အိန္ဒိယစီးပွားရေး ပြန်လည်နိုးထရန်အတွက် ပေါင် ၂၅၀ ဘီလျှံနီးပါးသုံးမည့် အကူအညီပေးရေး အစီအစဉ် ဝန်ကြီးချုပ် မိုဒီကြေညာ

အိန္ဒိယစီးပွားရေး ပြန်လည်နိုးထရန်အတွက် ပေါင် ၂၅၀ ဘီလျှံနီးပါးသုံးမည့်  အကူအညီပေးရေး အစီအစဉ် ဝန်ကြီးချုပ် မိုဒီကြေညာ

ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ရက်သတ္တပါတ်ပေါင်းမျာစွာကြာ လုပ်ငန်းများ ပိတ်ဆို့ ရပ်ဆိုင်းထားရသောကြောင့် ထိခိုက်နေသောစီးပွားရေးကို အထောက်အကူဖြစ်စေရန်အတွက် ရူပီး ၂၀ ထရီလျှံ (ပေါင် ၂၄၄ ဘီလျှံ) ထုတ်ပေးသော ဘာဏ္ဍာရေးနှင့် ငွေရေးကြေးရေး အစီအစဉ် များကိုလုပ်ဆောင်မည်ဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက အင်္ဂါနေ့က ကြေညာသည်။

အိန္ဒိယနိုင်ငံသည်လူဦးရေ ၁.၃ ဘီလျံတွင် ရောဂါကူးစက်မှု ၇၀၀၀၀ ရှိနေပြီး ရောဂါစတင် ဖြစ်ပွား ရာ တရုတ်နိုင်ငံကို တပတ်အတွင် ကျော်သွားတော့မည့် အလားအလာရှိနေသည်။ နေအိမ်တွင်းတွင်သာ နေထိုင်ရေး တင်းကျပ်သော အမိန့်များကို စည်းမျဉ်းသစ်များနှင့်အတူ မေလ ၁၇ ရက်နေ့ ကျော်သည်အထိ သက်တမ်းတိုးမည်ဖြစ်ကြောင်း မိုဒီကြေညာသည်။

ထိုအကူအညီပေးရေး အစီအစဉ်သည် အိန္ဒိယ နိုင်ငံ၏ တနိုင်ငံလုံး ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်း ရှိကြောင်းနှင့် အလုပ်မရှိတော့သူများနှင့် ရှည်ကြာသော ပိတ်စို့ရပ်ဆိုင်းမှုများကြောင့် ထိခိုက် နေသည့်  စီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်ကြောင်း တနိုင်ငံလုံးသို့ ပြောကြားသော မိန့်ခွန်းတွင် သူပြောသည်။

အဓိကအားဖြင့် ဆင်းရဲသားများအတွက် တိုက်ရိုက် ငွေကြေးလွှဲပြောင်းပေးပို့မှုများနှင့် အစား အစာ ဖူလှုံမှု အစီအမံများအတွက် ရူပီး ၁.၇ ထရီလျှံ (ဒေါ်လာ ၂၂.၆ ဘီလျှံ) ခန့်ထုတ် ပေးမည် ဖြစ်ကြောင်း အိန္ဒိယ အစိုးရက မတ်လ ကကြေညာခဲ့သော်လည်း ထိုအစီအစဉ်သည် လုံလောက် ခြင်း မရှိကြောင်း အကျယ်အပြန့် စွပ်စွဲခံနေရသည်။

ထိုအကူအညီပေးရေး အစီအစဉ်နှင့် မြေယာနှင့် လုပ်သားဈေးကွက်ပြုပြင်ပြောင်းလဲရေး ၏ အသေစိတ်များကို ရက်ပိုင်းအတွင်း ကြေညာမည်ဖြစ်ကြောင်း မိုဒီပြောသည်။ “ ဒီအကူအညီ ပေးရေး အစီအစဉ်က မြေ၊ လုပ်အား၊ ငွေဖေါ်နိုင်မှုနဲ့ ဥပဒေတွေအပေါ်မှာလည်း အထူးပြုတယ်။  အိမ်တွင်းမှုလုပ်ငန်း အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ အလုပ်သမားတွေ၊ လူလတ် တန်းစားတွေနဲ့ စက်မှုလုပ်ငန်းတွေ အပါအဝင် ကဏ္ဍအတော်များများကို ဒီအစီအစဉ်က အထောက်အကူပြုမယ်” ဟုလည်းသူပြောသည်။

အကူအညီပေးရေး အစီအစဉ်သစ်တွင် မတ်လကကြေညာခဲ့သော အစီအစဉ်လည်း အကျုံးဝင် မည်ဖြစ်ကြောင်းနှင့်  ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့သော အစီအစဉ်အရ လတ်တလော ငွေကြေးလှည်ပတ်မှု အတွက် ရူပီး ၆.၅ ထရီလျှံ ရှိကြောင်း စီးပွားရေးပညာရှင်များပြောသည်။ ကမ္ဘာတဝှမ်း ကူးစက်ရောဂါ မတိုင်မီကပင် အိန္ဒိယ စီးပွားရေးသည် နှေးကွေးနေပြီး အများ ပြည်သူ ဘဏ္ဍာရေး အခြေအနေမှာ အခွန်ကောက်ခံမှု ညံ့ဖျင်းခြင်းနှင့် အသုံးစရိတ်များပြား ခြင်းကြောင့် အခက်အခဲတွေ့နေပြီဖြစ်သည်။

ကမ္ဘာတဝှမ်း ကူးစက်ရောဂါကြောင့် စီးပွားရေး ထိခိုက်နေသည့်အတွက် ကမ္ဘာတဝှမ်းမှ ဗဟိုဘဏ် များသည် ယခင်မလုပ်ဖူးသည့် ဘဏ္ဍာရေးနှင့်ငွေရေးကြေးရေး အစီအစဉ်များကို လုပ်ဆောင်နေကြရသည်။

Linko
Ref:france24.com
နယူးဒေလီ ၊ မေ ၁၃

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္စ္ကို တိုက္ဖ်က္ရန္ ရက္သတၱပါတ္ေပါင္းမ်ာစြာၾကာ လုပ္ငန္းမ်ား ပိတ္ဆို႔ ရပ္ဆိုင္းထားရေသာေၾကာင့္ ထိခိုက္ေနေသာစီးပြားေရးကို အေထာက္အကူျဖစ္ေစရန္အတြက္ ႐ူပီး ၂၀ ထရီလွ်ံ (ေပါင္ ၂၄၄ ဘီလွ်ံ) ထုတ္ေပးေသာ ဘာ႑ာေရးႏွင့္ ေငြေရးေၾကးေရး အစီအစဥ္ မ်ားကိုလုပ္ေဆာင္မည္ျဖစ္ေၾကာင္း အိႏၵိယ ဝန္ႀကီးခ်ဳပ္ နာရင္ဒရာ မိုဒီက အဂၤါေန႔က ေၾကညာသည္။

အိႏၵိယႏိုင္ငံသည္လူဦးေရ ၁.၃ ဘီလ်ံတြင္ ေရာဂါကူးစက္မႈ ၇၀၀၀၀ ရွိေနၿပီး ေရာဂါစတင္ ျဖစ္ပြား ရာ တ႐ုတ္ႏိုင္ငံကို တပတ္အတြင္ ေက်ာ္သြားေတာ့မည့္ အလားအလာရွိေနသည္။ ေနအိမ္တြင္းတြင္သာ ေနထိုင္ေရး တင္းက်ပ္ေသာ အမိန႔္မ်ားကို စည္းမ်ဥ္းသစ္မ်ားႏွင့္အတူ ေမလ ၁၇ ရက္ေန႔ ေက်ာ္သည္အထိ သက္တမ္းတိုးမည္ျဖစ္ေၾကာင္း မိုဒီေၾကညာသည္။

ထိုအကူအညီေပးေရး အစီအစဥ္သည္ အိႏၵိယ ႏိုင္ငံ၏ တႏိုင္ငံလုံး ထုတ္လုပ္မႈ၏ ၁၀ ရာခိုင္ႏႈန္း ရွိေၾကာင္းႏွင့္ အလုပ္မရွိေတာ့သူမ်ားႏွင့္ ရွည္ၾကာေသာ ပိတ္စို႔ရပ္ဆိုင္းမႈမ်ားေၾကာင့္ ထိခိုက္ ေနသည့္  စီးပြားေရးလုပ္ငန္းမ်ားအတြက္ ရည္႐ြယ္ေၾကာင္း တႏိုင္ငံလုံးသို႔ ေျပာၾကားေသာ မိန႔္ခြန္းတြင္ သူေျပာသည္။

အဓိကအားျဖင့္ ဆင္းရဲသားမ်ားအတြက္ တိုက္႐ိုက္ ေငြေၾကးလႊဲေျပာင္းေပးပို႔မႈမ်ားႏွင့္ အစား အစာ ဖူလႈံမႈ အစီအမံမ်ားအတြက္ ႐ူပီး ၁.၇ ထရီလွ်ံ (ေဒၚလာ ၂၂.၆ ဘီလွ်ံ) ခန႔္ထုတ္ ေပးမည္ ျဖစ္ေၾကာင္း အိႏၵိယ အစိုးရက မတ္လ ကေၾကညာခဲ့ေသာ္လည္း ထိုအစီအစဥ္သည္ လုံေလာက္ ျခင္း မရွိေၾကာင္း အက်ယ္အျပန႔္ စြပ္စြဲခံေနရသည္။

ထိုအကူအညီေပးေရး အစီအစဥ္ႏွင့္ ေျမယာႏွင့္ လုပ္သားေဈးကြက္ျပဳျပင္ေျပာင္းလဲေရး ၏ အေသစိတ္မ်ားကို ရက္ပိုင္းအတြင္း ေၾကညာမည္ျဖစ္ေၾကာင္း မိုဒီေျပာသည္။ “ ဒီအကူအညီ ေပးေရး အစီအစဥ္က ေျမ၊ လုပ္အား၊ ေငြေဖၚႏိုင္မႈနဲ႔ ဥပေဒေတြအေပၚမွာလည္း အထူးျပဳတယ္။  အိမ္တြင္းမႈလုပ္ငန္း အေသးစားအလတ္စား စီးပြားေရးလုပ္ငန္းေတြ၊ အလုပ္သမားေတြ၊ လူလတ္ တန္းစားေတြနဲ႔ စက္မႈလုပ္ငန္းေတြ အပါအဝင္ က႑အေတာ္မ်ားမ်ားကို ဒီအစီအစဥ္က အေထာက္အကူျပဳမယ္” ဟုလည္းသူေျပာသည္။

အကူအညီေပးေရး အစီအစဥ္သစ္တြင္ မတ္လကေၾကညာခဲ့ေသာ အစီအစဥ္လည္း အက်ဳံးဝင္ မည္ျဖစ္ေၾကာင္းႏွင့္  ဗဟိုဘဏ္က ထုတ္ျပန္ေၾကညာခဲ့ေသာ အစီအစဥ္အရ လတ္တေလာ ေငြေၾကးလွည္ပတ္မႈ အတြက္ ႐ူပီး ၆.၅ ထရီလွ်ံ ရွိေၾကာင္း စီးပြားေရးပညာရွင္မ်ားေျပာသည္။ ကမာၻတဝွမ္း ကူးစက္ေရာဂါ မတိုင္မီကပင္ အိႏၵိယ စီးပြားေရးသည္ ေႏွးေကြးေနၿပီး အမ်ား ျပည္သူ ဘ႑ာေရး အေျခအေနမွာ အခြန္ေကာက္ခံမႈ ညံ့ဖ်င္းျခင္းႏွင့္ အသုံးစရိတ္မ်ားျပား ျခင္းေၾကာင့္ အခက္အခဲေတြ႕ေနၿပီျဖစ္သည္။

ကမာၻတဝွမ္း ကူးစက္ေရာဂါေၾကာင့္ စီးပြားေရး ထိခိုက္ေနသည့္အတြက္ ကမာၻတဝွမ္းမွ ဗဟိုဘဏ္ မ်ားသည္ ယခင္မလုပ္ဖူးသည့္ ဘ႑ာေရးႏွင့္ေငြေရးေၾကးေရး အစီအစဥ္မ်ားကို လုပ္ေဆာင္ေနၾကရသည္။

Linko
Ref:france24.com
နယူးေဒလီ ၊ ေမ ၁၃