အိန္ဒိယကကက်ရှ်မီးယားဒေသတွင် လူရာပေါင်းများစွာဖမ်းဆီးပြီးဆက်သွယ်ရေးများဖြတ်တောက်

 
အိန္ဒိယကကက်ရှ်မီးယားဒေသတွင် လူရာပေါင်းများစွာဖမ်းဆီးပြီးဆက်သွယ်ရေးများဖြတ်တောက်

အိန္ဒိယနိုင်ငံ၏ မွတ်စလင်အများစုနေထိုင်ရာ ပြည်နယ်ဖြစ်သည့် ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်အားအထူးအခွင့်အရေးပေးထားသည့် ပြည်နယ်များအဖြစ်မှ ပယ်ဖျက်လိုက်ခြင်းအပေါ် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီကတိုင်းပြည်သို့ ရှင်းလင်းပြောကြားခဲ့သလိုအငြင်းပွားမှု ဖြစ်ပွားသည့် ယင်းဒေသ၏ တယ်လီဖုန်း၊ အင်တာနက်စသည့် ဆက်သွယ်ရေးလိုင်းများအားလုံးကိုလည်း ဖြတ်တောက်ခဲ့ရာမှာသြဂုတ် ၈ ရက်တွင် ၄ ရက်မြောက်နေ့သို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

အိန္ဒိယကယင်းပြည်နယ်အား ၁၉၄၇ ခုနှစ်တွင် အထူးအခွင့်အရေးများပေးအပ်ခဲ့ရာတွင် ကိုယ်ပိုင်ဥပဒေ ပြဌာန်းခွင့်နှင့် အခြားနေရပ်မှာ လာရောက် အခြေချနေထိုင်မှု၊ မြေပိုင်ဆိုင်မှုတို့ကိုကာကွယ်ပေးခြင်းတို့ လုပ် ဆောင်ပေးခဲ့ရပါတယ်။ အိန္ဒိယ၏ ယခုလုပ်ဆောင်ချက်သည် ယင်းပြည်နယ်၏ လက်ရှိအခြေအနေအပေါ် အပြောင်းအလဲအပြောင်းအလဲ လုပ်မည်ကို ကက်ရှ်မီးယားခေါင်းဆောင်များ၊ နိုင်ငံသားများက စိုးရိမ်လျှက်ရှိပါတယ်။

ယင်းဒေသတွင် လက်နက်ကိုင် အုပ်စုအချို့ကအိန္ဒိယမှ လွတ်လပ်ရေးရရှိရန် သို့မဟုတ် အိမ်နီးချင်းပါကစ္စတန်နှင့် ပူးပေါင်းရန်တို့အတွက် ဆန့်ကျင်တိုက်ခိုက်ခဲ့ပါတယ်။ ကက်ရှ်မီးယားဒေသ၌ နှိမ်နှင်းမှုများအရှိန်မြင့်လာချိန်တွင် အိန္ဒိယရဲများကလူ ၃၀၀ ခန့်ကိုဖမ်းဆီးခဲ့ပြီး ဖြစ်ကာ ၎င်းတို့အနက်မှ အချို့ကိုအိန္ဒိယ၏ ဥတာပရာဒေ့ရှ် ပြည်နယ်သို့ ခေါ်ဆောင် သွားခဲ့ကြောင်းNDTV ရုပ်သံကဖော်ပြခဲ့ပါတယ်။

ကက်ရှ်မီးယားဒေသ၏ ပြင်ပတွင် ရောက်ရှိနေသည့် မိသားစုများက ၎င်းတို့အနေဖြင့် နေရပ်တွင် ကျန်ရှိသူများနှင့် ဆက်သွယ်၍ မရကြောင်း Anadolu Agencyကိုပြောကြားပါတယ်။ ယင်းပြည်နယ်၏ အချို့အစိတ်အပိုင်းများတွင် ကေဘယ်ရုပ်သံများကိုလည်း ဖြတ်တောက်ထားပါတယ်။သြဂုတ် ၈ ရက်ကပြောကြား သည့် မိန့်ခွန်းတွင် ဝန်ကြီးချုပ် မိုဒီကကက်ရှ်မီးယားဒေသ၏ အခြေအနေသစ် တစ်ရပ်သည် ဒေသတွင်း အလုပ် အကိုင် အခွင့်အလမ်းနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုတိုးတက်စေမှာ ဖြစ်ကြောင်းပါရှိခဲ့ပါတယ်။

ယင်းဒေသတွင် ဆန္ဒပြမှုများ ဖြစ်လာနိုင်ခြင်းကြောင့်လည်းထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များကို အိန္ဒိစစ် တပ်ကထပ်မံစေလွှတ် ထားပါတယ်။ ကက်ရှ်မီးယားဒေသတွင် ၁၉၈၉ ခုနှစ်မှစ၍ ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများကြောင့် သေဆုံးသူထောင်နှင့်ချီရှိသွားပြီ ဟု လူအခွင့်အရေး အဖွဲ့အစည်းများကထုတ်ပြန်ထားပါတယ်။

ဟိမဝန္တာဒေသရှိယင်းဒေသ၏ အစိတ်အပိုင်းအချို့ကိုအိန္ဒိယကပိုင်ဆိုင်ပြီးအချို့နေရာများကိုပါကစ္စတန်ကပိုင်ဆိုင်ထားပါတယ်။ အချို့နေရာ များကိုတော့ နှစ်ဖက်စလုံးကပိုင်ဆိုင်ကြောင်းကြေညာထားပါတယ်။

Linko
Ref: aa.com.tr
နယူးဒေလီ၊သြဂုတ် ၉

(  Zawgyi  )

 အိႏၵိယႏိုင္ငံ၏ မြတ္စလင္အမ်ားစုေနထိုင္ရာ ျပည္နယ္ျဖစ္သည့္ ဂ်မူးႏွင့္ ကက္ရွ္မီးယားျပည္နယ္အားအထူးအခြင့္အေရးေပးထားသည့္ ျပည္နယ္မ်ားအျဖစ္မွ ပယ္ဖ်က္လိုက္ျခင္းအေပၚ အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ဒရာမိုဒီကတိုင္းျပည္သို႔ ရွင္းလင္းေျပာၾကားခဲ့သလိုအျငင္းပြားမႈ ျဖစ္ပြားသည့္ ယင္းေဒသ၏ တယ္လီဖုန္း၊ အင္တာနက္စသည့္ ဆက္သြယ္ေရးလိုင္းမ်ားအားလုံးကိုလည္း ျဖတ္ေတာက္ခဲ့ရာမွာၾသဂုတ္ ၈ ရက္တြင္ ၄ ရက္ေျမာက္ေန႔သို႔ ေရာက္ရွိသြားၿပီ ျဖစ္ပါတယ္။

အိႏၵိယကယင္းျပည္နယ္အား ၁၉၄၇ ခုႏွစ္တြင္ အထူးအခြင့္အေရးမ်ားေပးအပ္ခဲ့ရာတြင္ ကိုယ္ပိုင္ဥပေဒ ျပဌာန္းခြင့္ႏွင့္ အျခားေနရပ္မွာ လာေရာက္ အေျခခ်ေနထိုင္မႈ၊ ေျမပိုင္ဆိုင္မႈတို႔ကိုကာကြယ္ေပးျခင္းတို႔ လုပ္ ေဆာင္ေပးခဲ့ရပါတယ္။ အိႏၵိယ၏ ယခုလုပ္ေဆာင္ခ်က္သည္ ယင္းျပည္နယ္၏ လက္ရွိအေျခအေနအေပၚ အေျပာင္းအလဲအေျပာင္းအလဲ လုပ္မည္ကို ကက္ရွ္မီးယားေခါင္းေဆာင္မ်ား၊ ႏိုင္ငံသားမ်ားက စိုးရိမ္လွ်က္ရွိပါတယ္။

ယင္းေဒသတြင္ လက္နက္ကိုင္ အုပ္စုအခ်ိဳ႕ကအိႏၵိယမွ လြတ္လပ္ေရးရရွိရန္ သို႔မဟုတ္ အိမ္နီးခ်င္းပါကစၥတန္ႏွင့္ ပူးေပါင္းရန္တို႔အတြက္ ဆန႔္က်င္တိုက္ခိုက္ခဲ့ပါတယ္။ ကက္ရွ္မီးယားေဒသ၌ ႏွိမ္ႏွင္းမႈမ်ားအရွိန္ျမင့္လာခ်ိန္တြင္ အိႏၵိယရဲမ်ားကလူ ၃၀၀ ခန႔္ကိုဖမ္းဆီးခဲ့ၿပီး ျဖစ္ကာ ၎တို႔အနက္မွ အခ်ိဳ႕ကိုအိႏၵိယ၏ ဥတာပရာေဒ့ရွ္ ျပည္နယ္သို႔ ေခၚေဆာင္ သြားခဲ့ေၾကာင္းNDTV ႐ုပ္သံကေဖာ္ျပခဲ့ပါတယ္။

ကက္ရွ္မီးယားေဒသ၏ ျပင္ပတြင္ ေရာက္ရွိေနသည့္ မိသားစုမ်ားက ၎တို႔အေနျဖင့္ ေနရပ္တြင္ က်န္ရွိသူမ်ားႏွင့္ ဆက္သြယ္၍ မရေၾကာင္း Anadolu Agencyကိုေျပာၾကားပါတယ္။ ယင္းျပည္နယ္၏ အခ်ိဳ႕အစိတ္အပိုင္းမ်ားတြင္ ေကဘယ္႐ုပ္သံမ်ားကိုလည္း ျဖတ္ေတာက္ထားပါတယ္။ၾသဂုတ္ ၈ ရက္ကေျပာၾကား သည့္ မိန႔္ခြန္းတြင္ ဝန္ႀကီးခ်ဳပ္ မိုဒီကကက္ရွ္မီးယားေဒသ၏ အေျခအေနသစ္ တစ္ရပ္သည္ ေဒသတြင္း အလုပ္ အကိုင္ အခြင့္အလမ္းႏွင့္ ကမာၻလွည့္ခရီးသြားလုပ္ငန္းကိုတိုးတက္ေစမွာ ျဖစ္ေၾကာင္းပါရွိခဲ့ပါတယ္။

ယင္းေဒသတြင္ ဆႏၵျပမႈမ်ား ျဖစ္လာႏိုင္ျခင္းေၾကာင့္လည္းေထာင္ေပါင္းမ်ားစြာေသာ တပ္ဖြဲ႕ဝင္မ်ားကို အိႏၵိစစ္ တပ္ကထပ္မံေစလႊတ္ ထားပါတယ္။ ကက္ရွ္မီးယားေဒသတြင္ ၁၉၈၉ ခုႏွစ္မွစ၍ ျဖစ္ပြားခဲ့သည့္ အဓိက႐ုဏ္းမ်ားေၾကာင့္ ေသဆုံးသူေထာင္ႏွင့္ခ်ီရွိသြားၿပီ ဟု လူအခြင့္အေရး အဖြဲ႕အစည္းမ်ားကထုတ္ျပန္ထားပါတယ္။

ဟိမဝႏၲာေဒသရွိယင္းေဒသ၏ အစိတ္အပိုင္းအခ်ိဳ႕ကိုအိႏၵိယကပိုင္ဆိုင္ၿပီးအခ်ိဳ႕ေနရာမ်ားကိုပါကစၥတန္ကပိုင္ဆိုင္ထားပါတယ္။ အခ်ိဳ႕ေနရာ မ်ားကိုေတာ့ ႏွစ္ဖက္စလုံးကပိုင္ဆိုင္ေၾကာင္းေၾကညာထားပါတယ္။

Linko
Ref: aa.com.tr
နယူးေဒလီ၊ၾသဂုတ္ ၉