အာဖဂန် ဒု-သမ္မတလောင်းရုံးအဆောက်အဦးကို အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံးကာ ၅၀ခန့်ဒဏ်ရာရ

အာဖဂန် ဒု-သမ္မတလောင်းရုံးအဆောက်အဦးကို အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံးကာ ၅၀ခန့်ဒဏ်ရာရ

ကဘူးလ်ရှိ အာဖဂန်သမ္မတ ဂါဟာနီရဲ့ ဒု-သမ္မတအဖြစ်ရွေးကောက်ခံရမယ်လို့ တစ်ပြေးနေတဲ့ အေမူ လဂ် ဆာလက်ရှ်ရဲ့ရုံးကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ရာမှာ လူ၂၀ ဦးသေဆုံးပြီး ၅၀ ခန့်ဒဏ်ရာ ရခဲ့တယ် လို့ အာ ဏာပိုင်တွေက တနင်္လာနေ့က ဆိုပါတယ်။

စက်တင်ဘာလမှာ စတင်မယ့် အာဖဂန်ရွေးကောက်ပွဲအတွက် ပထမဆုံးရက်မှာဘဲ ဖြစ်ပွားခဲ့ တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် ဆာလက်ရှ်မှာ အသေးစား ထိခိုက်ဒဏ်ရာ ရခဲ့တယ်ဆိုပါတယ်။ ဒီတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ သူတို့လက်ချက်လို့ ထုတ်ဖော်ခြင်းမရှိသေးပါဘူး။

အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရဲ့ စကားကို ကိုးကားပြီး ဂါးဒီယန်းသတင်းစာက ဖော်ပြခဲ့ရာမှာတော့ အသေခံဗုံးခွဲမှုပြီးနောက် ဆာလက်ရှ်ရုံးဝင်ပေါက်ဝမှာ စစ်သွေးကြွ သုံးဦးကို အာဖဂန်လုံခြုံ ရေးတွေက သတ်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အာဖဂန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဇေလ်မာခါလီဇက်က ဒီတိုက်ခိုက်မှုကိုရှုတ်ချခဲ့ပြီး “အကြမ်းဖက်မှုဝါဒက ရှုးကြောင်ကြောင်နိုင်တယ်”လို့ ဖော်ပြခဲ့ပါတယ်။၎င်းက ပြင်းပြင်းထန်ထန်ရှုတ်ချ တယ်လို့  ဆိုပါတယ်။ ပြစ်မှုကျူးလွန်သူဆီကနေ တရားမျှတမှု ယူနိုင်ရမယ်။ အကြမ်းဖက်ဝါဒကို အကြိမ်ကြိမ်တိုက်နေတဲ့ အာဖဂန်နဲ့ အတူ ကျွန်တော်တို့အားလုံးရပ်တည်မယ် “လို့ ပြောခဲ့ပါတယ်။

အာဖဂန်သမ္မတရွေးကောက်ပွဲကို ယခုနှစ်ထဲမှာ ရွှေ့ဆိုင်းရတာ နှစ်ခါရှိပြီဖြစ်ပြီး ရွေးကောက်ပွဲ အချိန် ဇယားအရ လာမယ့် စက်တင်ဘာ ၂၈ ရက်မှာ ကျင်းပဖို့ ဖြစ်ပေမယ့် အိုင်အက်စ်တွေနဲ့ တာလီဘန်တွေ ရဲ့ အာဖဂန်လုံခြုံရေးတပ်ဖွဲတွေနဲ့ အစိုးရရုံးတွေကို အကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့် အာဖဂန် တစ်နိုင်ငံတစ်ဝန်း လုံခြုံရေးကြောင့် ပြန်ရွေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဘဲ  အာဖဂန်မြို့တော်ကဘူးလ်မှာ ဗုံးသုံးလုံးသီးခြား စီပေါက်ကွဲခဲ့ ရာမှာ အနည်းဆုံးလူ ၁၅ ဦးသေဆုံးကာ ဒါဇင်ပေါင်းများစွာထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Linko
Ref:scroll.in
ကဘူးလ်၊ဇူလိုင် ၂၉

(  Zawgyi  )

 ကဘူးလ္ရွိ အာဖဂန္သမၼတ ဂါဟာနီရဲ႕ ဒု-သမၼတအျဖစ္ေ႐ြးေကာက္ခံရမယ္လို႔ တစ္ေျပးေနတဲ့ ေအမူ လဂ္ ဆာလက္ရွ္ရဲ႕႐ုံးကို အေသခံဗုံးခြဲတိုက္ခိုက္ခဲ့ရာမွာ လူ၂၀ ဦးေသဆုံးၿပီး ၅၀ ခန႔္ဒဏ္ရာ ရခဲ့တယ္ လို႔ အာ ဏာပိုင္ေတြက တနလၤာေန႔က ဆိုပါတယ္။

စက္တင္ဘာလမွာ စတင္မယ့္ အာဖဂန္ေ႐ြးေကာက္ပြဲအတြက္ ပထမဆုံးရက္မွာဘဲ ျဖစ္ပြားခဲ့ တာျဖစ္ၿပီး ဒီတိုက္ခိုက္မႈေၾကာင့္ ဆာလက္ရွ္မွာ အေသးစား ထိခိုက္ဒဏ္ရာ ရခဲ့တယ္ဆိုပါတယ္။ ဒီတိုက္ခိုက္မႈအတြက္ ဘယ္အဖြဲ႕ကမွ သူတို႔လက္ခ်က္လို႔ ထုတ္ေဖာ္ျခင္းမရွိေသးပါဘူး။

အာဖဂန္ျပည္ထဲေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူရဲ႕ စကားကို ကိုးကားၿပီး ဂါးဒီယန္းသတင္းစာက ေဖာ္ျပခဲ့ရာမွာေတာ့ အေသခံဗုံးခြဲမႈၿပီးေနာက္ ဆာလက္ရွ္႐ုံးဝင္ေပါက္ဝမွာ စစ္ေသြးႂကြ သုံးဦးကို အာဖဂန္လုံၿခဳံ ေရးေတြက သတ္ျဖတ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

အာဖဂန္ဆိုင္ရာ အေမရိကန္အထူးကိုယ္စားလွယ္ ေဇလ္မာခါလီဇက္က ဒီတိုက္ခိုက္မႈကိုရႈတ္ခ်ခဲ့ၿပီး “အၾကမ္းဖက္မႈဝါဒက ရႈးေၾကာင္ေၾကာင္ႏိုင္တယ္”လို႔ ေဖာ္ျပခဲ့ပါတယ္။၎က ျပင္းျပင္းထန္ထန္ရႈတ္ခ် တယ္လို႔  ဆိုပါတယ္။ ျပစ္မႈက်ဴးလြန္သူဆီကေန တရားမွ်တမႈ ယူႏိုင္ရမယ္။ အၾကမ္းဖက္ဝါဒကို အႀကိမ္ႀကိမ္တိုက္ေနတဲ့ အာဖဂန္နဲ႔ အတူ ကြၽန္ေတာ္တို႔အားလုံးရပ္တည္မယ္ “လို႔ ေျပာခဲ့ပါတယ္။

အာဖဂန္သမၼတေ႐ြးေကာက္ပြဲကို ယခုႏွစ္ထဲမွာ ေ႐ႊ႕ဆိုင္းရတာ ႏွစ္ခါရွိၿပီျဖစ္ၿပီး ေ႐ြးေကာက္ပြဲ အခ်ိန္ ဇယားအရ လာမယ့္ စက္တင္ဘာ ၂၈ ရက္မွာ က်င္းပဖို႔ ျဖစ္ေပမယ့္ အိုင္အက္စ္ေတြနဲ႔ တာလီဘန္ေတြ ရဲ႕ အာဖဂန္လုံၿခဳံေရးတပ္ဖြဲေတြနဲ႔ အစိုးရ႐ုံးေတြကို အႀကိမ္ႀကိမ္တိုက္ခိုက္မႈေၾကာင့္ အာဖဂန္ တစ္ႏိုင္ငံတစ္ဝန္း လုံၿခဳံေရးေၾကာင့္ ျပန္ေ႐ြ႕ဆိုင္းခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္က ဘဲ  အာဖဂန္ၿမိဳ႕ေတာ္ကဘူးလ္မွာ ဗုံးသုံးလုံးသီးျခား စီေပါက္ကြဲခဲ့ ရာမွာ အနည္းဆုံးလူ ၁၅ ဦးေသဆုံးကာ ဒါဇင္ေပါင္းမ်ားစြာထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

Linko
Ref:scroll.in
ကဘူးလ္၊ဇူလိုင္ ၂၉