခဲ့တနင်္ဂနွေနေ့မှာဖြစ်ပွားခဲ့တဲ့ ပါရှန်ပင်လယ်ကွေ့က မည်သူ့လက်ချက်ဖြစ်ကြောင်းကို မသိ လိုက်ရတဲ့ရေနံတင်သင်္ဘောတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းမှာတင်းမာမှုတွေပိုမိုမြင့် တက် လာတယ်လို့ ဆော်ဒီနိုင်ငံကတော့ ပြောပါတယ်။ အမေရိကန်ကတော့ ဗုဒ္ဓဟူးနေ့မှာပဲ အီရန်နိုင်ငံက သံရုံးမှာတာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်နိုင်ငံသားတွေကိုသူတို့၏ လုံခြုံရေးအကြောင်းကြောင့် ပြန်ခေါ်လိုက်ပါတယ်။ အမေရိကန်နိုင်ငံကတော့ ရေနံသင်္ဘောတိုက်ခိုက်မှုမှာ အီရန်နိုင်ငံက နောက် ကွယ်ကြိုးကိုင်လုပ်တာလို့ စွပ်စွဲထားပါတယ်။
 
Linko                                                             
Ref:middleeast monitor.com
တိုကျို၊မေ ၁၆

(  Zawgyi   )

 ႏိုင္ငံျခားေရးရာဝန္ႀကီးဌာန၏ေျပာၾကားခ်က္အရ အေမရိကန္ဟာ န်ဴကလီးယားသေဘာတူ စာခ်ဳပ္ကေနႏုတ္ထြက္ခဲ့ေပမယ့္  အီရန္ႏိုင္ငံ ကေတာ့  ႏိုင္ငံတကာန်ဴကလီယားေရးဆိုင္ရာစည္းမ်ည္း စည္းကမ္းနဲ႔ ကိုလိုက္နာေဆာင္႐ြက္ေနတယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက ယေန႔ေျပာခဲ့ပါတယ္။

ဆက္လက္၍ အေမရိကန္၏ အေရးယူပိတ္ပင္မႈေတြကလည္း လက္ခံႏိုင္စရာအေျခအေန မရွိဘူးလို႔လည္း ၎က ဆိုပါတယ္။ တိုက်ိဳမွာ ဂ်ပန္ႏိုင္ငံျခားဝန္ႀကီးနဲ႔ေတြ႕ဆုံစဥ္ အီရန္ ႏိုင္ငံျခားေရး ဝန္ႀကီး Mohammad JavadZarif က ခုလိုေျပာၾကားခဲ့တာပါ။ အေမရိကန္ေၾကာင့္ အေရွ႕အလယ္ပိုင္း ေဒသမွာ တင္းမာမႈေတြပိုမိုမ်ားလာတယ္လို႔လည္း ၎ဆိုပါတယ္။

အေမရိကန္ သမၼတေဒၚနယ္ထရမ့္ဟာ ၿပီးခဲ့တဲ့ႏွစ္က  ႏိုင္ငံတကာန်ဴကလီယား သေဘာ တူ စာခ်ဴပ္ကေနႏုတ္ထြက္ၿပီးေနာက္ အီရန္ႏိုင္ငံအေပၚ အဆက္မပ်က္ ကုန္သြယ္ေရးဆိုင္ရာ အေရးယူမႈ ေတြလုပ္ေနတာပါ။ ခုလိုအေရးယူျခင္းအားျဖင့္ အီရန္ႏိုင္ငံ၏ စီပြားေရးကိုက်ဆင္းေစရန္ ႏိုင္ငံတကာ ကအီရန္ႏိုင္ငံ၏ ေရနံဝယ္ယူမႈကိုရပ္တန႔္ေစခ်င္တာပါ။ ထိုမွသာအီရန္ႏိုင္ငံစီပြားေရး က်ႏိုင္မွာျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံဟာအီရန္ႏိုင္ငံ ၏ေရနံ အမ်ားဆုံးဝယ္ယူသူေတြထဲက တစ္ဦးအပါအဝင္ျဖစ္ပါတယ္။

ၿပီးခဲ့တနဂၤေႏြေန႔မွာျဖစ္ပြားခဲ့တဲ့ ပါရွန္ပင္လယ္ေကြ႕က မည္သူ႔လက္ခ်က္ျဖစ္ေၾကာင္းကို မသိ လိုက္ရတဲ့ေရနံတင္သေဘၤာတိုက္ခိုက္မႈေၾကာင့္ အေရွ႕အလယ္ပိုင္းမွာတင္းမာမႈေတြပိုမိုျမင့္ တက္ လာတယ္လို႔ ေဆာ္ဒီႏိုင္ငံကေတာ့ ေျပာပါတယ္။ အေမရိကန္ကေတာ့ ဗုဒၶဟူးေန႔မွာပဲ အီရန္ႏိုင္ငံက သံ႐ုံးမွာတာဝန္ထမ္းေဆာင္ေနတဲ့ အေမရိကန္ႏိုင္ငံသားေတြကိုသူတို႔၏ လုံၿခဳံေရးအေၾကာင္းေၾကာင့္ ျပန္ေခၚလိုက္ပါတယ္။ အေမရိကန္ႏိုင္ငံကေတာ့ ေရနံသေဘၤာတိုက္ခိုက္မႈမွာ အီရန္ႏိုင္ငံက ေနာက္ ကြယ္ႀကိဳးကိုင္လုပ္တာလို႔ စြပ္စြဲထားပါတယ္။
 
Linko                                                             
Ref:middleeast monitor.com
တိုက်ိဳ၊ေမ ၁၆