အမေရိကန် ခြိမ်းခြောက်နေသည့်ကြားက အီရန် ရေနံဆက်လက်ရောင်းချ

အမေရိကန် ခြိမ်းခြောက်နေသည့်ကြားက အီရန် ရေနံဆက်လက်ရောင်းချ

အမေရိကန်ဘက်က အီရန်ကို ဖိအားပေးခြိမ်းခြောက်တာ၊ ဟန့်တားတာတွေ လုပ်နေပေမဲ့ အီရန်ကတော့ ရေနံဆက်လက်ရောင်းချနေဆဲ ဖြစ်ပါတယ်။

မြေထဲပင်လယ် ဆိပ်ကမ်းတစ်ခုမှာ Adrian Darya 1 အမည်ရှိ အီရန် ရေနံတင်သင်္ဘော ဆိုက်ကပ်ပြီး၊ ကုန်ချပေးခဲ့တယ်ဆိုတဲ့ သတင်းကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကိုယ်တိုင် အခုလ ၈ ရက်နေ့မှာ အတည်ပြုခဲ့တာပဲ ဖြစ်ပါတယ်။

အဖျက်အမှောင့်ပေးတာတွေရှိပေမဲ့ သင်္ဘောပိုင်ရှင်က အနာဂတ်အတွက် ရည်ရွယ်ပြီး အခုလိုဆုံးဖြတ်ခဲ့တာလို့လည်း အဲဒီပုဂ္ဂိုလ်က IRNA သတင်းဌာနကို ပြောသွားပါတယ်။

ရေနံရောင်းချမှုနဲ့ ပတ်သက်လို့ အီရန်က တစ်နည်းမဟုတ်၊ အခြားတစ်နည်းနဲ့ ရောင်းချမှာဖြစ်လို့ အဖျက်အမှောင့်လုပ်ရပ်တွေ လုပ်လည်း သက်ရောက်မှာမဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

အီရန် ရေနံတင်သင်္ဘော ဖမ်းဆီးမှုမှာ အမေရိကန်ရဲ့ လုပ်ရပ်က ပင်လယ်ရေကြောင်းဥပဒေ၊ နိုင်ငံတကာရေကြောင်းအဖွဲ့ ချမှတ်တဲ့ စည်းမျဉ်းတွေ အပါအဝင် နိုင်ငံတကာစည်းမျဉ်းတွေကို ချိုးဖောက်ရာလည်းရောက်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်တုန်းကလည်း Grace 1 အီရန် ရေနံတင်သင်္ဘော ဂျီဘရော်တာကျွန်းကို ဖြတ်စဉ်မှာ ကုလသမဂ္ဂ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်မှုသံသယနဲ့ ဗြိတိန်က ဖမ်းဆီးခဲ့ပါတယ်။အဲဒီသင်္ဘောဟာ ဆီးရီးယားကို ရေနံတင်ပို့တဲ့ သင်္ဘောလို့ ဗြိတိန်ဘက်က ယူဆထားတာ ဖြစ်ပါတယ်။

အီရန်ကတော့ ပင်လယ်ဓားပြတွေရဲ့လုပ်ရပ်နဲ့ ခိုင်းနှိုင်းပြောဆိုပြီး ဗြိတိန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။

ရည်မွန်
တီဟီရန်၊ စက်တင်ဘာ - ၉
Ref : Telesurenglish

( Zawgyi )

အေမရိကန္ဘက္က အီရန္ကို ဖိအားေပးၿခိမ္းေျခာက္တာ၊ ဟန႔္တားတာေတြ လုပ္ေနေပမဲ့ အီရန္ကေတာ့ ေရနံဆက္လက္ေရာင္းခ်ေနဆဲ ျဖစ္ပါတယ္။

ေျမထဲပင္လယ္ ဆိပ္ကမ္းတစ္ခုမွာ Adrian Darya 1 အမည္ရွိ အီရန္ ေရနံတင္သေဘၤာ ဆိုက္ကပ္ၿပီး၊ ကုန္ခ်ေပးခဲ့တယ္ဆိုတဲ့ သတင္းကို အီရန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူကိုယ္တိုင္ အခုလ ၈ ရက္ေန႔မွာ အတည္ျပဳခဲ့တာပဲ ျဖစ္ပါတယ္။

အဖ်က္အေမွာင့္ေပးတာေတြရွိေပမဲ့ သေဘၤာပိုင္ရွင္က အနာဂတ္အတြက္ ရည္႐ြယ္ၿပီး အခုလိုဆုံးျဖတ္ခဲ့တာလို႔လည္း အဲဒီပုဂၢိဳလ္က IRNA သတင္းဌာနကို ေျပာသြားပါတယ္။

ေရနံေရာင္းခ်မႈနဲ႔ ပတ္သက္လို႔ အီရန္က တစ္နည္းမဟုတ္၊ အျခားတစ္နည္းနဲ႔ ေရာင္းခ်မွာျဖစ္လို႔ အဖ်က္အေမွာင့္လုပ္ရပ္ေတြ လုပ္လည္း သက္ေရာက္မွာမဟုတ္ေၾကာင္း ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

အီရန္ ေရနံတင္သေဘၤာ ဖမ္းဆီးမႈမွာ အေမရိကန္ရဲ႕ လုပ္ရပ္က ပင္လယ္ေရေၾကာင္းဥပေဒ၊ ႏိုင္ငံတကာေရေၾကာင္းအဖြဲ႕ ခ်မွတ္တဲ့ စည္းမ်ဥ္းေတြ အပါအဝင္ ႏိုင္ငံတကာစည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ရာလည္းေရာက္တယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္ ၄ ရက္တုန္းကလည္း Grace 1 အီရန္ ေရနံတင္သေဘၤာ ဂ်ီဘေရာ္တာကြၽန္းကို ျဖတ္စဥ္မွာ ကုလသမဂၢ ပိတ္ဆို႔အေရးယူမႈေတြကို ခ်ိဳးေဖာက္မႈသံသယနဲ႔ ၿဗိတိန္က ဖမ္းဆီးခဲ့ပါတယ္။အဲဒီသေဘၤာဟာ ဆီးရီးယားကို ေရနံတင္ပို႔တဲ့ သေဘၤာလို႔ ၿဗိတိန္ဘက္က ယူဆထားတာ ျဖစ္ပါတယ္။

အီရန္ကေတာ့ ပင္လယ္ဓားျပေတြရဲ႕လုပ္ရပ္နဲ႔ ခိုင္းႏႈိင္းေျပာဆိုၿပီး ၿဗိတိန္ရဲ႕ စြပ္စြဲခ်က္ေတြကို ျငင္းပယ္ခဲ့ပါတယ္။

ရည္မြန္
တီဟီရန္၊ စက္တင္ဘာ - ၉
Ref : Telesurenglish