အမေရိကန်အာကာသဒုံးကျည်ကာကွယ်ရေးအစီအစဉ်ကြောင့် လက်နက်ပြိုင်ဆိုင်မှု ပြန်ဖြစ်နိုင်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးပြော

 
အမေရိကန်အာကာသဒုံးကျည် ကာကွယ်ရေးအစီအစဉ်ကြောင့် လက်နက်ပြိုင်ဆိုင်မှု ပြန်ဖြစ်နိုင်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးပြော

အာကာသအတွင်း ဒုံးကျည်းကာကွယ်ရေးစနစ်ချထားရန် အစီအစဉ်အပေါ် အမေရိကန်က အကောင် ဖော်နေခြင်းသည် လက်နက်အင်အား ပြိုင်ဆိုင်မှုအဆင့်တစ်တစ်ခုကို ရောက်လာနိုင်မည်ဟု ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂေးလာရော့ဗ်ကဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများပါဝင်သည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်  ဇူလိုင် ၂၆ ရက်က ပြောကြားလိုက်ပါတယ်။“အကောင်အထည်ဖော်နေပြီဖြစ်တဲ့ အမေရိကန်ရဲ့ အာကာသအတွင်း လက်နက်တပ်ဆင်မှုအပေါ် ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ဒါဟာ လက်နက်ပြိုင်ဆိုင်မှု တစ်ခုဖြစ်လာနိုင်ပါတယ်” လို့ လာရော့ဗ်က ဆိုပါတယ်။

အာကာသအတွင်း လက်နက်မတပ်ဆင်ရေး အဆိုပြုချက် မူကြမ်းကို ရုရှားနှင့် တရုတ်တို့က ဂျနီဗာတွင် ကျင်းပသည့် လက်နက်ဖျက်သိမ်းရေး ညီလာခံတွင် တင်သွင်းပြီးဖြစ်ကြောင်းနှင့် ယင်းအစီအစဉ်အား  BRICS နိုင်ငံများကကုလသမဂ္ဂအထွေထွေညီလာခံများတွင် ထောက်ခံပေးခြင်း အပေါ် ဝမ်းမြောက်ပါကြောင်း လာရော့ဗ်က ပြောပါတယ်။နိုင်ငံအများအပြားက စစ်ရေးအသုံးစရိတ်များကို တိုးမြှင့်နေခြင်းနှင့် ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်နေပြီးဖြစ်သော မဟာဗျူဟာကျသည့် တည်ငြိမ်ရေး အစီအစဉ်ရေးဆွဲမှုများကို ခြိမ်းခြောက်နေကြောင်းလည်း ၎င်းက ပြောပါတယ်။

“စိုးရိမ်စရာကောင်းတဲ့ ဥပမာတွေကတော့ အမေရိကန်အနေနဲ့ ဒုံးကျည်ကာကွယ်ရေးသဘောတူစာချုပ်နဲ့ New START (မဟာဗျူဟာ နျူကလီးယားလျှော့ချရေးသဘောတူစာချုပ်) ကို ချိုးဖော်နေခြင်းပါပဲ။ INF (တာလတ်သုံး နျူကလီးယား လက်နက်များ) သဘောတူစာချုပ်နဲ့ ပတ်သက်လို့လည်း မသေချာမှုတွေ ရှိနေပါတယ်။ ဒီသဘောတူညီချက်ကို သက်တမ်းတိုးဖို့ မိမိတို့ဘက်က အကြံပြုထားပေမယ့် အမေရိကန် အစိုးရက တုံ့ပြန်မှု မပြုသေးပါဘူး” ဟု လာရော့ဗ်က ပြောကြားခဲ့ပါတယ်။

Linko
Ref: Tass
မော်စကို၊ဇူလိုင် ၂၇

(  Zawgyi  )

 အာကာသအတြင္း ဒုံးက်ည္းကာကြယ္ေရးစနစ္ခ်ထားရန္ အစီအစဥ္အေပၚ အေမရိကန္က အေကာင္ ေဖာ္ေနျခင္းသည္ လက္နက္အင္အား ၿပိဳင္ဆိုင္မႈအဆင့္တစ္တစ္ခုကို ေရာက္လာႏိုင္မည္ဟု ႐ုရွားႏိုင္ငံျခား ေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္ကဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္ႏွင့္ ေတာင္အာဖရိကႏိုင္ငံမ်ားပါဝင္သည့္ BRICS ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးတြင္  ဇူလိုင္ ၂၆ ရက္က ေျပာၾကားလိုက္ပါတယ္။“အေကာင္အထည္ေဖာ္ေနၿပီျဖစ္တဲ့ အေမရိကန္ရဲ႕ အာကာသအတြင္း လက္နက္တပ္ဆင္မႈအေပၚ ကြၽန္ေတာ္တို႔ စိုးရိမ္ပါတယ္။ ဒါဟာ လက္နက္ၿပိဳင္ဆိုင္မႈ တစ္ခုျဖစ္လာႏိုင္ပါတယ္” လို႔ လာေရာ့ဗ္က ဆိုပါတယ္။

အာကာသအတြင္း လက္နက္မတပ္ဆင္ေရး အဆိုျပဳခ်က္ မူၾကမ္းကို ႐ုရွားႏွင့္ တ႐ုတ္တို႔က ဂ်နီဗာတြင္ က်င္းပသည့္ လက္နက္ဖ်က္သိမ္းေရး ညီလာခံတြင္ တင္သြင္းၿပီးျဖစ္ေၾကာင္းႏွင့္ ယင္းအစီအစဥ္အား  BRICS ႏိုင္ငံမ်ားကကုလသမဂၢအေထြေထြညီလာခံမ်ားတြင္ ေထာက္ခံေပးျခင္း အေပၚ ဝမ္းေျမာက္ပါေၾကာင္း လာေရာ့ဗ္က ေျပာပါတယ္။ႏိုင္ငံအမ်ားအျပားက စစ္ေရးအသုံးစရိတ္မ်ားကို တိုးျမႇင့္ေနျခင္းႏွင့္ ဆယ္စုႏွစ္ႏွင့္ခ်ီ၍ ၾကာျမင့္ေနၿပီးျဖစ္ေသာ မဟာဗ်ဴဟာက်သည့္ တည္ၿငိမ္ေရး အစီအစဥ္ေရးဆြဲမႈမ်ားကို ၿခိမ္းေျခာက္ေနေၾကာင္းလည္း ၎က ေျပာပါတယ္။

“စိုးရိမ္စရာေကာင္းတဲ့ ဥပမာေတြကေတာ့ အေမရိကန္အေနနဲ႔ ဒုံးက်ည္ကာကြယ္ေရးသေဘာတူစာခ်ဳပ္နဲ႔ New START (မဟာဗ်ဴဟာ န်ဴကလီးယားေလွ်ာ့ခ်ေရးသေဘာတူစာခ်ဳပ္) ကို ခ်ိဳးေဖာ္ေနျခင္းပါပဲ။ INF (တာလတ္သုံး န်ဴကလီးယား လက္နက္မ်ား) သေဘာတူစာခ်ဳပ္နဲ႔ ပတ္သက္လို႔လည္း မေသခ်ာမႈေတြ ရွိေနပါတယ္။ ဒီသေဘာတူညီခ်က္ကို သက္တမ္းတိုးဖို႔ မိမိတို႔ဘက္က အႀကံျပဳထားေပမယ့္ အေမရိကန္ အစိုးရက တုံ႔ျပန္မႈ မျပဳေသးပါဘူး” ဟု လာေရာ့ဗ္က ေျပာၾကားခဲ့ပါတယ္။

Linko
Ref: Tass
ေမာ္စကို၊ဇူလိုင္ ၂၇