အိန္ဒိယကောလိပ်ကျောင်း မီးလောင်မှုကြောင့် သေဆုံးသူ နှစ်ဆယ်ထိ တက်လာ

အိန္ဒိယကောလိပ်ကျောင်း မီးလောင်မှုကြောင့် သေဆုံးသူ နှစ်ဆယ်ထိ တက်လာ

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဆောက်အဦးမီးလောင်မှုမှာ သေဆုံးသူအရေ အ တွက်က ၂၀ ဦးထိ မြှင့်တက်လာခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ဆိုပြီး အဆိုပါအဆောက်အဦးမှာ တက်ရောက် နေတဲ့  စာရင်းကိုင်သင်တန်းတက်နေတဲ့ ကျောင်းသားအချို့သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဆူရတ်မြို့ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး ဆာတီရှရှာမားက ယခုဖြစ်ရပ်နဲ့ပက်သက်ပြီး အစီရင်ခံစာ မရသေးဘူးလို့ သတင်းထောက်တွေကို ဆိုပါတယ်။

ပြည်နယ်ထဲရှိ ကျောင်းတွေ၊ကောလိပ်တွေ၊သင်တန်းစင်တာတွေနဲ့ စီးပွားရေးအဆောက်အဦးတွေမှာ မီးဘေးလုံခြုံရေးအတွက် ပြင်ဆင်ထားမှုကို စစ်ဆေးစေခဲ့ပြီး ယခုမတော်တဆမှုအတွက် စုံစမ်းစစ် ဆေးရေး အဖွဲ့ဖွဲ့စည်းခဲ့ပါတယ်။

မီးလောင်စဉ်မှာ ရှိနေတဲ့ သူတွေနဲ့ သေဆုံးထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေက မီးသတ်တပ်ဖွဲ့ အနေနဲ့ မီးလောင်မှုဖြစ်ရာကို ရောက်လာတာနောက်ကျကြောင်း စွပ်စွဲခဲ့တာကို ANIသတင်းဌာနက ဖော်ပြခဲ့ပါ တယ်။

မီးလောင်ရာမှ စီးပွားရေးအဆောက်အဦးကနေ မီးသတ်တပ်ဖွဲ့ဝင်တွေက ချိုးဖောက်ကယ်တယ်ခဲ့တဲ့ အမျိုးသမီးငယ်ရဲ့ မိခင်ဖြစ်သူ ပါရက်ရှ်ပက်တယ်က  မီးလောင်ပြီး ၄၅ မိနစ်မှ မီးသတ်ကားတွေ ရောက်လာ ခဲ့တယ်လို့ဆိုပါတယ်။ သူမက “ အခုသမီးဖြစ်သူ လွတ်မြောက်အောင် သူတို့ ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူမှာ စိတ် ဒဏ်ရာဖြစ်ပြီး တုန်လှုပ်နေဆဲပါလို့ “ ဆိုပါတယ်။

ကနဦးစစ်ဆေးချက်တွေအရတော့ မီးလောင်မှုဟာ အဆိုပါအဆောက်အအုံရဲ့လှေကားခွင်တစ်ခု ကနေ ရှော့ခ်ဖြစ်ကာ မီးထလောင်ကျွမ်းတာလို့ ဒေသခံမီဒီယာတွေက ဆိုပါတယ်။ရဲတပ်ဖွဲ့ ကတော့ ဒီမီးလောင်မှုနဲ့ပက်သက်ပြီး စနေနေ့အထိ မှတ်ချက်မပေးခဲ့သေးပါဘူး။ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူကတော့ အဆိုပါအဆောက်အဦး မီးလောင်မှုဖြစ်နေစဉ်မှာ အဆောက်အဦးထဲ ကျောင်းသား ဦးရေ ၅၀ အထိ ရှိနေပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံတင်ပို့ထားတယ်
ဆိုပါတယ်။ ဒါအပြင် ဒဏ်ရာပြင်းထန်တဲ့ သူတွေ ပါဝင်နေတဲ့ အတွက် သေဆုံးသူအရေအတွက် ဒီထက်မြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ရုပ်သံသတင်းတွေနဲ့ လူမှုမီဒီယာတွေမှာ မီးဘေး က လွတ်အောင် အဆောက်အအုံပေါ်က ခုန်ချသူတွေကို မြင်တွေ့ရပါတယ်။

ရဲတပ်ဖွဲက အဆိုပါအဆောက်အဦးထဲမှာ အရေးပေါ်အခြေအနေအတွက် လွတ်မြောက်ရာလမ်းတွေ ထည့်သွင်းမတည်ဆောက်ထားတဲ့ အတွက် ကျောင်းသားတွေ လွတ်မြောက်ဖို့ မ ရှိဘူူးလို့ ဆိုပါတယ်။အဆိုပါအဆောက်အဦးကို ပိုင်ဆိုင်တဲ့ပိုင်ရှင်သုံးဦးရဲ့ အမည်ကို သတင်းထောက်တွေထံ ရဲတပ်ဖွဲ့က အမည်ပေးခဲ့ပေမယ့် ထိုသူတွေရဲ့အသေးစိတ်အချက်အလက်ကို တော့မထုတ်ပြန်ခဲ့ပါဘူး။

Linko
Ref:SBS.com
နယူးဒေလီ၊မေ ၂၅

(  Zawgyi  )

အိႏၵိယႏိုင္ငံ ဂူဂ်ာရတ္ျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ အေဆာက္အဦးမီးေလာင္မႈမွာ ေသဆုံးသူအေရ အ တြက္က ၂၀ ဦးထိ ျမႇင့္တက္လာခဲ့တယ္လို႔ အိႏၵိယရဲတပ္ဖြဲ႕က ဆိုၿပီး အဆိုပါအေဆာက္အဦးမွာ တက္ေရာက္ ေနတဲ့  စာရင္းကိုင္သင္တန္းတက္ေနတဲ့ ေက်ာင္းသားအခ်ိဳ႕ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

ဆူရတ္ၿမိဳ႕ရဲတပ္ဖြဲ႕ ေကာ္မရွင္နာမင္းႀကီး ဆာတီရွရွာမားက ယခုျဖစ္ရပ္နဲ႔ပက္သက္ၿပီး အစီရင္ခံစာ မရေသးဘူးလို႔ သတင္းေထာက္ေတြကို ဆိုပါတယ္။

ျပည္နယ္ထဲရွိ ေက်ာင္းေတြ၊ေကာလိပ္ေတြ၊သင္တန္းစင္တာေတြနဲ႔ စီးပြားေရးအေဆာက္အဦးေတြမွာ မီးေဘးလုံၿခဳံေရးအတြက္ ျပင္ဆင္ထားမႈကို စစ္ေဆးေစခဲ့ၿပီး ယခုမေတာ္တဆမႈအတြက္ စုံစမ္းစစ္ ေဆးေရး အဖြဲ႕ဖြဲ႕စည္းခဲ့ပါတယ္။

မီးေလာင္စဥ္မွာ ရွိေနတဲ့ သူေတြနဲ႔ ေသဆုံးထိခိုက္ဒဏ္ရာရသူေတြရဲ႕ မိသားစုဝင္ေတြက မီးသတ္တပ္ဖြဲ႕ အေနနဲ႔ မီးေလာင္မႈျဖစ္ရာကို ေရာက္လာတာေနာက္က်ေၾကာင္း စြပ္စြဲခဲ့တာကို ANIသတင္းဌာနက ေဖာ္ျပခဲ့ပါ တယ္။

မီးေလာင္ရာမွ စီးပြားေရးအေဆာက္အဦးကေန မီးသတ္တပ္ဖြဲ႕ဝင္ေတြက ခ်ိဳးေဖာက္ကယ္တယ္ခဲ့တဲ့ အမ်ိဳးသမီးငယ္ရဲ႕ မိခင္ျဖစ္သူ ပါရက္ရွ္ပက္တယ္က  မီးေလာင္ၿပီး ၄၅ မိနစ္မွ မီးသတ္ကားေတြ ေရာက္လာ ခဲ့တယ္လို႔ဆိုပါတယ္။ သူမက “ အခုသမီးျဖစ္သူ လြတ္ေျမာက္ေအာင္ သူတို႔ ကယ္တင္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ သူမွာ စိတ္ ဒဏ္ရာျဖစ္ၿပီး တုန္လႈပ္ေနဆဲပါလို႔ “ ဆိုပါတယ္။

ကနဦးစစ္ေဆးခ်က္ေတြအရေတာ့ မီးေလာင္မႈဟာ အဆိုပါအေဆာက္အအုံရဲ႕ေလွကားခြင္တစ္ခု ကေန ေရွာ့ခ္ျဖစ္ကာ မီးထေလာင္ကြၽမ္းတာလို႔ ေဒသခံမီဒီယာေတြက ဆိုပါတယ္။ရဲတပ္ဖြဲ႕ ကေတာ့ ဒီမီးေလာင္မႈနဲ႔ပက္သက္ၿပီး စေနေန႔အထိ မွတ္ခ်က္မေပးခဲ့ေသးပါဘူး။ျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရွိသူကေတာ့ အဆိုပါအေဆာက္အဦး မီးေလာင္မႈျဖစ္ေနစဥ္မွာ အေဆာက္အဦးထဲ ေက်ာင္းသား ဦးေရ ၅၀ အထိ ရွိေနၿပီး မီးေလာင္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရသူေတြကို ေဆး႐ုံတင္ပို႔ထားတယ္
ဆိုပါတယ္။ ဒါအျပင္ ဒဏ္ရာျပင္းထန္တဲ့ သူေတြ ပါဝင္ေနတဲ့ အတြက္ ေသဆုံးသူအေရအတြက္ ဒီထက္ျမင့္တက္လာႏိုင္ဖြယ္ရွိတယ္လို႔ ဆိုပါတယ္။႐ုပ္သံသတင္းေတြနဲ႔ လူမႈမီဒီယာေတြမွာ မီးေဘး က လြတ္ေအာင္ အေဆာက္အအုံေပၚက ခုန္ခ်သူေတြကို ျမင္ေတြ႕ရပါတယ္။

ရဲတပ္ဖြဲက အဆိုပါအေဆာက္အဦးထဲမွာ အေရးေပၚအေျခအေနအတြက္ လြတ္ေျမာက္ရာလမ္းေတြ ထည့္သြင္းမတည္ေဆာက္ထားတဲ့ အတြက္ ေက်ာင္းသားေတြ လြတ္ေျမာက္ဖို႔ မ ရွိဘူူးလို႔ ဆိုပါတယ္။အဆိုပါအေဆာက္အဦးကို ပိုင္ဆိုင္တဲ့ပိုင္ရွင္သုံးဦးရဲ႕ အမည္ကို သတင္းေထာက္ေတြထံ ရဲတပ္ဖြဲ႕က အမည္ေပးခဲ့ေပမယ့္ ထိုသူေတြရဲ႕အေသးစိတ္အခ်က္အလက္ကို ေတာ့မထုတ္ျပန္ခဲ့ပါဘူး။

Linko
Ref:SBS.com
နယူးေဒလီ၊ေမ ၂၅