အမေရိကန်သမ္မတနှင့် တရုတ်ခေါင်းဆောင် တွေ့ဆုံမည့်အစီအစဉ်ကြောင့် အာရှရှယ်ယာဈေးများ မြင့်တက်

အမေရိကန်သမ္မတနှင့် တရုတ်ခေါင်းဆောင် တွေ့ဆုံမည့်အစီအစဉ်ကြောင့် အာရှရှယ်ယာဈေးများ မြင့်တက်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မက္ကဆီကိုမှ ပို့ကုန်များအပေါ် အခွန်ကောက်ခံမည့် အစီအစဉ်များအား ဆိုင်းငံခြင်း၊ တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် တွေ့ဆုံမည့် အစီအစဉ်တို့ကြောင့် အာရှဒေသ၏ ရှယ်ယာဈေးနှုန်းများ  ဇွန် ၁၁ ရက်က မြင့်တက်သွားပါတယ်။

ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ တရုတ်နိုင်ငံမှာ ရှယ်ယာများ မြင့်တက်ခဲ့တဲ့အပြင် ဝေါစထရိရှယ်ယာမှာလည်း ဇွန် ၁၀ ရက်တွင် ၅ ရက်မြောက်အဖြစ် ဆက်တိုက် မြင့်တက်ခဲ့ရာမှာ နိုဝင်ဘာလမှစ၍ အင်အားအကောင်းဆုံး ရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်။ ယခု လကုန်ပိုင်း ဂျပန်မှာပြုလုပ်မယ့် G 20 ဆွေးနွေးပွဲမှာ ရှီကျင့်ဖိန်နဲ့ တွေ့ဖို့ စီစဉ်ထားကြောင်း CNBC သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားပါတယ်။ အဆိုပါသတင်းကြောင့် ရင်းနှီးမြှုပ်နှံသူများအနေနဲ့ အလားအလာကောင်းများကို မျှော်လင့်လာကြပါတယ်။

စင်ကာပူနိုင်ငံမှ ဈေးကွက်မဟာဗျူဟာသမား ဂျင်ဂျီပန်ကတော့ အပြုသဘော အလွန်အကျွံမြင်ခြင်းများအပေါ် သတိပေး ပြောကြားပါတယ်။“အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ နှစ်နိုင်ငံသမ္မတနှစ်ဦးတို့အကြား ဆွေးနွေးမှုမှာ အောင်မြင်မယ်မဟုတ်ဘူးလို့ ပြောကြပါတယ်” လို့ ဂျင်ဂျီပန်က ဆိုပါတယ်။

Linko
Ref: Fox Business
ဝါရှင်တန်၊ဇွန် ၁၁

(  Zawgyi  )

 အေမရိကန္သမၼတေဒၚနယ္ထရမ့္က မကၠဆီကိုမွ ပို႔ကုန္မ်ားအေပၚ အခြန္ေကာက္ခံမည့္ အစီအစဥ္မ်ားအား ဆိုင္းငံျခင္း၊ တ႐ုတ္သမၼတ ရွီက်င့္ဖိန္ႏွင့္ ေတြ႕ဆုံမည့္ အစီအစဥ္တို႔ေၾကာင့္ အာရွေဒသ၏ ရွယ္ယာေဈးႏႈန္းမ်ား  ဇြန္ ၁၁ ရက္က ျမင့္တက္သြားပါတယ္။

ဂ်ပန္၊ ၾသစေၾတးလ်၊ ေတာင္ကိုရီးယား၊ ေဟာင္ေကာင္၊ တ႐ုတ္ႏိုင္ငံမွာ ရွယ္ယာမ်ား ျမင့္တက္ခဲ့တဲ့အျပင္ ေဝါစထရိရွယ္ယာမွာလည္း ဇြန္ ၁၀ ရက္တြင္ ၅ ရက္ေျမာက္အျဖစ္ ဆက္တိုက္ ျမင့္တက္ခဲ့ရာမွာ ႏိုဝင္ဘာလမွစ၍ အင္အားအေကာင္းဆုံး ရက္သတၱပတ္ျဖစ္ခဲ့ပါတယ္။ ယခု လကုန္ပိုင္း ဂ်ပန္မွာျပဳလုပ္မယ့္ G 20 ေဆြးေႏြးပြဲမွာ ရွီက်င့္ဖိန္နဲ႔ ေတြ႕ဖို႔ စီစဥ္ထားေၾကာင္း CNBC သတင္းဌာနနဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားပါတယ္။ အဆိုပါသတင္းေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနနဲ႔ အလားအလာေကာင္းမ်ားကို ေမွ်ာ္လင့္လာၾကပါတယ္။

စင္ကာပူႏိုင္ငံမွ ေဈးကြက္မဟာဗ်ဴဟာသမား ဂ်င္ဂ်ီပန္ကေတာ့ အျပဳသေဘာ အလြန္အကြၽံျမင္ျခင္းမ်ားအေပၚ သတိေပး ေျပာၾကားပါတယ္။“အေမရိကန္နဲ႔ တ႐ုတ္ကုန္သြယ္ေရး သေဘာတူညီခ်က္ရဖို႔ ႏွစ္ႏိုင္ငံသမၼတႏွစ္ဦးတို႔အၾကား ေဆြးေႏြးမႈမွာ ေအာင္ျမင္မယ္မဟုတ္ဘူးလို႔ ေျပာၾကပါတယ္” လို႔ ဂ်င္ဂ်ီပန္က ဆိုပါတယ္။

Linko
Ref: Fox Business
ဝါရွင္တန္၊ဇြန္ ၁၁