အာဖဂန်နစ္စတန်တွင် တာလီဘန်တို့က ဆေးရုံအနီး ကားဗုံးခွဲတိုက်ခိုက်သဖြင့် လူနှစ်ဆယ်ကျော် သေဆုံးကာ ၉၅ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့က ဆေးရုံအနီး ကားဗုံးခွဲတိုက်ခိုက်သဖြင့် လူနှစ်ဆယ်ကျော် သေဆုံးကာ ၉၅ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ဆေးရုံတစ်ခုအနီးနားမှာ တာလီဘန်တို့က ကားဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့လို့  အနည်းဆုံး လူနှစ်ဆယ် သေဆုံးပြီး ၉၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ယခုတိုက်ခိုက်မှုမှာ ဇာဘူလ်ပြည်နယ်မြို့တော် ကွာလတ်ရှိ အစိုးရစုံစမ်းစစ်ဆေးရေးဌာန အဆောက်အဦးအနီးကို ဦးတည်တိုက်ခိုက်တာလို့ လက်နက်ကိုင်အုပ်စုက ဆိုပါတယ်။

တိုက်ခိုက်သူတွေက နိုင်ငံမှာ အားအကောင်းဆုံး လုံခြုံရေးအဖွဲ့အစည်းဖြစ်တဲ့ NDS အဖွဲ့ရဲ့ အခြေစိုက်လေ့ကျင့်ရေးနေရာကို ပစ်မှတ်ထား တိုက်ခိုက်လိုတာလို့ အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိက ဆိုပါတယ်။ဒါပေမယ့် ကားဗုံးက ဆေးရုံအပြင်ဘက် ဂိတ်ပေါက်ဝနားမှာ ထပေါက်သွားခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတွေက ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦးထဲကနေ ကျန်းမာရေးမကောင်းတဲ့သူနဲ့ ပါလာတဲ့ မိသားစုတွေ အများအပြားကို ရှောစောင်၊ စောင်တွေနဲ့ သယ်လာတာကို တွေ့ရပြီး ထိခိုက်ဒဏ်ရာရသူထဲက အချို့ကို အနီးနားက ကန်ဒါဟာရှိ ဆေးရုံကို ပို့ဆောင်ခဲ့တယ်ဆိုပါတယ်။

ကွာလတ်ပြည်နယ် ကောင်စီအဖွဲ့ဝင် ဟာဂျာအတ္တာ ဟာကွာဘာရန် က လူနှစ်ဆယ် သေဆုံးပြီး ၉၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဒီနေရာတစ်ဝိုက်ရှိသူတွေကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ဟာကွာဘာရန် က NDS အဆောက်အဦး ပျက်စီးခဲ့ပေမယ့် ဘယ်လောက်ထိခိုက် ဒဏ်ရာရသူရှိသလဲဆိုတာ မသိဘူးလို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ဆေးရုံထဲရှိနေတဲ့ အမျိုးသမီးတွေ၊ ကလေးတွေ၊ ဆေးရုံလုပ်သားတွေနဲ့ လူနာတွေ စိုးရိမ်ရတဲ့အထိ ထိခိုက်ဒဏ်ရာရခဲ့တယ် ဆိုပါတယ်။

Linko
Ref : aljazeera.com
ကဘူးလ်၊ စက်တင်ဘာ - ၁၉

( Zawgyi )

အာဖဂန္နစၥတန္ႏိုင္ငံ ေတာင္ပိုင္း ေဆး႐ုံတစ္ခုအနီးနားမွာ တာလီဘန္တို႔က ကားဗုံးေဖာက္ခြဲ တိုက္ခိုက္ခဲ့လို႔  အနည္းဆုံး လူႏွစ္ဆယ္ ေသဆုံးၿပီး ၉၅ ဦး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ တာဝန္ရွိသူေတြက ဆိုပါတယ္။

ယခုတိုက္ခိုက္မႈမွာ ဇာဘူလ္ျပည္နယ္ၿမိဳ႕ေတာ္ ကြာလတ္ရွိ အစိုးရစုံစမ္းစစ္ေဆးေရးဌာန အေဆာက္အဦးအနီးကို ဦးတည္တိုက္ခိုက္တာလို႔ လက္နက္ကိုင္အုပ္စုက ဆိုပါတယ္။

တိုက္ခိုက္သူေတြက ႏိုင္ငံမွာ အားအေကာင္းဆုံး လုံၿခဳံေရးအဖြဲ႕အစည္းျဖစ္တဲ့ NDS အဖြဲ႕ရဲ႕ အေျခစိုက္ေလ့က်င့္ေရးေနရာကို ပစ္မွတ္ထား တိုက္ခိုက္လိုတာလို႔ အာဖဂန္ ကာကြယ္ေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိက ဆိုပါတယ္။ဒါေပမယ့္ ကားဗုံးက ေဆး႐ုံအျပင္ဘက္ ဂိတ္ေပါက္ဝနားမွာ ထေပါက္သြားခဲ့တာလို႔ ဆိုပါတယ္။

ေဒသခံေတြက ေပါက္ကြဲမႈေၾကာင့္ ပ်က္စီးသြားတဲ့ အေဆာက္အဦးထဲကေန က်န္းမာေရးမေကာင္းတဲ့သူနဲ႔ ပါလာတဲ့ မိသားစုေတြ အမ်ားအျပားကို ေရွာေစာင္၊ ေစာင္ေတြနဲ႔ သယ္လာတာကို ေတြ႕ရၿပီး ထိခိုက္ဒဏ္ရာရသူထဲက အခ်ိဳ႕ကို အနီးနားက ကန္ဒါဟာရွိ ေဆး႐ုံကို ပို႔ေဆာင္ခဲ့တယ္ဆိုပါတယ္။

ကြာလတ္ျပည္နယ္ ေကာင္စီအဖြဲ႕ဝင္ ဟာဂ်ာအတၱာ ဟာကြာဘာရန္ က လူႏွစ္ဆယ္ ေသဆုံးၿပီး ၉၅ ဦး ထိခိုက္ဒဏ္ရာရခဲ့ကာ ဒီေနရာတစ္ဝိုက္ရွိသူေတြကို ေ႐ႊ႕ေျပာင္းေပးခဲ့တယ္လို႔ ဆိုပါတယ္။ဟာကြာဘာရန္ က NDS အေဆာက္အဦး ပ်က္စီးခဲ့ေပမယ့္ ဘယ္ေလာက္ထိခိုက္ ဒဏ္ရာရသူရွိသလဲဆိုတာ မသိဘူးလို႔ ဆိုပါတယ္။

ေပါက္ကြဲမႈေၾကာင့္ ေဆး႐ုံထဲရွိေနတဲ့ အမ်ိဳးသမီးေတြ၊ ကေလးေတြ၊ ေဆး႐ုံလုပ္သားေတြနဲ႔ လူနာေတြ စိုးရိမ္ရတဲ့အထိ ထိခိုက္ဒဏ္ရာရခဲ့တယ္ ဆိုပါတယ္။

Linko
Ref : aljazeera.com
ကဘူးလ္၊ စက္တင္ဘာ - ၁၉