အာဖဂန်နစ္စတန်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါကစ္စတန်ပါဝင်ကူညီဖို့ ထရမ့်တိုက်တွန်း

အာဖဂန်နစ္စတန်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါကစ္စတန်ပါဝင်ကူညီဖို့ ထရမ့်တိုက်တွန်း

ပါကစ္စတန်အနေနဲ့ အိမ်နီးချင်းအာဖဂန်နစ္စတန်ရဲ့စစ်ပွဲအဆုံးသတ်ရေးမှာ ပါဝင်ကူညီဖို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်း လိုက် ပါတယ်။ ဇူလိုင်လ ၂၂ ရက်နေ့က အိမ်ဖြူတော်မှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းနဲ့ လက်ခံတွေ့ဆုံစဉ် ထရမ့်က အခုလိုပဲတိုက်တွန်းတာပါ။

ပါကစ္စတန်နဲ့ဆက်ဆံရေး ပြန်လည်ပြုပြင်နိုင်ဖို့နဲ့ အာဖဂန်စစ်ပွဲအတွက် ကူညီပေးဖို့ တိုက်တွန်းလိုတဲ့ ရည်ရွယ် ချက်နဲ့ သမ္မတထရမ့်က ဝန်ကြီးချုပ် အင်မရန်ခန်းကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦးတွေ့ ဆုံချိန်မှာ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်မှုနဲ့ ကုန်သွယ်ရေးအပါအဝင် အာဖဂန်နစ္စတန်ငြိမ်းချမ်းရေးမှာ ပါဝင်ကူညီရေး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အာဖဂန်နစ္စတန်မှာ တပ်ဖြန့်ထားတဲ့ အမေရိကန်တပ်တွေ တိုင်းပြည်ပြန် လာနိုင်ဖို့အတွက် ဝန်ကြီးချုပ် အင်မရန်ခန်း အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်မှာ ပါဝင်ကူညီမယ်လို့ မျှော်လင့်ကြောင်းကိုလည်း သမ္မတ ဒေါ်နယ်လ်ထရမ့် က ပြောကြားသွားပါတယ်။

ပါကစ္စတန်သာဖိအားပေးမယ်ဆိုရင် တာလီဘန်တွေ ထာဝရ အပစ် အခတ်ရပ်စဲရေး သဘောတူညီမှုရတဲ့အထိ ဖြစ်လာလိမ့်မယ်လို့လည်း အာဏာပိုင်တွေက ယုံကြည်နေပါတယ်။

သမ္မတထရမ့်ကတော့ ၁၈နှစ်ကြာအာဖဂန်စစ်ပွဲအဆုံးသတ်ရေးနဲ့ အမေရိကန်တပ်တွေကို ပြန်ရုတ်သိမ်းလိုတဲ့ အကြောင်း ထပ်တလဲလဲ ပြောဆိုလာခဲ့ပါတယ်။

သူ့အနေနဲ့ အာဖဂန်စစ်ပွဲကို တစ်ပတ်အတွင်း နိုင်အောင်တိုက်နိုင်ပေမဲ့ ဒေသခံ ၁ဝသန်း အသက်ဆုံးရှုံးရမှာကို မလိုလားဘူးလို့လည်း ဆိုပါ တယ်။ အာဖဂန်နစ္စတန်အရေးကို စစ်ရေးအရ ဖြေရှင်းဖို့ပြင်ဆင်ခဲ့ပေမဲ့ သူသာ စစ်အောင်နိုင်ဖို့ကိုသာလိုလားရင် ဒီကမ္ဘာမှာ အာဖဂန်နစ္စတန် ရှိမှာ မဟုတ်တော့ဘူးဆိုတဲ့အကြောင်းကိုလည်း ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

ဝန်ကြီးချုပ်အင်မရန်ခန်းကလည်း အာဖဂန်ငြိမ်းချမ်းရေးအဖြေရှာတဲ့ လုပ်ငန်းစဉ်သာလျှင် ပိုမိုကောင်းမွန်တဲ့နည်းလမ်းဆိုတာကို သဘော တူခဲ့ပြီး၊ စစ်ရေးအရဖြေရှင်းမယ်ဆိုရင် လူသန်းပေါင်းများစွာ သေကြေ ပျက်စီးနိုင်တယ်ဆိုတဲ့အချက်ကိုလည်း ထောက်ခံလိုက်ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်အင်မရန်ခန်းဟာ ပြီးခဲ့တဲ့ ၂၁ ရက်နေ့က အမေရိကန် ကို ရောက်ရှိလာတာဖြစ်ပါတယ်။ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီးကတည်းက အမေရိကန်-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့တာ ဖြစ်ပါတယ်။ ပါကစ္စတန်ဟာ အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ ဆက်နွှယ်မှုရှိပြီး၊ အမေရိကန်ရဲ့ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ပါဝင်မှု မရှိတာကြောင့် ဆက်ဆံရေးတင်းမာလာခဲ့တာဖြစ်ပါတယ်။

ရည်မွန်သော်
Ref: theglobeandmail
၀ါရှင်တန်၊ဇူလိုင် ၂၃

(  Zawgyi  )

 ပါကစၥတန္အေနနဲ႔ အိမ္နီးခ်င္းအာဖဂန္နစၥတန္ရဲ့စစ္ပြဲအဆုံးသတ္ေရးမွာ ပါဝင္ကူညီဖို႔ အေမရိကန္သမၼတ ေဒၚနယ္လ္ထရမ့္က တိုက္တြန္း လိုက္ ပါတယ္။ ဇူလိုင္လ ၂၂ ရက္ေန႔က အိမ္ျဖဴေတာ္မွာ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ အင္မရန္ခန္းနဲ႔ လက္ခံေတြ႕ဆုံစဥ္ ထရမ့္က အခုလိုပဲတိုက္တြန္းတာပါ။

ပါကစၥတန္နဲ႔ဆက္ဆံေရး ျပန္လည္ျပဳျပင္နိုင္ဖို႔နဲ႔ အာဖဂန္စစ္ပြဲအတြက္ ကူညီေပးဖို႔ တိုက္တြန္းလိုတဲ့ ရည္ရြယ္ ခ်က္နဲ႔ သမၼတထရမ့္က ဝန္ႀကီးခ်ဳပ္ အင္မရန္ခန္းကို ဖိတ္ၾကားခဲ့တာျဖစ္ပါတယ္။

ေခါင္းေဆာင္ႏွစ္ဦးေတြ႕ ဆုံခ်ိန္မွာ ႏွစ္နိုင္ငံဆက္ဆံေရးတိုးျမႇင့္မႈနဲ႔ ကုန္သြယ္ေရးအပါအဝင္ အာဖဂန္နစၥတန္ၿငိမ္းခ်မ္းေရးမွာ ပါဝင္ကူညီေရး ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

အာဖဂန္နစၥတန္မွာ တပ္ျဖန႔္ထားတဲ့ အေမရိကန္တပ္ေတြ တိုင္းျပည္ျပန္ လာနိုင္ဖို႔အတြက္ ဝန္ႀကီးခ်ဳပ္ အင္မရန္ခန္း အေနနဲ႔ ၿငိမ္းခ်မ္းေရး လုပ္ငန္း စဥ္မွာ ပါဝင္ကူညီမယ္လို႔ ေမၽွာ္လင့္ေၾကာင္းကိုလည္း သမၼတ ေဒၚနယ္လ္ထရမ့္ က ေျပာၾကားသြားပါတယ္။

ပါကစၥတန္သာဖိအားေပးမယ္ဆိုရင္ တာလီဘန္ေတြ ထာဝရ အပစ္ အခတ္ရပ္စဲေရး သေဘာတူညီမႈရတဲ့အထိ ျဖစ္လာလိမ့္မယ္လို႔လည္း အာဏာပိုင္ေတြက ယုံၾကည္ေနပါတယ္။

သမၼတထရမ့္ကေတာ့ ၁၈ႏွစ္ၾကာအာဖဂန္စစ္ပြဲအဆုံးသတ္ေရးနဲ႔ အေမရိကန္တပ္ေတြကို ျပန္႐ုတ္သိမ္းလိုတဲ့ အေၾကာင္း ထပ္တလဲလဲ ေျပာဆိုလာခဲ့ပါတယ္။

သူ႔အေနနဲ႔ အာဖဂန္စစ္ပြဲကို တစ္ပတ္အတြင္း နိုင္ေအာင္တိုက္နိုင္ေပမဲ့ ေဒသခံ ၁ဝသန္း အသက္ဆုံးရႈံးရမွာကို မလိုလားဘူးလို႔လည္း ဆိုပါ တယ္။ အာဖဂန္နစၥတန္အေရးကို စစ္ေရးအရ ေျဖရွင္းဖို႔ျပင္ဆင္ခဲ့ေပမဲ့ သူသာ စစ္ေအာင္နိုင္ဖို႔ကိုသာလိုလားရင္ ဒီကမၻာမွာ အာဖဂန္နစၥတန္ ရွိမွာ မဟုတ္ေတာ့ဘူးဆိုတဲ့အေၾကာင္းကိုလည္း ထုတ္ေဖာ္ေျပာဆို လိုက္ပါတယ္။

ဝန္ႀကီးခ်ဳပ္အင္မရန္ခန္းကလည္း အာဖဂန္ၿငိမ္းခ်မ္းေရးအေျဖရွာတဲ့ လုပ္ငန္းစဥ္သာလၽွင္ ပိုမိုေကာင္းမြန္တဲ့နည္းလမ္းဆိုတာကို သေဘာ တူခဲ့ၿပီး၊ စစ္ေရးအရေျဖရွင္းမယ္ဆိုရင္ လူသန္းေပါင္းမ်ားစြာ ေသေၾက ပ်က္စီးနိုင္တယ္ဆိုတဲ့အခ်က္ကိုလည္း ေထာက္ခံလိုက္ပါတယ္။

ပါကစၥတန္ဝန္ႀကီးခ်ဳပ္အင္မရန္ခန္းဟာ ၿပီးခဲ့တဲ့ ၂၁ ရက္ေန႔က အေမရိကန္ ကို ေရာက္ရွိလာတာျဖစ္ပါတယ္။ စက္တင္ဘာ ၁၁ ရက္ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ၿပီးကတည္းက အေမရိကန္-ပါကစၥတန္ ႏွစ္နိုင္ငံဆက္ဆံေရး တင္းမာခဲ့တာ ျဖစ္ပါတယ္။ ပါကစၥတန္ဟာ အစြန္းေရာက္ အၾကမ္းဖက္သမားေတြနဲ႔ ဆက္ႏႊယ္မႈရွိၿပီး၊ အေမရိကန္ရဲ့ အၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရးလုပ္ငန္းစဥ္ေတြမွာ ပူးေပါင္း ပါဝင္မႈ မရွိတာေၾကာင့္ ဆက္ဆံေရးတင္းမာလာခဲ့တာျဖစ္ပါတယ္။

ရည္မြန္ေသာ္
Ref: theglobeandmail
၀ါရွင္တန္၊ဇူလိုင္ ၂၃