အယ်လ်ဘေးနီးယားမြို့တော်ကိုဗဟိုပြုကာ ပြင်းအား ၅ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သဖြင့် ပျက်စီးမှုဖြစ်ပေါ်

အယ်လ်ဘေးနီးယားမြို့တော်ကိုဗဟိုပြုကာ ပြင်းအား ၅ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သဖြင့် ပျက်စီးမှုဖြစ်ပေါ်

အယ်လ်ဘေးနီးယားမြို့တော်အနီး တီရားနားအနောက်ဘက် ကီလိုမီတာ ၃၀ အကွာကို ဗဟိုပြုကာ စနေ့နေ့က ပြင်းအားမဂ္ဂနီကျူ့  ၅ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ငလျင်ဗဟိုချက်မှာ မြို့တော် တီးရားနားအနောက်ဘက် ကီလိုမီတာ ၄၀ အနည်းဆုံးကွာဝေးတဲ့ ဒူရက်စ်မြို့အနီးမြေအောက် ၁၀ ကီလိုမီတာ အနက်ကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနကဆိုပါတယ်။    

ဒေသခံတွေအဆိုအရ ငလျင်လှုပ်ခတ်မှုက ပြင်းလွန်းတဲ့ အတွက် သိသိသာသာခံစားရပြီး ဒေသခံတွေ လမ်းပေါ်အမြန်ပြေးထွက်ခဲ့ရတယ်လို့ ဆိုပါတယ်။မြို့တော် တီရားနားမှာ လျှပ်စစ်ပြတ်တောက် ခဲ့ပြီး အနီးနားရှိ ရွာတွေမှာ ပြိုကျတာတွေ ဖြစ်ခဲ့တယ်ဆိုပါတယ်။

ထိခိုက်ပျက်ဆီးဆုံးရှုံးမှုအခြေအနေကို မသိရသေးပေမယ့် ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဒူရက်စ်မှာ ဆိုးဆိုး ဝါးဝါး ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ဒေသတွင်းသတင်းတွေအရ တီရားနားနဲ့ ၁၀ ကီလိုမီတာ ကွာဝေးတဲ့ ဟဲလ်မီစ်ရွာမှာ နေအိမ်တွေ ဒါဇင်နဲ့ချီပြီး ပြိုကျခဲ့ကာ အနည်းဆုံး လူနှစ်ဦးဒဏ်ရာ အနည်း ငယ် ရခဲ့တယ်လို့ ဆိုပါတယ်။

Linko
Ref:AFP
တီရာနား၊စက်တင်ဘာ ၂၁

(  Zawgyi )

 အယ္လ္ေဘးနီးယားၿမိဳ႕ေတာ္အနီး တီရားနားအေနာက္ဘက္ ကီလိုမီတာ ၃၀ အကြာကို ဗဟိုျပဳကာ စေန႔ေန႔က ျပင္းအားမဂၢနီက်ဴ႕  ၅ဒသမ ၆ အဆင့္ရွိ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့တယ္လို႔ အေမရိကန္ ဘူမိေဗဒ တိုင္းတာေရးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

ငလ်င္ဗဟိုခ်က္မွာ ၿမိဳ႕ေတာ္ တီးရားနားအေနာက္ဘက္ ကီလိုမီတာ ၄၀ အနည္းဆုံးကြာေဝးတဲ့ ဒူရက္စ္ၿမိဳ႕အနီးေျမေအာက္ ၁၀ ကီလိုမီတာ အနက္ကို ဗဟိုျပဳကာ လႈပ္ခတ္ခဲ့တာလို႔ အေမရိကန္ ဘူမိေဗဒ တိုင္းတာေရးဌာနကဆိုပါတယ္။    

ေဒသခံေတြအဆိုအရ ငလ်င္လႈပ္ခတ္မႈက ျပင္းလြန္းတဲ့ အတြက္ သိသိသာသာခံစားရၿပီး ေဒသခံေတြ လမ္းေပၚအျမန္ေျပးထြက္ခဲ့ရတယ္လို႔ ဆိုပါတယ္။ၿမိဳ႕ေတာ္ တီရားနားမွာ လွ်ပ္စစ္ျပတ္ေတာက္ ခဲ့ၿပီး အနီးနားရွိ ႐ြာေတြမွာ ၿပိဳက်တာေတြ ျဖစ္ခဲ့တယ္ဆိုပါတယ္။

ထိခိုက္ပ်က္ဆီးဆုံးရႈံးမႈအေျခအေနကို မသိရေသးေပမယ့္ ကမ္း႐ိုးတန္းၿမိဳ႕ျဖစ္တဲ့ ဒူရက္စ္မွာ ဆိုးဆိုး ဝါးဝါး ပ်က္ဆီးခဲ့တယ္လို႔ သိရပါတယ္။ေဒသတြင္းသတင္းေတြအရ တီရားနားနဲ႔ ၁၀ ကီလိုမီတာ ကြာေဝးတဲ့ ဟဲလ္မီစ္႐ြာမွာ ေနအိမ္ေတြ ဒါဇင္နဲ႔ခ်ီၿပီး ၿပိဳက်ခဲ့ကာ အနည္းဆုံး လူႏွစ္ဦးဒဏ္ရာ အနည္း ငယ္ ရခဲ့တယ္လို႔ ဆိုပါတယ္။

Linko
Ref:AFP
တီရာနား၊စက္တင္ဘာ ၂၁