အာဖဂန်စစ်ပွဲ ဆယ်နှစ်တာ အတွင်း အရပ်သားတစ်သိန်းကျော် ထိခိုက်သေကြေခဲ့ဟု ကုလဆို

အာဖဂန်စစ်ပွဲ ဆယ်နှစ်တာ အတွင်း အရပ်သားတစ်သိန်းကျော် ထိခိုက်သေကြေခဲ့ဟု ကုလဆို

အာဖဂန်နစ္စတန်တွင် ဖြစ်ပွားသည့် စစ်ပွဲကြောင့် ပြီးခဲ့သည့် ဆယ်နှစ်တာအတွင်း ထိခိုက်သေဆုံး သူ အရပ်သားအရေအတွက် တစ်သိန်းကျော်ရှိကြောင်း ကုလသမဂ္ဂက စနေနေ့က ထုတ်ပြန်ခဲ့ပါ တယ်။

ယခုထုတ်ပြန်ချက်မှာ အမေရိကန်နှင့်တာလီဘန်များ အကြား အကြမ်းဖက်မှုများ လျော့နည်း စေရန် သဘောတူညီမှုရရှိပြီး နာရီပိုင်းအကြာမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး လာမည့် ရက်သတ္တပတ် အတွင်း တာလီဘန်နှင့် အမေရိကန်ကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီး ပါက အမေရိကန်တပ်များ အာဖဂန်နစ္စတန်မှ ရုပ်သိမ်းမှာ ဖြစ်ပါတယ်။

မြို့ပြစစ်ပွဲတွေထဲမှာ အာဖဂန်စစ်ပွဲက ဆိုးဝါးလှသည့် မှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး ခြောက်နှစ် အတွင်း အရပ်သားသေဆုံးမှုမှာ ပြီးခဲ့သည့်နှစ်က ကျဆင်းခဲ့တယ်လို့ ကုလက ဆိုပါတယ်။

အမေရိကန်နှင့် တာလီဘန်ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်သည့် နှစ်များအတွင်း နှစ်ဘက် ကြား ထိခိုက်သေဆုံးမှုတိုးလာတာကို ကုလက အချက်အလက်များနှင့် အတူပြသခဲ့ပါတယ်။

ကုလအထောက်အကူပြုအဖွဲ့များက ပြုစုခဲ့သည့် မှတ်တမ်းများအရ ၂၀၁၉ခုနှစ် အတွင်း အရပ်သား ၃၄၀၀ သေဆုံးခဲ့ပြီး ၇၀၀၀ နီးပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ မှတ်တမ်းအရ ယခင်နှစ်ကထက် ၅ ရခိုင်နူန်းလျော့ကျခဲ့တာ ဖြစ်ပါတယ်။

“ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကနေ အာဖဂန်မှာရှိတဲ့ ဘယ်ပုဂ္ဂိုလ် မဆို ပုဂ္ဂလိကထိခိုက်မှုကနေ မလွတ်မြောက်ဘူး”လို့  UNAMA အကြီးအကဲ တာမာမီချီမိုတို က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

Linko
Ref: stripes.com
ကဘူးလ်၊ ဖေဖေါ်ဝါရီ ၂၂

(  Zawgyi  )

 အာဖဂန္နစၥတန္တြင္ ျဖစ္ပြားသည့္ စစ္ပြဲေၾကာင့္ ၿပီးခဲ့သည့္ ဆယ္ႏွစ္တာအတြင္း ထိခိုက္ေသဆုံး သူ အရပ္သားအေရအတြက္ တစ္သိန္းေက်ာ္ရွိေၾကာင္း ကုလသမဂၢက စေနေန႔က ထုတ္ျပန္ခဲ့ပါ တယ္။

ယခုထုတ္ျပန္ခ်က္မွာ အေမရိကန္ႏွင့္တာလီဘန္မ်ား အၾကား အၾကမ္းဖက္မႈမ်ား ေလ်ာ့နည္း ေစရန္ သေဘာတူညီမႈရရွိၿပီး နာရီပိုင္းအၾကာမွာ ထုတ္ျပန္ခဲ့တာျဖစ္ၿပီး လာမည့္ ရက္သတၱပတ္ အတြင္း တာလီဘန္ႏွင့္ အေမရိကန္ၾကား ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ လက္မွတ္ေရးထိုးၿပီး ပါက အေမရိကန္တပ္မ်ား အာဖဂန္နစၥတန္မွ ႐ုပ္သိမ္းမွာ ျဖစ္ပါတယ္။

ၿမိဳ႕ျပစစ္ပြဲေတြထဲမွာ အာဖဂန္စစ္ပြဲက ဆိုးဝါးလွသည့္ မွတ္တိုင္တစ္ခုျဖစ္ခဲ့ၿပီး ေျခာက္ႏွစ္ အတြင္း အရပ္သားေသဆုံးမႈမွာ ၿပီးခဲ့သည့္ႏွစ္က က်ဆင္းခဲ့တယ္လို႔ ကုလက ဆိုပါတယ္။

အေမရိကန္ႏွင့္ တာလီဘန္ၾကား ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ျပဳလုပ္သည့္ ႏွစ္မ်ားအတြင္း ႏွစ္ဘက္ ၾကား ထိခိုက္ေသဆုံးမႈတိုးလာတာကို ကုလက အခ်က္အလက္မ်ားႏွင့္ အတူျပသခဲ့ပါတယ္။

ကုလအေထာက္အကူျပဳအဖြဲ႕မ်ားက ျပဳစုခဲ့သည့္ မွတ္တမ္းမ်ားအရ ၂၀၁၉ခုႏွစ္ အတြင္း အရပ္သား ၃၄၀၀ ေသဆုံးခဲ့ၿပီး ၇၀၀၀ နီးပါးထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါ မွတ္တမ္းအရ ယခင္ႏွစ္ကထက္ ၅ ရခိုင္ႏူန္းေလ်ာ့က်ခဲ့တာ ျဖစ္ပါတယ္။

“ အၾကမ္းဖက္မႈေတြ ဆက္လက္ျဖစ္ပြားေနတဲ့ အၾကမ္းဖက္မႈေတြကေန အာဖဂန္မွာရွိတဲ့ ဘယ္ပုဂၢိဳလ္ မဆို ပုဂၢလိကထိခိုက္မႈကေန မလြတ္ေျမာက္ဘူး”လို႔  UNAMA အႀကီးအကဲ တာမာမီခ်ီမိုတို က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

Linko
Ref: stripes.com
ကဘူးလ္၊ ေဖေဖၚဝါရီ ၂၂