အမေရိကန် ဗဟိုဘဏ် အတိုးနှုန်းလျှော့ချဖို့ ပြင်နေချိန် ဒေါ်လာဈေးကျ အာရှတစ်ခွင် စတော့ရှယ်ယာဈေးတက်

အမေရိကန် ဗဟိုဘဏ် အတိုးနှုန်းလျှော့ချဖို့ ပြင်နေချိန် ဒေါ်လာဈေးကျ အာရှတစ်ခွင် စတော့ရှယ်ယာဈေးတက်

အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းလျှော့ဖို့ ပြင်ဆင်နေချိန် ဒေါ်လာတွေ ဈေးကျသွားပြီး၊ အာရှမှာတော့ စတော့ရှယ်ယာဈေး မြင့်တက်သွားပါတယ်။

ဘဏ်တိုးနှုန်းလျှော့မယ့် အစီအစဉ် ဒီလထဲလုပ်ဆောင်သွားဖို့ ဗဟိုဘဏ် ဥက္ကဋ္ဌ Jerome Powell က တွန်းအားပေးခဲ့ပြီးနောက် အခုလ ၁၁ ရက်နေ့မှာ ဒေါ်လာဈေးတွေ ကျသွားတာပါ။

စိတ်ပျက်စရာကောင်းတဲ့ စက်ရုံအခြေအနေ၊ ငွေကြေးဖောင်းပွမှုနဲ့ ကုန်သွယ်ရေးစစ်ကြောင့် အမေရိကန်ရဲ့ စီးပွားရေးဟာ စိုးရိမ်ပူပန်ရတဲ့ အနေအထားမှာပဲ ရှိသေးတယ်လို့ ဇူလိုင် ၁၀ ရက်နေ့က ကွန်ဂရက်ကြီးကြပ်ရေးမှူးတွေရှေ့မှာ မစ္စတာ Powell က အတည်ပြု ပြောဆိုလိုက်ပါတယ်။ဘယ်အခြေအနေဖြစ်ဖြစ် ဗဟိုဘဏ်က အလျဉ်းသင့်သလို ဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်လို့လည်း သူက ပြောပါတယ်။

ဂျပန်နိုင်ငံမပါ MSCI ရဲ့ အာရှပစိဖိတ် ရှယ်ယာဈေး ၀ ဒသမ ၈ ရာခိုင်နှုန်း၊ ဂျပန် Nikkei ရှယ်ယာဈေး ၀ ဒသမ ၄ ရာခိုင်နှုန်း၊ ရှန်ဟိုင်းမှာတော့ ၀ ဒသမ ၈ ရာခိုင်နှုန်းနဲ့ တောင်ကိုရီးယား KOSPI ရှယ်ယာဈေး ၁ ရာခိုင်နှုန်း၊ သြစတြေးလျမှာ ၀ ဒသမ ၃ ရာခိုင်နှုန်း အသီးသီးမြင့်တက်သွားခဲ့ပါတယ်။

ဗဟိုဘဏ် ဥက္ကဋ္ဌရဲ့ ဘဏ်တိုးနှုန်းလျှော့ပေးမယ့် သတင်းကြောင့် အခုလ ၁၀ ရက်နေ့က အမေရိကန် စတော့ဈေးကွက် S & P 500 မှာ မကြံစဖူး ပထမဆုံး indexအမှတ် ၃၀၀၀ ကျော်အထိ ထိုးတက်သွားသလို၊ အမေရိကန်က တခြားရှယ်ယာဈေးကွက်တွေလည်း အမြင့်ဆုံးအထိ တက်ခဲ့ပါတယ်။

ဗဟိုဘဏ်တွေရဲ့ အတိုးနှုန်းလျှော့ချမှုက စတော့ရှယ်ယာ ဈေးတက်ရခြင်း အကြောင်းတစ်ခုထဲ ပါဝင်ပါတယ်။

ရည်မွန်သော်
ဝါရှင်တန်၊ ဇူလိုင် - ၁၁

( Zawgyi )

အေမရိကန္ ဗဟိုဘဏ္က အတိုးႏႈန္းေလွ်ာ့ဖို႔ ျပင္ဆင္ေနခ်ိန္ ေဒၚလာေတြ ေဈးက်သြားၿပီး၊ အာရွမွာေတာ့ စေတာ့ရွယ္ယာေဈး ျမင့္တက္သြားပါတယ္။

ဘဏ္တိုးႏႈန္းေလွ်ာ့မယ့္ အစီအစဥ္ ဒီလထဲလုပ္ေဆာင္သြားဖို႔ ဗဟိုဘဏ္ ဥကၠ႒ Jerome Powell က တြန္းအားေပးခဲ့ၿပီးေနာက္ အခုလ ၁၁ ရက္ေန႔မွာ ေဒၚလာေဈးေတြ က်သြားတာပါ။

စိတ္ပ်က္စရာေကာင္းတဲ့ စက္႐ုံအေျခအေန၊ ေငြေၾကးေဖာင္းပြမႈနဲ႔ ကုန္သြယ္ေရးစစ္ေၾကာင့္ အေမရိကန္ရဲ႕ စီးပြားေရးဟာ စိုးရိမ္ပူပန္ရတဲ့ အေနအထားမွာပဲ ရွိေသးတယ္လို႔ ဇူလိုင္ ၁၀ ရက္ေန႔က ကြန္ဂရက္ႀကီးၾကပ္ေရးမႉးေတြေရွ႕မွာ မစၥတာ Powell က အတည္ျပဳ ေျပာဆိုလိုက္ပါတယ္။ဘယ္အေျခအေနျဖစ္ျဖစ္ ဗဟိုဘဏ္က အလ်ဥ္းသင့္သလို ေဆာင္႐ြက္ေပးဖို႔ အသင့္ရွိပါတယ္လို႔လည္း သူက ေျပာပါတယ္။

ဂ်ပန္ႏိုင္ငံမပါ MSCI ရဲ႕ အာရွပစိဖိတ္ ရွယ္ယာေဈး ၀ ဒသမ ၈ ရာခိုင္ႏႈန္း၊ ဂ်ပန္ Nikkei ရွယ္ယာေဈး ၀ ဒသမ ၄ ရာခိုင္ႏႈန္း၊ ရွန္ဟိုင္းမွာေတာ့ ၀ ဒသမ ၈ ရာခိုင္ႏႈန္းနဲ႔ ေတာင္ကိုရီးယား KOSPI ရွယ္ယာေဈး ၁ ရာခိုင္ႏႈန္း၊ ၾသစေၾတးလ်မွာ ၀ ဒသမ ၃ ရာခိုင္ႏႈန္း အသီးသီးျမင့္တက္သြားခဲ့ပါတယ္။

ဗဟိုဘဏ္ ဥကၠ႒ရဲ႕ ဘဏ္တိုးႏႈန္းေလွ်ာ့ေပးမယ့္ သတင္းေၾကာင့္ အခုလ ၁၀ ရက္ေန႔က အေမရိကန္ စေတာ့ေဈးကြက္ S & P 500 မွာ မႀကံစဖူး ပထမဆုံး indexအမွတ္ ၃၀၀၀ ေက်ာ္အထိ ထိုးတက္သြားသလို၊ အေမရိကန္က တျခားရွယ္ယာေဈးကြက္ေတြလည္း အျမင့္ဆုံးအထိ တက္ခဲ့ပါတယ္။

ဗဟိုဘဏ္ေတြရဲ႕ အတိုးႏႈန္းေလွ်ာ့ခ်မႈက စေတာ့ရွယ္ယာ ေဈးတက္ရျခင္း အေၾကာင္းတစ္ခုထဲ ပါဝင္ပါတယ္။

ရည္မြန္ေသာ္
ဝါရွင္တန္၊ ဇူလိုင္ - ၁၁