အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တောင်ကိုရီးယားသို့ ဇွန်လအတွင်း သွားရောက်မည်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တောင်ကိုရီးယားသို့ ဇွန်လအတွင်း သွားရောက်မည်

မြောက်ကိုရီးယားနျူကလီယားအရေးနဲ့ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတမွန်းဂျေအင်းနဲ့ တွေ့ ဆုံရန် လာမယ့်ဇွန်လကျရင် အမေရိကန် သမ္မတဒေါ်နယ်လ်ထရမ့် တောင်ကိုရီးယားကို သွားရောက်လည်ပတ်ဖို့ရှိပါတယ်။

ဗီယက်နမ်တွေ့ဆုံဆွေးနွေးပွဲမအောင်မြင်ခဲ့တဲ့နောက်ပိုင်း လအတော်ကြာမှ ခုလို တောင် ကိုရီးယား နဲ့ တွေ့ဆုံဖို့ ထရမ့်က ပြင်ဆင်ထားတာပါ။ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်၏ ကြေညာချက် အရ သမ္မတထရမ့်ဟာ လာမယ့် ဇွန်လ ၂၈-၂၉ ဂျပန်မှာ ကျင်းပမယ့် G-20 ထိပ်သီးတွေ့ဆုံပွဲကို တက် ရောက်ရန်သွားမယ့်အချိန်တစ်ဆက်တည်းမှာပဲ တောင်ကိုရီးယားကိုသွားပြီး သမ္မတမွန်းနဲ့တွေ့ဆုံမှာပါ။

“သမ္မတထရမ့်နဲ့ မွန်းဟာသူတို့ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းမှာဖြစ်ပြီး၊ မြောက်ကိုရီးယား၏ နျူကလီယားဖျတ်သိမ်းရေး မှာအတူတကွကြိုးစားပြီး၊ နောက်ဆုံးရလဒ်ထွက် ပေါ်လာအောင်ဆောင်ရွက်ရမှဖြစ်ပါတယ်” လို့ အိမ်ဖြူတော် ထုတ်ပြန်ကြေညာ ချက် ထဲမှာ ရေးသားထားပါတယ်။  

ဒါကတော့ ဗီယပ်နမ်တွေ့ဆုံဆွေးနွေးပွဲမအောင်မမြင်ဖြစ်ခဲ့တဲ့နောက်ပိုင်းထရမ့် နဲ့ မွန်းတို့ ဒုတိယတွေ့ဆုံမှုလည်းဖြစ်ပါတယ်။ သမ္မတမွန်းကတော့ မြောက်ကိုရီးယားနဲ့ အမေရိကန်ကြားမှာ ဆက်သွယ်ပေးနေတဲ့ ကြားခံပမာ အမြဲလိုလိုသုံးနိုင်ငံကြားမှာ နျူကလီးယားအရေးရော အခြားသော ဆက်ဆံရေးတွေမှာပါ ပါဝင်ပေးသူပါ။ တောင် ကိုရီးယားဘက်ကထုတ်ပြန်ကြေညာချက်ထဲမှာ လည်း တောင်ကိုရီယားနဲ့ အမေရိကန်ဟာ မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ် လုံးဝပပျောက်ရေး ကို အဓိကဆွေးနွေးသွားမယ်လို့ပြောပါတယ်။

အရင်တုန်းကတော့ မြောက် ကိုရီယားဟာသူတို့အနေနဲ့ နျူကလီယားကိုအပြီးအပိုင်ဖျက် သိမ်း စေချင်တယ်ဆိုရင်တော့ အမေရိကန်အနေနဲ့ သူတို့၏ နျူကလီယားကိုလည်းဖျက်သိမ်းပြီး၊ တောင် ကိုရီးယားနိုင်ငံမှာရှိတဲ့ အမေရိကန်စစ်တပ်တွေကိုရုပ်သိမ်းဖယ်ရှားနိုင်မှသာ မြောက်ကိုရီးယားအနေနဲ့ သူတို့၏ နျူကလီယားအစီအစဉ်ကို ဖျက်သိမ်းပေးမယ်လို့ တုံ့ပြန်ထားခဲ့ပါသေးတယ်။
 
Linko
Ref:aljazeera.com
ဝါရှင်တန်၊မေ ၁၆

(  Zawgyi   )

ေျမာက္ကိုရီးယားန်ဴကလီယားအေရးနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားသမၼတမြန္းေဂ်အင္းနဲ႔ ေတြ႕ ဆုံရန္ လာမယ့္ဇြန္လက်ရင္ အေမရိကန္ သမၼတေဒၚနယ္လ္ထရမ့္ ေတာင္ကိုရီးယားကို သြားေရာက္လည္ပတ္ဖို႔ရွိပါတယ္။

ဗီယက္နမ္ေတြ႕ဆုံေဆြးေႏြးပြဲမေအာင္ျမင္ခဲ့တဲ့ေနာက္ပိုင္း လအေတာ္ၾကာမွ ခုလို ေတာင္ ကိုရီးယား နဲ႔ ေတြ႕ဆုံဖို႔ ထရမ့္က ျပင္ဆင္ထားတာပါ။ ဗုဒၶဟူးေန႔က အိမ္ျဖဴေတာ္၏ ေၾကညာခ်က္ အရ သမၼတထရမ့္ဟာ လာမယ့္ ဇြန္လ ၂၈-၂၉ ဂ်ပန္မွာ က်င္းပမယ့္ G-20 ထိပ္သီးေတြ႕ဆုံပြဲကို တက္ ေရာက္ရန္သြားမယ့္အခ်ိန္တစ္ဆက္တည္းမွာပဲ ေတာင္ကိုရီးယားကိုသြားၿပီး သမၼတမြန္းနဲ႔ေတြ႕ဆုံမွာပါ။

“သမၼတထရမ့္နဲ႔ မြန္းဟာသူတို႔ရဲ႕ ေကာင္းမြန္တဲ့ ဆက္ဆံေရးကိုဆက္လက္ထိန္းသိမ္းမွာျဖစ္ၿပီး၊ ေျမာက္ကိုရီးယား၏ န်ဴကလီယားဖ်တ္သိမ္းေရး မွာအတူတကြႀကိဳးစားၿပီး၊ ေနာက္ဆုံးရလဒ္ထြက္ ေပၚလာေအာင္ေဆာင္႐ြက္ရမွျဖစ္ပါတယ္” လို႔ အိမ္ျဖဴေတာ္ ထုတ္ျပန္ေၾကညာ ခ်က္ ထဲမွာ ေရးသားထားပါတယ္။  

ဒါကေတာ့ ဗီယပ္နမ္ေတြ႕ဆုံေဆြးေႏြးပြဲမေအာင္မျမင္ျဖစ္ခဲ့တဲ့ေနာက္ပိုင္းထရမ့္ နဲ႔ မြန္းတို႔ ဒုတိယေတြ႕ဆုံမႈလည္းျဖစ္ပါတယ္။ သမၼတမြန္းကေတာ့ ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ၾကားမွာ ဆက္သြယ္ေပးေနတဲ့ ၾကားခံပမာ အၿမဲလိုလိုသုံးႏိုင္ငံၾကားမွာ န်ဴကလီးယားအေရးေရာ အျခားေသာ ဆက္ဆံေရးေတြမွာပါ ပါဝင္ေပးသူပါ။ ေတာင္ ကိုရီးယားဘက္ကထုတ္ျပန္ေၾကညာခ်က္ထဲမွာ လည္း ေတာင္ကိုရီယားနဲ႔ အေမရိကန္ဟာ ေျမာက္ကိုရီးယား၏ န်ဴကလီးယားအစီအစဥ္ လုံးဝပေပ်ာက္ေရး ကို အဓိကေဆြးေႏြးသြားမယ္လို႔ေျပာပါတယ္။

အရင္တုန္းကေတာ့ ေျမာက္ ကိုရီယားဟာသူတို႔အေနနဲ႔ န်ဴကလီယားကိုအၿပီးအပိုင္ဖ်က္ သိမ္း ေစခ်င္တယ္ဆိုရင္ေတာ့ အေမရိကန္အေနနဲ႔ သူတို႔၏ န်ဴကလီယားကိုလည္းဖ်က္သိမ္းၿပီး၊ ေတာင္ ကိုရီးယားႏိုင္ငံမွာရွိတဲ့ အေမရိကန္စစ္တပ္ေတြကို႐ုပ္သိမ္းဖယ္ရွားႏိုင္မွသာ ေျမာက္ကိုရီးယားအေနနဲ႔ သူတို႔၏ န်ဴကလီယားအစီအစဥ္ကို ဖ်က္သိမ္းေပးမယ္လို႔ တုံ႔ျပန္ထားခဲ့ပါေသးတယ္။
 
Linko
Ref:aljazeera.com
ဝါရွင္တန္၊ေမ ၁၆