အမေရိကန်လေကြောင်း အာဏာပိုင်အကြီးအကဲ ဘိုးရင်း 737 Max လေယာဉ်သဏ္ဍာန်တူ ပျံသန်းမှု စနစ်ကို စမ်းသပ်

အမေရိကန်လေကြောင်း အာဏာပိုင်အကြီးအကဲ ဘိုးရင်း 737 Max လေယာဉ်သဏ္ဍာန်တူ ပျံသန်းမှု စနစ်ကို စမ်းသပ်

မကြာသေးမီက အသစ်ခန့်အပ်လိုက်သည့် အမေရိကန်လေကြောင်းအာဏာပိုင် (FAA) အကြီးအကဲသည် ဘိုးရင်းကုမ္ပဏီ၏ 737 Max လေယာဉ်အမျိုးအစား သဏ္ဍာန်တူကွန်ပြူတာပျံသန်းမှုစနစ်ကို စက်တင်ဘာ ၁၉ ရက်က အဆိုပါ ကုမ္ပဏီသို့ လာရောက်စမ်းသပ် ပျံသန်းခဲ့ပါတယ်။

လေယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက် အဆိုပါ လေယာဉ်အမျိုးအစားများ ပြေးဆွဲမှု ရပ်ဆိုင်းထားရ ခြင်းကို ပြန်လည်စတင်နိုင်ရန်နှင့် လွန်ခဲ့သော ၂ နှစ်က FAA အနေဖြင့် ယင်းလေယာဉ် အမျိုးအစားကို ခွင့်ပြုပေးခဲ့ခြင်းအပေါ် အငြင်းပွားဖွယ်ရာများ ရှိနေခြင်းအပေါ် ဖြေရှင်းနိုင် ရန်လည်း လုပ်ဆောင်လျှက်ရှိပါတယ်။

FAA အကြီးအကဲ စတိဗ်ဒစ်ဆန်က ဆီတဲလ်ရှိ ဘိုးအင်းကုမ္ပဏီတွင် စမ်းသပ်ပျံသန်းမှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ ယခင်ပျက်ကျခဲ့သည့် လေယာဉ် ၂ စင်းနှင့် ပတ်သက်၍လည်း စမ်းသပ်မှုများကို ဆက်လက် လုပ်ဆောင်ဖွယ်ရှိပါတယ်။ ဒစ်ဆန်သည် ယခုစမ်းသပ်သည့် လေယာဉ် သည် အခြားဘိုးရင်း လေယာဉ်များ ကဲ့သို့ပင် ပျံသန်း ကြောင်းသာ ပြောကြားခဲ့ပြီး အခြားဆုံးဖြတ်ချက် တစ်စုံတစ်ရာ မပေးခဲ့ပေ။

FAA အနေဖြင့် ယာယီ အကြီးအကဲတစ်ဦးဖြင့် ၁၉ လကြာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် အရပ်ဘက်လေယာဉ်မှူးတစ်ဦးဖြစ်သူ ဒစ်ဆင်အား သြဂုတ်လအတွင်းက ခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ လေယာဉ်အမျိုးအစားကို အသုံးပြုရန်အတွက် FAA က သဘောတူ လက်မှတ် ထုတ်ပေးခဲ့ပုံကို စစ်ဆေးရန်နှင့်  ဘိုးအင်းက မပြီးစီးသေးသော ပုံစံပြန်လည်ထုတ်လုပ်ခြင်းနှင့် ပြန်လည်အသုံးပြုရန် ဆောင်ရွက်မှုများ ကို အတည်ပြုပေးရန် FAA က လုပ်ဆောင်လျှက်ရှိပါတယ်။

ဒစ်ဆင်အနေဖြင့် ဆယ်စုနှစ်များအတွင်း FAA ရင်ဆိုင် နေရသည့် အငြင်းပွားဖွယ်ရာ ပြဿနာကြီးများအနက်မှ ယခုလုပ်ငန်းစဉ်ကို ကြီးကြပ် ကွပ်ကဲနေရခြင်းဖြစ်ပါတယ်။ယမန်နှစ် အောက်တိုဘာလအတွင်းက အင်ဒိုနီးရှား Lion Air လေကြောင်းလိုင်းနှင့် ယခုနှစ် မတ်လအတွင်း Ethiopian Airlines လေကြောင်းလိုင်းလေယာဉ်တို့ ပျက်ကျမှု ဖြစ်ပွားအပြီးမှာ 737 Max လေယာဉ်များကို ပြေးဆွဲ ပျံသန်းခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဉ်နှစ်ခုတွင် သေဆုံးသူ ၃၄၆ ဦး ရှိခဲ့ပါတယ်။

ဘိုးအင်းလေယာဉ် မော်ဒယ်အမျိုးမျိုးအား ပျံသန်းမောင်းနှင်ခဲ့ဖူးပြီး Delta Air Line ၏ လေကြောင်းပျံသန်း ရေး ဥက္ကဌအဖြစ် တာဝန်ထမ်းများ ခဲ့သူ ဒစ်ဆင်က 737 Max လေယာဉ်များကို ပြန်လည်ခွင့်မပြုခင် အဆိုပါ လေယာဉ်အစစ်ဖြင့် ကိုယ်တိုင်ပျံသန်း မောင်းနှင်လိုကြောင်း ပြောကြားပါတယ်။

Linko
Ref: Bloomberg
ဝါရှင်တန်၊စက်တင်ဘာ ၂၀

(  Zawgyi  )

 မၾကာေသးမီက အသစ္ခန႔္အပ္လိုက္သည့္ အေမရိကန္ေလေၾကာင္းအာဏာပိုင္ (FAA) အႀကီးအကဲသည္ ဘိုးရင္းကုမၸဏီ၏ 737 Max ေလယာဥ္အမ်ိဳးအစား သ႑ာန္တူကြန္ျပဴတာပ်ံသန္းမႈစနစ္ကို စက္တင္ဘာ ၁၉ ရက္က အဆိုပါ ကုမၸဏီသို႔ လာေရာက္စမ္းသပ္ ပ်ံသန္းခဲ့ပါတယ္။

ေလယာဥ္မေတာ္တဆမႈ ႏွစ္ႀကိမ္ျဖစ္ပြားၿပီးေနာက္ အဆိုပါ ေလယာဥ္အမ်ိဳးအစားမ်ား ေျပးဆြဲမႈ ရပ္ဆိုင္းထားရ ျခင္းကို ျပန္လည္စတင္ႏိုင္ရန္ႏွင့္ လြန္ခဲ့ေသာ ၂ ႏွစ္က FAA အေနျဖင့္ ယင္းေလယာဥ္ အမ်ိဳးအစားကို ခြင့္ျပဳေပးခဲ့ျခင္းအေပၚ အျငင္းပြားဖြယ္ရာမ်ား ရွိေနျခင္းအေပၚ ေျဖရွင္းႏိုင္ ရန္လည္း လုပ္ေဆာင္လွ်က္ရွိပါတယ္။

FAA အႀကီးအကဲ စတိဗ္ဒစ္ဆန္က ဆီတဲလ္ရွိ ဘိုးအင္းကုမၸဏီတြင္ စမ္းသပ္ပ်ံသန္းမႈမ်ားကို လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ကာ ယခင္ပ်က္က်ခဲ့သည့္ ေလယာဥ္ ၂ စင္းႏွင့္ ပတ္သက္၍လည္း စမ္းသပ္မႈမ်ားကို ဆက္လက္ လုပ္ေဆာင္ဖြယ္ရွိပါတယ္။ ဒစ္ဆန္သည္ ယခုစမ္းသပ္သည့္ ေလယာဥ္ သည္ အျခားဘိုးရင္း ေလယာဥ္မ်ား ကဲ့သို႔ပင္ ပ်ံသန္း ေၾကာင္းသာ ေျပာၾကားခဲ့ၿပီး အျခားဆုံးျဖတ္ခ်က္ တစ္စုံတစ္ရာ မေပးခဲ့ေပ။

FAA အေနျဖင့္ ယာယီ အႀကီးအကဲတစ္ဦးျဖင့္ ၁၉ လၾကာ လုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ၿပီးေနာက္ အရပ္ဘက္ေလယာဥ္မႉးတစ္ဦးျဖစ္သူ ဒစ္ဆင္အား ၾသဂုတ္လအတြင္းက ခန႔္အပ္ခဲ့ျခင္း ျဖစ္ပါတယ္။ အဆိုပါ ေလယာဥ္အမ်ိဳးအစားကို အသုံးျပဳရန္အတြက္ FAA က သေဘာတူ လက္မွတ္ ထုတ္ေပးခဲ့ပုံကို စစ္ေဆးရန္ႏွင့္  ဘိုးအင္းက မၿပီးစီးေသးေသာ ပုံစံျပန္လည္ထုတ္လုပ္ျခင္းႏွင့္ ျပန္လည္အသုံးျပဳရန္ ေဆာင္႐ြက္မႈမ်ား ကို အတည္ျပဳေပးရန္ FAA က လုပ္ေဆာင္လွ်က္ရွိပါတယ္။

ဒစ္ဆင္အေနျဖင့္ ဆယ္စုႏွစ္မ်ားအတြင္း FAA ရင္ဆိုင္ ေနရသည့္ အျငင္းပြားဖြယ္ရာ ျပႆနာႀကီးမ်ားအနက္မွ ယခုလုပ္ငန္းစဥ္ကို ႀကီးၾကပ္ ကြပ္ကဲေနရျခင္းျဖစ္ပါတယ္။ယမန္ႏွစ္ ေအာက္တိုဘာလအတြင္းက အင္ဒိုနီးရွား Lion Air ေလေၾကာင္းလိုင္းႏွင့္ ယခုႏွစ္ မတ္လအတြင္း Ethiopian Airlines ေလေၾကာင္းလိုင္းေလယာဥ္တို႔ ပ်က္က်မႈ ျဖစ္ပြားအၿပီးမွာ 737 Max ေလယာဥ္မ်ားကို ေျပးဆြဲ ပ်ံသန္းခြင့္ ပိတ္ပင္ခဲ့ျခင္း ျဖစ္ပါတယ္။ အဆိုပါ ျဖစ္စဥ္ႏွစ္ခုတြင္ ေသဆုံးသူ ၃၄၆ ဦး ရွိခဲ့ပါတယ္။

ဘိုးအင္းေလယာဥ္ ေမာ္ဒယ္အမ်ိဳးမ်ိဳးအား ပ်ံသန္းေမာင္းႏွင္ခဲ့ဖူးၿပီး Delta Air Line ၏ ေလေၾကာင္းပ်ံသန္း ေရး ဥကၠဌအျဖစ္ တာဝန္ထမ္းမ်ား ခဲ့သူ ဒစ္ဆင္က 737 Max ေလယာဥ္မ်ားကို ျပန္လည္ခြင့္မျပဳခင္ အဆိုပါ ေလယာဥ္အစစ္ျဖင့္ ကိုယ္တိုင္ပ်ံသန္း ေမာင္းႏွင္လိုေၾကာင္း ေျပာၾကားပါတယ္။

Linko
Ref: Bloomberg
ဝါရွင္တန္၊စက္တင္ဘာ ၂၀