အိဒ်နေ့အခါသမယအတွက် ကက်ရှ်မီးယားဒေသ ပိတ်ပင်မှုတချို့ဖြေလျှော့ပေးခဲ့

အိဒ်နေ့အခါသမယအတွက် ကက်ရှ်မီးယားဒေသ ပိတ်ပင်မှုတချို့ဖြေလျှော့ပေးခဲ့

ကက်ရ်ှမီးယားဒေသတွင်း မွတ်စလင်အများစုနေထိုင်တဲ့ အဓိကမြို့ကြီးတစ်ခုမှာ အိဒ်နေ့မတိုင်ခင် အိန္ဒိယအာဏာပိုင်တွေဘက်က ပိတ်ပင်မှုတချို့ ဖြေလျှော့ပေးခဲ့တယ်လို့ သိရပါတယ်။ မနေ့ကအထိ ၃ ရက်ဆက်တိုက် ကန့်သတ်ထားတာတွေကို လျှော့ပေါ့ပေးခဲ့တာပဲ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရက ဂျမူးနဲ့ ကက်ရ်ှမီးယားပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြုထားရာက ပြန်လည် ပယ်ဖျက်ခဲ့ပြီး၊ ကာဖျူး(အပြင်မထွက်ရအမိန့်) အကန့်အသတ်မရှိထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းအိဒ်ပွဲတော် အမီ အခုလိုဖြေလျှော့ပေးခဲ့တာပါ။

အိဒ်နေ့မတိုင်ခင် Srinagarမြို့မှာ ATMငွေထုတ်စက် ၂၅၀ ထက်မနည်း ပြန်ဖွင့်ပေးခဲ့ပြီး၊ ဘဏ်ခွဲတွေ ကို လည်း ပြန်ဖွင့်ပေးခဲ့တယ်လို့ မြို့အုပ်ချုပ်ရေးမှူးက ဆိုရှယ်မီဒီယာမှာ ပြောထားပါတယ်။ ဒေသခံတွေက ပွဲတော်အတွက် ဈေးဝယ်ထွက်တာတွေရှိတယ်ဆိုတဲ့ သတင်းတွေရှိပေမဲ့ အာဏာပိုင်တွေ ဘက်ကတော့ ဒီသတင်းကို တရားဝင်အတည်ပြုတာ မရှိသေးပါဘူး။

ဆက်သွယ်ရေးနဲ့ အင်တာနက်လိုင်းတွေတော့ ၇ ရက်ကြာ ပိတ်ထားဆဲပဲ ဖြစ်တယ်လို့ သိရပါတယ်။ နယူးဒေသလီရုပ်သံကထုတ်လွှင့်တဲ့ဗီဒီယိုမှာ လောစပီကာတပ်ထားတဲ့ဂျစ်ကားတွေ ကင်းလှည့်နေပြီး၊ လမ်းမှာရှိတဲ့ ဈေးဆိုင်တွေပိတ်ဖို့နဲ့ လူတွေကိုယ့်အိမ်ကို ယ်ပြန်နေကြဖို့ သတိပေးတာတွေ့ရပါတယ်။ သြဂုတ် ၁၁ ရက်နေ့က ပိတ်ပင်မှုတချို့ဖြေလျှော့ပေးခဲ့ပြီးနောက်ပိုင်း ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ ရှိတာကြောင့် အခုလိုလိုက်ပြီးသတိပေးတာလို့လည်း ရုပ်သံသတင်းက ဆိုပါတယ်။

ဒေသခံတွေဘက်က တုံ့ပြန်လာမှာကိုစိုးရိမ်တဲ့အတွက် အိန္ဒိယအာဏာပိုင်တွေက သြဂုတ် ၅ ရက်နေ့ ကတည်းက အမြင့်ဆုံးသတိပေးချက်တွေနဲ့ ပိတ်ပင်ကန့်သတ်လာခဲ့ပြီး၊ အိမ်ပြင်မထွက်ရ အမိန့်အထိ ထုတ်ပြန်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၉ ရက်နေ့ကစပြီး ဗလီဝတ်ပြု ဆုတောင်းတာတွေ ပထမဆုံးပြန်ခွင့်ပြုခဲ့ပါ တယ်။ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုနဲ့ ဆူပူအုံကြွမှုတွေဖြစ်မလာနိုင်အောင်လို့ ဆက်သွယ်ရေး လမ်းကြောင်းအားလုံး ဖြတ်တောက်ထားသလို၊ စစ်တပ်အင်အားထောင်ချီ ချထားတယ်လို့လည်း သိရပါတယ်။ ဒေသတွင်း အကြမ်းဖက်မှုတွေရှိပြီး၊ လူတွေသေဆုံးလုနီးဖြစ်နေတယ်လို့လည်းအတိုက် အခံပါတီခေါင်းဆောင် ရာဟုဂန္ဓီက ပြောဆိုလိုက်ပြီး၊ အခုဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက် ပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့ကိုလည်း အစိုးရကို တိုက်တွန်းထားပါတယ်။

ရည်မွန်
Ref: archive.shine.cn
နယူးဒေလီ၊ သြဂုတ် ၁၂

(  Zawgyi  )

 ကက္ရ္ွမီးယားေဒသတြင္း မြတ္စလင္အမ်ားစုေနထိုင္တဲ့ အဓိကၿမိဳ႕ႀကီးတစ္ခုမွာ အိဒ္ေန႔မတိုင္ခင္ အိႏၵိယအာဏာပိုင္ေတြဘက္က ပိတ္ပင္မႈတခ်ိဳ႕ ေျဖေလွ်ာ့ေပးခဲ့တယ္လို႔ သိရပါတယ္။ မေန႔ကအထိ ၃ ရက္ဆက္တိုက္ ကန႔္သတ္ထားတာေတြကို ေလွ်ာ့ေပါ့ေပးခဲ့တာပဲ ျဖစ္ပါတယ္။

အိႏၵိယအစိုးရက ဂ်မူးနဲ႔ ကက္ရ္ွမီးယားျပည္နယ္ေတြကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ျပဳထားရာက ျပန္လည္ ပယ္ဖ်က္ခဲ့ၿပီး၊ ကာဖ်ဴး(အျပင္မထြက္ရအမိန႔္) အကန႔္အသတ္မရွိထုတ္ျပန္ခဲ့ၿပီးေနာက္ပိုင္းအိဒ္ပြဲေတာ္ အမီ အခုလိုေျဖေလွ်ာ့ေပးခဲ့တာပါ။

အိဒ္ေန႔မတိုင္ခင္ Srinagarၿမိဳ႕မွာ ATMေငြထုတ္စက္ ၂၅၀ ထက္မနည္း ျပန္ဖြင့္ေပးခဲ့ၿပီး၊ ဘဏ္ခြဲေတြ ကို လည္း ျပန္ဖြင့္ေပးခဲ့တယ္လို႔ ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးက ဆိုရွယ္မီဒီယာမွာ ေျပာထားပါတယ္။ ေဒသခံေတြက ပြဲေတာ္အတြက္ ေဈးဝယ္ထြက္တာေတြရွိတယ္ဆိုတဲ့ သတင္းေတြရွိေပမဲ့ အာဏာပိုင္ေတြ ဘက္ကေတာ့ ဒီသတင္းကို တရားဝင္အတည္ျပဳတာ မရွိေသးပါဘူး။

ဆက္သြယ္ေရးနဲ႔ အင္တာနက္လိုင္းေတြေတာ့ ၇ ရက္ၾကာ ပိတ္ထားဆဲပဲ ျဖစ္တယ္လို႔ သိရပါတယ္။ နယူးေဒသလီ႐ုပ္သံကထုတ္လႊင့္တဲ့ဗီဒီယိုမွာ ေလာစပီကာတပ္ထားတဲ့ဂ်စ္ကားေတြ ကင္းလွည့္ေနၿပီး၊ လမ္းမွာရွိတဲ့ ေဈးဆိုင္ေတြပိတ္ဖို႔နဲ႔ လူေတြကိုယ့္အိမ္ကို ယ္ျပန္ေနၾကဖို႔ သတိေပးတာေတြ႕ရပါတယ္။ ၾသဂုတ္ ၁၁ ရက္ေန႔က ပိတ္ပင္မႈတခ်ိဳ႕ေျဖေလွ်ာ့ေပးခဲ့ၿပီးေနာက္ပိုင္း ႐ုန္းရင္းဆန္ခတ္ျဖစ္မႈေတြ ရွိတာေၾကာင့္ အခုလိုလိုက္ၿပီးသတိေပးတာလို႔လည္း ႐ုပ္သံသတင္းက ဆိုပါတယ္။

ေဒသခံေတြဘက္က တုံ႔ျပန္လာမွာကိုစိုးရိမ္တဲ့အတြက္ အိႏၵိယအာဏာပိုင္ေတြက ၾသဂုတ္ ၅ ရက္ေန႔ ကတည္းက အျမင့္ဆုံးသတိေပးခ်က္ေတြနဲ႔ ပိတ္ပင္ကန႔္သတ္လာခဲ့ၿပီး၊ အိမ္ျပင္မထြက္ရ အမိန႔္အထိ ထုတ္ျပန္ခဲ့ေပမဲ့ ၿပီးခဲ့တဲ့ ၉ ရက္ေန႔ကစၿပီး ဗလီဝတ္ျပဳ ဆုေတာင္းတာေတြ ပထမဆုံးျပန္ခြင့္ျပဳခဲ့ပါ တယ္။ အစိုးရဆန႔္က်င္ေရးဆႏၵျပမႈနဲ႔ ဆူပူအုံႂကြမႈေတြျဖစ္မလာႏိုင္ေအာင္လို႔ ဆက္သြယ္ေရး လမ္းေၾကာင္းအားလုံး ျဖတ္ေတာက္ထားသလို၊ စစ္တပ္အင္အားေထာင္ခ်ီ ခ်ထားတယ္လို႔လည္း သိရပါတယ္။ ေဒသတြင္း အၾကမ္းဖက္မႈေတြရွိၿပီး၊ လူေတြေသဆုံးလုနီးျဖစ္ေနတယ္လို႔လည္းအတိုက္ အခံပါတီေခါင္းေဆာင္ ရာဟုဂႏၶီက ေျပာဆိုလိုက္ၿပီး၊ အခုျဖစ္ေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ ၿပီး ရွင္းရွင္းလင္းလင္းျဖစ္ေအာင္လုပ္ဖို႔ကိုလည္း အစိုးရကို တိုက္တြန္းထားပါတယ္။

ရည္မြန္
Ref: archive.shine.cn
နယူးေဒလီ၊ ၾသဂုတ္ ၁၂