အမေရိကန်၏ ပင်လယ်ကွေ့ညွန့်ပေါင်းတပ် ဖွဲ့စည်းထားချိန်တွင် အီရန်၏ တိုက်ခိုက်မှုများ လျော့ကျသွား

   အမေရိကန်၏ ပင်လယ်ကွေ့ညွန့်ပေါင်းတပ် ဖွဲ့စည်းထားချိန်တွင် အီရန်၏ တိုက်ခိုက်မှုများ လျော့ကျသွား

ဟော့မုဇ်ရေလက်ကြားတွင် အီရန်တို့က သင်္ဘောများအား ဖမ်းဆီးနေမှုကို အမေရိကန်ဦးဆောင် သည့် ပါရှန်း ပင်လယ်ကွေ့ရှိ  မဟာမိတ်တပ်များက ထိရောက်စွာ ဟန့်တားနိုင်ကြောင်းနှင့် အီရန်အနေဖြင့် ဒေသတွင်း၌ အမေရိကန် ၏ အင်အားကို စိန်ခေါ်မှု လုပ်နိုင်ရန် နည်းလမ်းသစ်တစ်ခုကို ရှာဖွေနေကြောင်း လေ့လာသုံးသပ်သူများက ပြောကြားပါတယ်။

ဘာရိန်းနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တရားဝင် ရုံးခန်း ဖွင့်လှစ်ခဲ့သည့် ပင်တဂွန်ညွန့်ပေါင်းတပ်ဖွဲ့ Sentinel သည် ယခုနှစ် အစောပိုင်း မှ စတင်ခဲ့လုပ်ဆောင်ခဲ့သည့် အီရန်၏ ရန်စတိုက်ခိုက်မှုများကို တုန့်ပြန်ရန် အမေရိကန်အစိုးရ၏ အဓိကကျသည့် ဌာနတစ်ခုဖြစ်ပါတယ်။  နိုင်ငံတကာ ရေလမ်းကြောင်းမှ သွားလာသည့် ကုန်သွယ်သင်္ဘောများကို တိုက်ခိုက်ခြင်း၊ ဗြိတိန် ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးခြင်းနှင့် အမေရိကန် စစ်တပ်ဒရုန်းတစ်စင်းတို့အား ပစ်ချခြင်းတို့ကို အီရန်က လုပ်ဆောင်ကြောင်း သံသယရှိခဲ့ပါတယ်။

ယခုအခါ Sentinel တပ်ဖွဲ့အနေဖြင့် အီရန်ကမ်းရိုးတန်းအနီး အဓိကကျ သည့် လမ်းကြောင်းများတွင် ကင်းလှည့်ရန် ရေတပ်သင်္ဘောများကို ထားရှိပါတယ်။ နိုင်ငံတကာမှ ပါဝင်ဆောင်ရွက်မည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူများက မျှော်လင့်ထားခဲ့သော်လည်း လက်ရှိဖြစ်ပွားနေသည့် အမေရိကန်နှင့် အီရန်တို့၏ တင်းမာမှုများ ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်သောကြောင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့သည့် ယင်းအစီအစဉ်ကို အဓိက မဟာမိတ်အများအပြားက ငြင်းဆိုခဲ့ပါတယ်။

ယခုညွန့်ပေါင်းတပ်ဖွဲ့တွင် ပါဝင်သည့် နိုင်ငံများမှာ ဗြိတိန်၊ ဩစတြေးလျ၊ ဘာရိန်း၊ ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် ပြီးခဲ့သည့် သီတင်းပတ်တွင် စတင် ပူးပေါင်းလာသည့် အယ်ဘေးနီးယားနိုင်ငံတို့ ဖြစ်ပါတယ်။အဆိုပါ ညွန့်ပေါင်းတပ်ဖွဲ့စည်း ထူထောင်လိုက်ချိန်တွင် ဟော့မုဇ်ရေ လက်ကြား ၌ အီရန်၏ တိုက်ခိုက်မှုများ လျော့ကျသွားသော်လည်း အီရန်၏ မတည်ငြိမ်အောင် လုပ်ဆောင်ရေးဗျူဟာနှင့် အမေရိကန်နှင့် အရှေ့အလယ်ပိုင်း မိတ်ဖက်နိုင်ငံများ၏  ဆက်ဆံရေးကို ဖြတ်တောက်နိုင် ရန် ဆောင်ရွက်မှုအပေါ် ထိရောက်မှုများစွာ မရှိသေးကြောင်း   ကျွမ်းကျင် သူများက လေ့လာသုံးသပ်ပါတယ်။

“Sentinel ညွန့်ပေါင်းတပ်ဖွဲ့ကြောင့် ပါရှန်းပင်လယ်ကွေ့မှာ အီရန်ရဲ့ ရန်လိုမှု ကျဆင်းသွားတာ မှန်ပေမယ့် သူတို့အနေနဲ့ ပင်လယ်ပြင် လမ်းကြောင်းကနေ အခြားနည်းလမ်းကို ရွေးချယ်နိုင်သေးတယ်ဆိုတာ မေ့မထားဖို့ လိုပါတယ်” ဟု Foundation for Defense of Democracies အဖွဲ့၏ အီရန်နိုင်ငံအား စောင့်ကြည့်လေ့လာသူ အကြီး တန်း ပညာရှင် ဘာနန်ဘန်တာလေဘလူက ပြောပါတယ်။

“မေးခွန်းတစ်ခုက အီရန်က အခြားနည်းလမ်းကို ပြောင်းသွားပြီလား။ ဒါမှမဟုတ် ဒီဒေသမှာ အမေရိကန်ရဲ့ လုပ်ဆောင်ချက်က အီရန်အပေါ် သက်ရောက်မှုရှိသွားပြီလား။ Sentinel ညွန့်ပေါင်းအဖွဲ့အနေနဲ့ နိုင်ငံတကာ က ပိုမိုကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု ရမှသာ အီရန်ရဲ့ အခြားနည်းလမ်းတွေကိုလည်း ဟန့်တားနိုင်မှာ ဖြစ်ပါတယ်”  ဟု ၎င်းက ပြောကြားပါတယ်။

Sentinel သည် ကာလတိုအတွက်သာ အလုပ်ဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောပါတယ်။ အီရန်အနေဖြင့် အခြားနည်းလမ်းများကို ရွေးချယ် လာရာတွင် စက်တင်ဘာလအတွင်းက ဆော်ဒီအာရေဗျ ရေနံချက်စက်ရုံ အား တိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်သည်ဟု သံသယရှိခဲ့ပါတယ်။ အမေရိကန်နှင့် ဥရောပနိုင်ငံများက သတိပေးသော်လည်း နျူကလီးယား အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

အီရန်၏ ပင်လယ်ရေကြောင်း ရန်စမှုများကို ညွန့်ပေါင်းတပ်ဖွဲ့ကဟန့်တား နိုင်သော်လည်း အဆိုပါနိုင်ငံအနေ ဖြင့် အမေရိကန်နှင့် ပါရှန်း ပင်လယ်ကွေ့ ဒေသ မဟာမိတ်များအကြား ခွဲထုတ်ဖို့ အစီအစဉ်ကို လုပ်ဆောင်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားပါတယ်။အမေရိကန် က အဆိုပါ ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာပြီး နောက် စက်တင်ဘာလအတွင်းက ကုလသမဂ္ဂ၌ ပြောကြားခဲ့သည့် မိန့်ခွန်း တွင် အီရန်သမ္မတရိုဟန်နီက ဟော့မုဇ်ဒေသငြိမ်းချမ်းရေး အစီ အစဉ် (Hormuz Peace Endeavor) အား ထုတ်ဖော်ပြောကြားလိုက်ပြီး ယင်းရေလက်ကြား၌ ကုန်သွယ်သင်္ဘောများ လုံခြုံရေး အတွက် နိုင်ငံများ စုစည်းသွားမည်လို့ ဖော်ပြခဲ့ပါတယ်။

Linko
Ref: washingtontimes.com
ဝါရှင်တန်၊နိုဝင်ဘာ ၁၅

(  Zawgyi  )

ေဟာ့မုဇ္ေရလက္ၾကားတြင္ အီရန္တို႔က သေဘၤာမ်ားအား ဖမ္းဆီးေနမႈကို အေမရိကန္ဦးေဆာင္ သည့္ ပါရွန္း ပင္လယ္ေကြ႕ရွိ  မဟာမိတ္တပ္မ်ားက ထိေရာက္စြာ ဟန႔္တားႏိုင္ေၾကာင္းႏွင့္ အီရန္အေနျဖင့္ ေဒသတြင္း၌ အေမရိကန္ ၏ အင္အားကို စိန္ေခၚမႈ လုပ္ႏိုင္ရန္ နည္းလမ္းသစ္တစ္ခုကို ရွာေဖြေနေၾကာင္း ေလ့လာသုံးသပ္သူမ်ားက ေျပာၾကားပါတယ္။

ဘာရိန္းႏိုင္ငံတြင္ ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းက တရားဝင္ ႐ုံးခန္း ဖြင့္လွစ္ခဲ့သည့္ ပင္တဂြန္ၫြန႔္ေပါင္းတပ္ဖြဲ႕ Sentinel သည္ ယခုႏွစ္ အေစာပိုင္း မွ စတင္ခဲ့လုပ္ေဆာင္ခဲ့သည့္ အီရန္၏ ရန္စတိုက္ခိုက္မႈမ်ားကို တုန႔္ျပန္ရန္ အေမရိကန္အစိုးရ၏ အဓိကက်သည့္ ဌာနတစ္ခုျဖစ္ပါတယ္။  ႏိုင္ငံတကာ ေရလမ္းေၾကာင္းမွ သြားလာသည့္ ကုန္သြယ္သေဘၤာမ်ားကို တိုက္ခိုက္ျခင္း၊ ၿဗိတိန္ေရနံတင္သေဘၤာတစ္စင္းကို ဖမ္းဆီးျခင္းႏွင့္ အေမရိကန္ စစ္တပ္ဒ႐ုန္းတစ္စင္းတို႔အား ပစ္ခ်ျခင္းတို႔ကို အီရန္က လုပ္ေဆာင္ေၾကာင္း သံသယရွိခဲ့ပါတယ္။

ယခုအခါ Sentinel တပ္ဖြဲ႕အေနျဖင့္ အီရန္ကမ္း႐ိုးတန္းအနီး အဓိကက် သည့္ လမ္းေၾကာင္းမ်ားတြင္ ကင္းလွည့္ရန္ ေရတပ္သေဘၤာမ်ားကို ထားရွိပါတယ္။ ႏိုင္ငံတကာမွ ပါဝင္ေဆာင္႐ြက္မည္ဟု အေမရိကန္အစိုးရ တာဝန္ရွိသူမ်ားက ေမွ်ာ္လင့္ထားခဲ့ေသာ္လည္း လက္ရွိျဖစ္ပြားေနသည့္ အေမရိကန္ႏွင့္ အီရန္တို႔၏ တင္းမာမႈမ်ား ပိုမိုျမင့္တက္လာမည္ကို စိုးရိမ္ေသာေၾကာင့္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ပူးေပါင္းရန္ ဖိတ္ေခၚခဲ့သည့္ ယင္းအစီအစဥ္ကို အဓိက မဟာမိတ္အမ်ားအျပားက ျငင္းဆိုခဲ့ပါတယ္။

ယခုၫြန႔္ေပါင္းတပ္ဖြဲ႕တြင္ ပါဝင္သည့္ ႏိုင္ငံမ်ားမွာ ၿဗိတိန္၊ ဩစေၾတးလ်၊ ဘာရိန္း၊ ေဆာ္ဒီအာေရဗ်၊ ယူေအအီးႏွင့္ ၿပီးခဲ့သည့္ သီတင္းပတ္တြင္ စတင္ ပူးေပါင္းလာသည့္ အယ္ေဘးနီးယားႏိုင္ငံတို႔ ျဖစ္ပါတယ္။အဆိုပါ ၫြန႔္ေပါင္းတပ္ဖြဲ႕စည္း ထူေထာင္လိုက္ခ်ိန္တြင္ ေဟာ့မုဇ္ေရ လက္ၾကား ၌ အီရန္၏ တိုက္ခိုက္မႈမ်ား ေလ်ာ့က်သြားေသာ္လည္း အီရန္၏ မတည္ၿငိမ္ေအာင္ လုပ္ေဆာင္ေရးဗ်ဴဟာႏွင့္ အေမရိကန္ႏွင့္ အေရွ႕အလယ္ပိုင္း မိတ္ဖက္ႏိုင္ငံမ်ား၏  ဆက္ဆံေရးကို ျဖတ္ေတာက္ႏိုင္ ရန္ ေဆာင္႐ြက္မႈအေပၚ ထိေရာက္မႈမ်ားစြာ မရွိေသးေၾကာင္း   ကြၽမ္းက်င္ သူမ်ားက ေလ့လာသုံးသပ္ပါတယ္။

“Sentinel ၫြန႔္ေပါင္းတပ္ဖြဲ႕ေၾကာင့္ ပါရွန္းပင္လယ္ေကြ႕မွာ အီရန္ရဲ႕ ရန္လိုမႈ က်ဆင္းသြားတာ မွန္ေပမယ့္ သူတို႔အေနနဲ႔ ပင္လယ္ျပင္ လမ္းေၾကာင္းကေန အျခားနည္းလမ္းကို ေ႐ြးခ်ယ္ႏိုင္ေသးတယ္ဆိုတာ ေမ့မထားဖို႔ လိုပါတယ္” ဟု Foundation for Defense of Democracies အဖြဲ႕၏ အီရန္ႏိုင္ငံအား ေစာင့္ၾကည့္ေလ့လာသူ အႀကီး တန္း ပညာရွင္ ဘာနန္ဘန္တာေလဘလူက ေျပာပါတယ္။

“ေမးခြန္းတစ္ခုက အီရန္က အျခားနည္းလမ္းကို ေျပာင္းသြားၿပီလား။ ဒါမွမဟုတ္ ဒီေဒသမွာ အေမရိကန္ရဲ႕ လုပ္ေဆာင္ခ်က္က အီရန္အေပၚ သက္ေရာက္မႈရွိသြားၿပီလား။ Sentinel ၫြန႔္ေပါင္းအဖြဲ႕အေနနဲ႔ ႏိုင္ငံတကာ က ပိုမိုက်ယ္က်ယ္ျပန႔္ျပန႔္ ေထာက္ခံမႈ ရမွသာ အီရန္ရဲ႕ အျခားနည္းလမ္းေတြကိုလည္း ဟန႔္တားႏိုင္မွာ ျဖစ္ပါတယ္”  ဟု ၎က ေျပာၾကားပါတယ္။

Sentinel သည္ ကာလတိုအတြက္သာ အလုပ္ျဖစ္ႏိုင္ေၾကာင္းလည္း ၎က ေျပာပါတယ္။ အီရန္အေနျဖင့္ အျခားနည္းလမ္းမ်ားကို ေ႐ြးခ်ယ္ လာရာတြင္ စက္တင္ဘာလအတြင္းက ေဆာ္ဒီအာေရဗ် ေရနံခ်က္စက္႐ုံ အား တိုက္ခိုက္မႈကို ၎တို႔ လုပ္ေဆာင္သည္ဟု သံသယရွိခဲ့ပါတယ္။ အေမရိကန္ႏွင့္ ဥေရာပႏိုင္ငံမ်ားက သတိေပးေသာ္လည္း န်ဴကလီးယား အစီအစဥ္ကို ဆက္လက္လုပ္ေဆာင္ခဲ့ပါတယ္။

အီရန္၏ ပင္လယ္ေရေၾကာင္း ရန္စမႈမ်ားကို ၫြန႔္ေပါင္းတပ္ဖြဲ႕ကဟန႔္တား ႏိုင္ေသာ္လည္း အဆိုပါႏိုင္ငံအေန ျဖင့္ အေမရိကန္ႏွင့္ ပါရွန္း ပင္လယ္ေကြ႕ ေဒသ မဟာမိတ္မ်ားအၾကား ခြဲထုတ္ဖို႔ အစီအစဥ္ကို လုပ္ေဆာင္ႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာၾကားပါတယ္။အေမရိကန္ က အဆိုပါ ၫြန႔္ေပါင္းတပ္ဖြဲ႕ ဖြဲ႕စည္းေၾကာင္း ေၾကညာၿပီး ေနာက္ စက္တင္ဘာလအတြင္းက ကုလသမဂၢ၌ ေျပာၾကားခဲ့သည့္ မိန႔္ခြန္း တြင္ အီရန္သမၼတ႐ိုဟန္နီက ေဟာ့မုဇ္ေဒသၿငိမ္းခ်မ္းေရး အစီ အစဥ္ (Hormuz Peace Endeavor) အား ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး ယင္းေရလက္ၾကား၌ ကုန္သြယ္သေဘၤာမ်ား လုံၿခဳံေရး အတြက္ ႏိုင္ငံမ်ား စုစည္းသြားမည္လို႔ ေဖာ္ျပခဲ့ပါတယ္။

Linko
Ref: washingtontimes.com
ဝါရွင္တန္၊ႏိုဝင္ဘာ ၁၅