အာဖဂန်မှ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ရုပ်သိမ်းရန် အမေရိကန်ပြင်ဆင်

 
အာဖဂန်မှ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ရုပ်သိမ်းရန် အမေရိကန်ပြင်ဆင်

၁၈ နှစ်ကြာ စစ်ပွဲ အဆုံးသတ်ရေး တာလီဘန်တို့နှင့် သဘောတူညီမှု အစိတ်အပိုင်းအဖြစ် အာဖဂန် နစ္စတန်ရှိ ထောင်နှင့်ချီသည့် တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းရန် ပြင်ဆင်လျှက်ရှိကြောင်း အမေရိကန် တာဝန်ရှိ သူများက ပြောကြားပါတယ်။

သဘောတူညီချက်အရ လက်ရှိ တပ်ဖွဲ့ဝင် ၁၄၀၀၀ ကို ၈၀၀၀ မှ ၉၀၀၀ အထိ လျှော့ချသွားမည်ဟု အဆိုပါ တာဝန်ရှိသူများက ပြောပါတယ်။ ယင်းအရေအတွက်သည် သမ္မတဒေါ်နယ်ထရမ့် စတင် တာဝန် ထမ်းဆောင်သည့် ၂၀၁၆ ခုနှစ်က အရေအတွက် နီးပါးဖြစ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာ မှာ ဖော်ပြထားပါတယ်။

သဘောတူညီချက်များတွင် အမေရိကန်အနေဖြင့် အာဖဂန်မှ တပ်ဖွဲ့များ ရုပ်သိမ်းရန်နှင့် တာလီဘန် တို့ဘက်ကလည်း ၎င်းတို့ထိန်းချုပ်ထားသော ပိုင်နက်ကို အကြမ်းဖက်ဝါဒလုပ်ငန်းစဉ်များအတွက် အသုံးပြုသည့်နေရာမဖြစ်စေရန် ကတိကဝတ်များ ပါဝင်ပါတယ်။

“တပ်ဖွဲ့ဝင်အရေအတွက်ကို ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိသာ လျှော့ချဦးမှာဖြစ်ပြီး ၁၀ သို့မဟုတ် ၂၀ ရာခိုင်နှုန်းအထိ လျှော့ချဖို့ကတော့ အချိန်အတော်ယူ လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်” ဟု အမေရိကန် အရာရှိတစ်ဦးက ပြောပါတယ်။

သြဂုတ် ၁ ရက်ကလည်း အာဖဂန်နစ္စတန်ငြိမ်းချမ်းရေးဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် ဇယ်မေခါလီဇက်သည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှာမာမွတ်ကူရီရှီကို သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲတွင် ကူရီရှီက  အာဖဂန်နစ္စတန် ဆွေးနွေးပွဲများ အောင်မြင်မှုအပေါ် ကြိုဆိုကြောင်းနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ အောင်မြင်စေရန် ဆက်လက်ကူညီပံ့ပိုးသွားမယ်လို့ ပြောကြားခဲ့ ပါတယ်။

ကာတာနိုင်ငံရှိ တာလီဘန်နိုင်ငံရေးရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဆူဟေးရှာဟင်းက လာမည့်ဆွေးနွေးပွဲ များ၌ အမေရိကန်နှင့် သဘောတူညီချက်များ ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ဗွီအိုအေ သတင်း ဌာနသို့ မကြာသေးမီက ပြောဆိုခဲ့ပါတယ်။ တာလီဘန်ဆွေးနွေး သူများအနေဖြင့် ၎င်းတို့ဘက်မှ လုပ်စရာများကို လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ အမေရိကန်တို့မှ ဆက်လက်ဆုံးဖြတ်ရန်နှင့် နောက် တစ်ဆင့် ဆွေးနွေးပွဲများ လုပ်ဆောင်ရန်တို့ကို ရှာဟင်းက ပြောခဲ့ပါတယ်။

အမေရိကန်နှင့် တာလီဘန်တို့အကြား သဘောတူလက်မှတ် ရေးထိုးပြီးနောက် တာလီဘန် တို့ အနေဖြင့် အာဖဂန်နစ္စတန်တာဝန်ရှိသူများနှင့် စတင်ဆွေးနွေးရမှာဖြစ်ပါတယ်။ လက်ရှိအချိန်တွင် အာဖဂန်နစ္စတန်၏ သမ္မတအာရှာရက်ဖ်ဂါနီ၏ အစိုးရသည် ရုပ်သေးအစိုးရဖြစ်နေသောကြောင့် ၎င်းတို့နှင့် တိုက်ရိုက် မဆွေးနွေးနိုင် ကြောင်း တာလီဘန်တို့က ငြင်းဆိုထားပါတယ်။

Linko
Ref: ANI
ဝါရှင်တန်၊သြဂုတ် ၂

(  Zawgyi  )

 ၁၈ ႏွစ္ၾကာ စစ္ပြဲ အဆုံးသတ္ေရး တာလီဘန္တို႔ႏွင့္ သေဘာတူညီမႈ အစိတ္အပိုင္းအျဖစ္ အာဖဂန္ နစၥတန္ရွိ ေထာင္ႏွင့္ခ်ီသည့္ တပ္ဖြဲ႕ဝင္မ်ားကို ႐ုပ္သိမ္းရန္ ျပင္ဆင္လွ်က္ရွိေၾကာင္း အေမရိကန္ တာဝန္ရွိ သူမ်ားက ေျပာၾကားပါတယ္။

သေဘာတူညီခ်က္အရ လက္ရွိ တပ္ဖြဲ႕ဝင္ ၁၄၀၀၀ ကို ၈၀၀၀ မွ ၉၀၀၀ အထိ ေလွ်ာ့ခ်သြားမည္ဟု အဆိုပါ တာဝန္ရွိသူမ်ားက ေျပာပါတယ္။ ယင္းအေရအတြက္သည္ သမၼတေဒၚနယ္ထရမ့္ စတင္ တာဝန္ ထမ္းေဆာင္သည့္ ၂၀၁၆ ခုႏွစ္က အေရအတြက္ နီးပါးျဖစ္ေၾကာင္း ဝါရွင္တန္ပို႔စ္ သတင္းစာ မွာ ေဖာ္ျပထားပါတယ္။

သေဘာတူညီခ်က္မ်ားတြင္ အေမရိကန္အေနျဖင့္ အာဖဂန္မွ တပ္ဖြဲ႕မ်ား ႐ုပ္သိမ္းရန္ႏွင့္ တာလီဘန္ တို႔ဘက္ကလည္း ၎တို႔ထိန္းခ်ဳပ္ထားေသာ ပိုင္နက္ကို အၾကမ္းဖက္ဝါဒလုပ္ငန္းစဥ္မ်ားအတြက္ အသုံးျပဳသည့္ေနရာမျဖစ္ေစရန္ ကတိကဝတ္မ်ား ပါဝင္ပါတယ္။

“တပ္ဖြဲ႕ဝင္အေရအတြက္ကို ၈၀ မွ ၉၀ ရာခိုင္ႏႈန္းအထိသာ ေလွ်ာ့ခ်ဦးမွာျဖစ္ၿပီး ၁၀ သို႔မဟုတ္ ၂၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ဖို႔ကေတာ့ အခ်ိန္အေတာ္ယူ လုပ္ေဆာင္ရဦးမွာ ျဖစ္ပါတယ္” ဟု အေမရိကန္ အရာရွိတစ္ဦးက ေျပာပါတယ္။

ၾသဂုတ္ ၁ ရက္ကလည္း အာဖဂန္နစၥတန္ၿငိမ္းခ်မ္းေရးဆိုင္ရာ အေမရိကန္ကိုယ္စားလွယ္ ဇယ္ေမခါလီဇက္သည္ ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီး ရွာမာမြတ္ကူရီရွီကို သြားေရာက္ေတြ႕ဆုံ ခဲ့ပါတယ္။

အဆိုပါေတြ႕ဆုံပြဲတြင္ ကူရီရွီက  အာဖဂန္နစၥတန္ ေဆြးေႏြးပြဲမ်ား ေအာင္ျမင္မႈအေပၚ ႀကိဳဆိုေၾကာင္းႏွင့္ ၿငိမ္းခ်မ္းေရး ေဆာင္႐ြက္မႈမ်ား ေအာင္ျမင္ေစရန္ ဆက္လက္ကူညီပံ့ပိုးသြားမယ္လို႔ ေျပာၾကားခဲ့ ပါတယ္။

ကာတာႏိုင္ငံရွိ တာလီဘန္ႏိုင္ငံေရး႐ုံး၏ ေျပာခြင့္ရပုဂၢိဳလ္ ဆူေဟးရွာဟင္းက လာမည့္ေဆြးေႏြးပြဲ မ်ား၌ အေမရိကန္ႏွင့္ သေဘာတူညီခ်က္မ်ား ရရွိႏိုင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ဗြီအိုေအ သတင္း ဌာနသို႔ မၾကာေသးမီက ေျပာဆိုခဲ့ပါတယ္။ တာလီဘန္ေဆြးေႏြး သူမ်ားအေနျဖင့္ ၎တို႔ဘက္မွ လုပ္စရာမ်ားကို လုပ္ေဆာင္ၿပီးျဖစ္ေၾကာင္း၊ အေမရိကန္တို႔မွ ဆက္လက္ဆုံးျဖတ္ရန္ႏွင့္ ေနာက္ တစ္ဆင့္ ေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္တို႔ကို ရွာဟင္းက ေျပာခဲ့ပါတယ္။

အေမရိကန္ႏွင့္ တာလီဘန္တို႔အၾကား သေဘာတူလက္မွတ္ ေရးထိုးၿပီးေနာက္ တာလီဘန္ တို႔ အေနျဖင့္ အာဖဂန္နစၥတန္တာဝန္ရွိသူမ်ားႏွင့္ စတင္ေဆြးေႏြးရမွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္တြင္ အာဖဂန္နစၥတန္၏ သမၼတအာရွာရက္ဖ္ဂါနီ၏ အစိုးရသည္ ႐ုပ္ေသးအစိုးရျဖစ္ေနေသာေၾကာင့္ ၎တို႔ႏွင့္ တိုက္႐ိုက္ မေဆြးေႏြးႏိုင္ ေၾကာင္း တာလီဘန္တို႔က ျငင္းဆိုထားပါတယ္။

Linko
Ref: ANI
ဝါရွင္တန္၊ၾသဂုတ္ ၂