အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ပထမအသုတ် စတင်ရုပ်သိမ်း

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ပထမအသုတ် စတင်ရုပ်သိမ်း

တာလီဘန်တို့၏ ငြိမ်းချမ်းရေးသဘောတူညီချက်အရ အမေရိကန်တပ်များကို  အာဖဂန်နစ္စတန်မှ ပထမအသုတ် စတင်ရုပ်သိမ်း နေပြီ ဖြစ်ကြောင်း အမေရိကန်စစ်တပ်က မတ်လ ၉ ရက်မှာ အတည်ပြုထုတ်ပြန်ပါတယ်။လာမည့် ၄ လခွဲအတွင်း တပ်ဖွဲ့ဝင်အရေအတွက်ကို ၁၃၀၀၀ မှ ၈၆၀၀ သို့ လျှော့ချသွားမည်ဟု အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဆန်နီလက်ဂက်က ပြောပါတယ်။

မူလအစီအစဉ်အတိုင်း ရာနှင့်ချီသည့် တပ်ဖွဲ့များ အာဖဂန်မှ စတင်ထွက်ခွာနေပြီဟု အခြားအမေရိကန်အရာရှိတစ်ဦးကလည်း ပြောပါတယ်။ အာဖဂန်နစ္စတန်တွင် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ အနိုင်ရကြောင်းကို လက်ရှိသမ္မတ အက်ရှ်ရက်ဂါနီ က ကြေညာထားသလို ၎င်းအနေဖြင့်  မဲလိမ်လည်အနိုင်ယူခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်နှင့် အတူ စွပ်စွဲထားသည့် ပြိုင်ဖက် အဗ္ဗဒူလာ အဘူလာကလည်း ကြေညာထားသောကြောင့် ၁၈ နှစ်ကြာ စစ်ပွဲကို အဆုံးသတ်ရန် မည်ကဲ့သို့ ဆက်လက် လုပ် ဆောင်ရမည်ကို အမေရိကန်အနေဖြင့် တွက်ချက်နေရဆဲ ဖြစ်ပါတယ်။

ယင်းအခြေအနေကြောင့် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအတွက် ထိခိုက်မှု ဖြစ်စေသလို တိုက်ခိုက်မှု များလည်း ထပ်မံ ဖြစ်ပေါ်လာနိုင်ပါတယ်။အမေရိကန်၏ တပ်ဖွဲ့ရုပ်သိမ်းရေးတွင် အာဖဂန်နစ္စန်၏ နိုင်ငံရေးတည်ငြိမ်မှုနှင့် မသက်ဆိုင်သလို အာဖဂန် နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့်လည်း သက်ဆိုင်ခြင်း ရှိမည်မဟုတ်ပေ။

အမေရိကန်နှင့် တာလီဘန်တို့၏ သဘောတူညီချက်တွင် အယ်ကိုင်ဒါအပါအဝင် မည်သည့်အဖွဲ့အစည်း သို့မဟုတ် တစ်စုံတစ်ဦးကမှ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ လုံခြုံရေးကို ခြိမ်းခြောက်ရန် အာဖဂန်နစ္စတန်ပိုင်နက်အား အသုံးမပြုရေး ပါဝင်ပါတယ်။ သဘောတူညီချက်အရ စာချုပ်ချုပ်ဆိုခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်မှ ၁၀ ရက်အတွင်း အမေရိကန်တပ်ဖွဲ့များကို ရုပ်သိမ်းခဲ့ခြင်း ဖြစ်ပါတယ်။

Linko
Ref: AP
ဝါရှင်တန်၊ မတ် ၁၀

(  Zawgyi  )

 တာလီဘန္တို႔၏ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္အရ အေမရိကန္တပ္မ်ားကို  အာဖဂန္နစၥတန္မွ ပထမအသုတ္ စတင္႐ုပ္သိမ္း ေနၿပီ ျဖစ္ေၾကာင္း အေမရိကန္စစ္တပ္က မတ္လ ၉ ရက္မွာ အတည္ျပဳထုတ္ျပန္ပါတယ္။လာမည့္ ၄ လခြဲအတြင္း တပ္ဖြဲ႕ဝင္အေရအတြက္ကို ၁၃၀၀၀ မွ ၈၆၀၀ သို႔ ေလွ်ာ့ခ်သြားမည္ဟု အာဖဂန္နစၥတန္မွ အေမရိကန္တပ္မ်ား၏ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္မႉးႀကီး ဆန္နီလက္ဂက္က ေျပာပါတယ္။

မူလအစီအစဥ္အတိုင္း ရာႏွင့္ခ်ီသည့္ တပ္ဖြဲ႕မ်ား အာဖဂန္မွ စတင္ထြက္ခြာေနၿပီဟု အျခားအေမရိကန္အရာရွိတစ္ဦးကလည္း ေျပာပါတယ္။ အာဖဂန္နစၥတန္တြင္ စက္တင္ဘာလအတြင္း ျပဳလုပ္ခဲ့သည့္ ေ႐ြးေကာက္ပြဲ၌ အႏိုင္ရေၾကာင္းကို လက္ရွိသမၼတ အက္ရွ္ရက္ဂါနီ က ေၾကညာထားသလို ၎အေနျဖင့္  မဲလိမ္လည္အႏိုင္ယူခဲ့ေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ အတူ စြပ္စြဲထားသည့္ ၿပိဳင္ဖက္ အဗၺဒူလာ အဘူလာကလည္း ေၾကညာထားေသာေၾကာင့္ ၁၈ ႏွစ္ၾကာ စစ္ပြဲကို အဆုံးသတ္ရန္ မည္ကဲ့သို႔ ဆက္လက္ လုပ္ ေဆာင္ရမည္ကို အေမရိကန္အေနျဖင့္ တြက္ခ်က္ေနရဆဲ ျဖစ္ပါတယ္။

ယင္းအေျခအေနေၾကာင့္ ဆက္လက္လုပ္ေဆာင္မည့္ လုပ္ငန္းစဥ္မ်ားအတြက္ ထိခိုက္မႈ ျဖစ္ေစသလို တိုက္ခိုက္မႈ မ်ားလည္း ထပ္မံ ျဖစ္ေပၚလာႏိုင္ပါတယ္။အေမရိကန္၏ တပ္ဖြဲ႕႐ုပ္သိမ္းေရးတြင္ အာဖဂန္နစၥန္၏ ႏိုင္ငံေရးတည္ၿငိမ္မႈႏွင့္ မသက္ဆိုင္သလို အာဖဂန္ ႏိုင္ငံလုံးဆိုင္ရာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ားႏွင့္လည္း သက္ဆိုင္ျခင္း ရွိမည္မဟုတ္ေပ။

အေမရိကန္ႏွင့္ တာလီဘန္တို႔၏ သေဘာတူညီခ်က္တြင္ အယ္ကိုင္ဒါအပါအဝင္ မည္သည့္အဖြဲ႕အစည္း သို႔မဟုတ္ တစ္စုံတစ္ဦးကမွ အေမရိကန္ႏွင့္ မဟာမိတ္ႏိုင္ငံမ်ား၏ လုံၿခဳံေရးကို ၿခိမ္းေျခာက္ရန္ အာဖဂန္နစၥတန္ပိုင္နက္အား အသုံးမျပဳေရး ပါဝင္ပါတယ္။ သေဘာတူညီခ်က္အရ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သည့္ ေဖေဖာ္ဝါရီ ၂၉ ရက္မွ ၁၀ ရက္အတြင္း အေမရိကန္တပ္ဖြဲ႕မ်ားကို ႐ုပ္သိမ္းခဲ့ျခင္း ျဖစ္ပါတယ္။

Linko
Ref: AP
ဝါရွင္တန္၊ မတ္ ၁၀