အသုဘတစ်ခုကို ဘိုကိုဟားမားစစ်သွေးကြွများ တိုက်ခိုက်သဖြင့် သေဆုံးသူ ၆၅ ဦးထိ မြင့်တက်

 အသုဘတစ်ခုကို ဘိုကိုဟားမားစစ်သွေးကြွများ တိုက်ခိုက်သဖြင့် သေဆုံးသူ ၆၅ ဦးထိ မြင့်တက်

နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းပြည်နယ် ဘိုနိုပြည်နယ်ထဲက အသုဘတစ်ခုကို ယခုရက် သတ္တပတ် အဆုံးက  ဘိုကိုဟာရမ်စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ သေဆုံးသူ ၆၅ ဦးထိ မြင်တက် လာခဲ့တယ်လို့ သုံးခါတိတိစာရင်းကောက်ယူအပြီး အာဏာပိုင်တွေက ဆိုပါတယ်။

ဒေသတွင်းမြို့တော်ဖြစ်တဲ့ မိဒူဂူရီက ရွာတစ်ရွာမှာ သေနတ်သမားတွေ သဲကြီးမဲကြီး တိုက်ခိုက် မှုအတွင်း ပိတ်မိနေခဲ့ရာမှာ သေဆုံးခဲ့သူတွေရဲ့ ခန္ဓာကိုယ်တွေကို ဒါဇင်နဲ့ချီပြီး တနင်္ဂနွေနေ့က ရှာတွေ့ခဲ့ တယ်ဆိုပါတယ်။ ဒေသတွင်းအစိုးရအကြီးအကဲ မူဟာမက်ဘူလ်လမာက “၆၅ ဦးသေ ဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်” လို့ ဆိုပါတယ်။

ဘူလ်မာက ဖြည့်စွက်ပြောဆိုခဲ့ရာမှာ ကနဦးတိုက်ခိုက်မှုအတွင်း ဈာပနအတွက် စုရုံးနေသူထဲက ၂၀ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။တိုက်ခိုက်မှုပြီးနောက် လူဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ တယ်ဆိုပါ တယ်။ ဒေသတွင်းရှိ ဘိုကိုဟားမား ဆန့်ကျင် တိုက်ခိုက် ရေးသမားခေါင်းဆောင်က ယခုသေဆုံးသူ အရေအတွက်ကို အတည်ပြုခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအရေအတွက်ကွဲပြားမှုက အနည်းငယ်သာရှိမယ်လို့ ဆိုပါတယ်။

ဘူနူဘူကာမူစတာဖာက သတင်းဌာနကိုပြောခဲ့ရာမှာ သေဆုံးသူတွေအနက် ၂၃ ဦးက အသုဘကနေ ပြန်လာတဲ့ သူတွေ ဖြစ်ပြီး ကျန် ၄၂ ဦးက အကြမ်းဖက်သမားတွေသတ်ဖြတ်တာခံရတာလို့ ဆိုပါတယ်။
 
Linko
Ref:news24.com
လာဂိုစ့်၊ဇူလိုင် ၃၀

(  Zawgyi  )

 ႏိုင္ဂ်ီးရီးယားအေရွ႕ေျမာက္ပိုင္းျပည္နယ္ ဘိုႏိုျပည္နယ္ထဲက အသုဘတစ္ခုကို ယခုရက္ သတၱပတ္ အဆုံးက  ဘိုကိုဟာရမ္စစ္ေသြးႂကြေတြ ဝင္ေရာက္တိုက္ခိုက္ခဲ့ရာမွာ ေသဆုံးသူ ၆၅ ဦးထိ ျမင္တက္ လာခဲ့တယ္လို႔ သုံးခါတိတိစာရင္းေကာက္ယူအၿပီး အာဏာပိုင္ေတြက ဆိုပါတယ္။

ေဒသတြင္းၿမိဳ႕ေတာ္ျဖစ္တဲ့ မိဒူဂူရီက ႐ြာတစ္႐ြာမွာ ေသနတ္သမားေတြ သဲႀကီးမဲႀကီး တိုက္ခိုက္ မႈအတြင္း ပိတ္မိေနခဲ့ရာမွာ ေသဆုံးခဲ့သူေတြရဲ႕ ခႏၶာကိုယ္ေတြကို ဒါဇင္နဲ႔ခ်ီၿပီး တနဂၤေႏြေန႔က ရွာေတြ႕ခဲ့ တယ္ဆိုပါတယ္။ ေဒသတြင္းအစိုးရအႀကီးအကဲ မူဟာမက္ဘူလ္လမာက “၆၅ ဦးေသ ဆုံးၿပီး ၁၀ ဦးဒဏ္ရာရခဲ့တယ္” လို႔ ဆိုပါတယ္။

ဘူလ္မာက ျဖည့္စြက္ေျပာဆိုခဲ့ရာမွာ ကနဦးတိုက္ခိုက္မႈအတြင္း ဈာပနအတြက္ စု႐ုံးေနသူထဲက ၂၀ေက်ာ္ ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။တိုက္ခိုက္မႈၿပီးေနာက္ လူဒါဇင္နဲ႔ခ်ီၿပီး ေသဆုံးခဲ့ တယ္ဆိုပါ တယ္။ ေဒသတြင္းရွိ ဘိုကိုဟားမား ဆန႔္က်င္ တိုက္ခိုက္ ေရးသမားေခါင္းေဆာင္က ယခုေသဆုံးသူ အေရအတြက္ကို အတည္ျပဳခဲ့ၿပီး ဒီတိုက္ခိုက္မႈေၾကာင့္ ထိခိုက္ေသဆုံးမႈအေရအတြက္ကြဲျပားမႈက အနည္းငယ္သာရွိမယ္လို႔ ဆိုပါတယ္။

ဘူႏူဘူကာမူစတာဖာက သတင္းဌာနကိုေျပာခဲ့ရာမွာ ေသဆုံးသူေတြအနက္ ၂၃ ဦးက အသုဘကေန ျပန္လာတဲ့ သူေတြ ျဖစ္ၿပီး က်န္ ၄၂ ဦးက အၾကမ္းဖက္သမားေတြသတ္ျဖတ္တာခံရတာလို႔ ဆိုပါတယ္။
 
Linko
Ref:news24.com
လာဂိုစ့္၊ဇူလိုင္ ၃၀