အမေရိကန်၏ ကတိချိုးဖောက်မှုကကုန်သွယ်ရေးဆွေးနွေးမှုကိုအဟန့်အတားသစ်များ ဖြစ်စေဟုတရုတ်ပြော

 အမေရိကန်၏ ကတိချိုးဖောက်မှုကကုန်သွယ်ရေးဆွေးနွေးမှုကိုအဟန့်အတားသစ်များ ဖြစ်စေဟုတရုတ်ပြော

တရုတ်နှင့် အမေရိကန်တို့၏ စီးပွားရေးနှင့် ကုန်သွယ်ရေးအဆင့်မြင့် ကိုယ်စားလှယ်များ ၁၂ ကြိမ်မြောက် ဆွေးနွေးပွဲကိုဇူလိုင်လကုန်က ပြီးဆုံးခဲ့ရာတွင် စက်တင်ဘာလအတွင်း နှစ်ဖက် ညှိနှိုင်းရေးအကြီးအကဲများ၏ တွေ့ဆုံမှုအတွက် ပြင်ဆင်ရန် ယခုလအတွင်းညှိနှိုင်းမှုများတိုးမြှင့် လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ သို့သော် တရုတ်နိုင်ငံမှ တင်ပို့မည့် ကုန်ပစ္စည်းတန်ဖိုးဒေါ်လာ ၃၀၀ ဘီလျံအပေါ် စက်တင်ဘာ ၁ ရက်မှ စတင်၍ အခွန်နောက်ထပ် ၁၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမယ်လို့ အမေရိကန်ကတစ်ဖက်သက် ရုတ်တရက် ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ယင်းလုပ်ဆောင်ချက်သည် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ အစည်းအဝေးတွင် နှစ်ဖက်ရရှိခဲ့သည့် သဘောတူညီချက်များကို ချိုးဖောက်ရာရောက်ပြီး ကုန်သွယ်ရေးဆွေးနွေးမှုအတွက် ကြီးမားသည့် ပြဿနာ ဖြစ်ပေါ်လာစေပါတယ်။ ယင်းကဲ့သို့ ကတိချိုးဖောက်မှုမျိုးကို အမေရိကန်က ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်းမဟုတ်သလို နိုင်ငံတကာ ဆက်ဆံရေး အခြေခံနှုန်းများကို လည်းထိခိုက်စေပါတယ်။ တရုတ် ကုန်ပစ္စည်းများ အပေါ် အခွန်ကောက်ခံမှုအသစ်များလုပ်ဆောင်တော့မှာမဟုတ်ဘူးလို့ အိုဆာကာမြို့မှာအမေရိကန်ဘက်မှ ဇွန် ၂၉ ရက်တွင် ကတိပေး ခဲ့တဲ့အတွက် နိုင်ငံတကာဈေးကွက်တွေ အတွက် အနည်းငယ် သက်သာမှုရစေမယ်လို့ သတ်မှတ်ခဲ့ပါတယ်။

၁၂ ကြိမ်မြောက် တရုတ်-အမေရိကန် အဆင့်မြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲဟာအပြုသဘောဆောင်တယ်လို့ အိမ်ဖြူတော် ကထုတ်ပြန်ခဲ့ပြီး ၂၇ နာရီအကြာ သြဂုတ် ၁ ရက်မှာတရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံမယ်လို့ ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။

ယင်းဆုံးဖြတ်ကြောင့် နိုင်ငံတကာဈေးကွက်မှာယုံကြည်မှု ကျဆင်းသွားစေပြီးအမေရိကန်စတော့ ဈေးကွက်များ သိသိသာသာ ကျဆင်းကာ ကမ္ဘာ့စတော့ ဈေးကွက်ကိုပါ ထိခိုက်စေခဲ့ပါတယ်။ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ နိုင်ငံရဲ့ ဂျီဒီပီတိုးတက်နှုန်းဟာယခုနှစ်၏ ဒုတိယ ၃ လပတ်တွင် ၂ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ကာပထမ ၃ လ၏ ၃ ဒသမ ၁ ရာခိုင်နှုန်းထက် လျော့နည်း သွားကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များမလုံလောက်ခြင်းကို ပြသနေကြောင်းဖော်ပြထားပါတယ်။

ထို့ပြင် တရုတ်နှင့် စီးပွားရေး၊ ကုန်သွယ်ရေး ပြဿနာများသည် ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်၏ စိုက်ပျိုးရေး ထုတ်ကုန်များဈေးကွက် အားနည်းချက်ကိုပိုမိုဆိုးရွားစေကြောင်းသုံးသပ်ထားပါတယ်။

Linko
Ref:People.cn
ဘေကျင်း၊သြဂုတ် ၆

(  Zawgyi  )

 တ႐ုတ္ႏွင့္ အေမရိကန္တို႔၏ စီးပြားေရးႏွင့္ ကုန္သြယ္ေရးအဆင့္ျမင့္ ကိုယ္စားလွယ္မ်ား ၁၂ ႀကိမ္ေျမာက္ ေဆြးေႏြးပြဲကိုဇူလိုင္လကုန္က ၿပီးဆုံးခဲ့ရာတြင္ စက္တင္ဘာလအတြင္း ႏွစ္ဖက္ ညႇိႏႈိင္းေရးအႀကီးအကဲမ်ား၏ ေတြ႕ဆုံမႈအတြက္ ျပင္ဆင္ရန္ ယခုလအတြင္းညႇိႏႈိင္းမႈမ်ားတိုးျမႇင့္ လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့ၾကပါတယ္။ သို႔ေသာ္ တ႐ုတ္ႏိုင္ငံမွ တင္ပို႔မည့္ ကုန္ပစၥည္းတန္ဖိုးေဒၚလာ ၃၀၀ ဘီလ်ံအေပၚ စက္တင္ဘာ ၁ ရက္မွ စတင္၍ အခြန္ေနာက္ထပ္ ၁၀ ရာခိုင္ႏႈန္းတိုးျမႇင့္ေကာက္ခံမယ္လို႔ အေမရိကန္ကတစ္ဖက္သက္ ႐ုတ္တရက္ ထုတ္ျပန္ေၾကညာ လိုက္ပါတယ္။

ယင္းလုပ္ေဆာင္ခ်က္သည္ ဂ်ပန္ႏိုင္ငံ၊ အိုဆာကာၿမိဳ႕ အစည္းအေဝးတြင္ ႏွစ္ဖက္ရရွိခဲ့သည့္ သေဘာတူညီခ်က္မ်ားကို ခ်ိဳးေဖာက္ရာေရာက္ၿပီး ကုန္သြယ္ေရးေဆြးေႏြးမႈအတြက္ ႀကီးမားသည့္ ျပႆနာ ျဖစ္ေပၚလာေစပါတယ္။ ယင္းကဲ့သို႔ ကတိခ်ိဳးေဖာက္မႈမ်ိဳးကို အေမရိကန္က ပထမဆုံးအႀကိမ္ လုပ္ေဆာင္ျခင္းမဟုတ္သလို ႏိုင္ငံတကာ ဆက္ဆံေရး အေျခခံႏႈန္းမ်ားကို လည္းထိခိုက္ေစပါတယ္။ တ႐ုတ္ ကုန္ပစၥည္းမ်ား အေပၚ အခြန္ေကာက္ခံမႈအသစ္မ်ားလုပ္ေဆာင္ေတာ့မွာမဟုတ္ဘူးလို႔ အိုဆာကာၿမိဳ႕မွာအေမရိကန္ဘက္မွ ဇြန္ ၂၉ ရက္တြင္ ကတိေပး ခဲ့တဲ့အတြက္ ႏိုင္ငံတကာေဈးကြက္ေတြ အတြက္ အနည္းငယ္ သက္သာမႈရေစမယ္လို႔ သတ္မွတ္ခဲ့ပါတယ္။

၁၂ ႀကိမ္ေျမာက္ တ႐ုတ္-အေမရိကန္ အဆင့္ျမင့္ စီးပြားေရးႏွင့္ ကုန္သြယ္ေရးေဆြးေႏြးပြဲဟာအျပဳသေဘာေဆာင္တယ္လို႔ အိမ္ျဖဴေတာ္ ကထုတ္ျပန္ခဲ့ၿပီး ၂၇ နာရီအၾကာ ၾသဂုတ္ ၁ ရက္မွာတ႐ုတ္ကုန္ပစၥည္းေတြအေပၚ အခြန္ေကာက္ခံမယ္လို႔ ေၾကညာခဲ့ျခင္း ျဖစ္ပါတယ္။

ယင္းဆုံးျဖတ္ေၾကာင့္ ႏိုင္ငံတကာေဈးကြက္မွာယုံၾကည္မႈ က်ဆင္းသြားေစၿပီးအေမရိကန္စေတာ့ ေဈးကြက္မ်ား သိသိသာသာ က်ဆင္းကာ ကမာၻ႔စေတာ့ ေဈးကြက္ကိုပါ ထိခိုက္ေစခဲ့ပါတယ္။ အေမရိကန္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနရဲ႕ ေနာက္ဆုံးထုတ္ျပန္ခ်က္မွာေတာ့ ႏိုင္ငံရဲ႕ ဂ်ီဒီပီတိုးတက္ႏႈန္းဟာယခုႏွစ္၏ ဒုတိယ ၃ လပတ္တြင္ ၂ ဒသမ ၁ ရာခိုင္ႏႈန္းရွိခဲ့ကာပထမ ၃ လ၏ ၃ ဒသမ ၁ ရာခိုင္ႏႈန္းထက္ ေလ်ာ့နည္း သြားေၾကာင္း၊ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္႐ြက္ခ်က္မ်ားမလုံေလာက္ျခင္းကို ျပသေနေၾကာင္းေဖာ္ျပထားပါတယ္။

ထို႔ျပင္ တ႐ုတ္ႏွင့္ စီးပြားေရး၊ ကုန္သြယ္ေရး ျပႆနာမ်ားသည္ ကမာၻ႔ေဈးကြက္တြင္ အေမရိကန္၏ စိုက္ပ်ိဳးေရး ထုတ္ကုန္မ်ားေဈးကြက္ အားနည္းခ်က္ကိုပိုမိုဆိုး႐ြားေစေၾကာင္းသုံးသပ္ထားပါတယ္။

Linko
Ref:People.cn
ေဘက်င္း၊ၾသဂုတ္ ၆