အိန္ဒိယတပ်ဖွဲ့များကကက်ရှ်မီးယား ဒေသအယ်ကိုင်ဒါး ဆက်စပ်အဖွဲ့ခေါင်း ဆောင်ကိုသတ်ဖြတ်လို က်ကြောင်းရဲတပ်ဖွဲ့ ထုတ်ပြန်

အိန္ဒိယတပ်ဖွဲ့များကကက်ရှ်မီးယား ဒေသအယ်ကိုင်ဒါး ဆက်စပ်အဖွဲ့ခေါင်း ဆောင်ကိုသတ်ဖြတ်လို က်ကြောင်းရဲတပ်ဖွဲ့ ထုတ်ပြန်

အယ်ကိုင်ဒါးအဖွဲ့နှင့် ဆက်စပ်နေသည့် ကက်ရှ်မီးယားဒေသမှ စစ်သွေးကြွအဖွဲ့ခေါင်းဆောင်တစ်ဦးကို အိန္ဒိယတပ်ဖွဲ့များ က သတ်ဖြတ်လိုက် သည့်အတွက် ပါကစ္စတန်နှင့် အငြင်းပွားနေသည့် အဆိုပါဒေသတွင် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်းအိန္ဒိယရဲတပ်ဖွဲ့ကမေ ၂၄ ရက်မှာပြောကြားပါတယ်။

အသက် ၂၅ နှစ်အရွယ် ဇာကာရာရှစ်ဘတ်ကိုကက်ရှ်မီးယားတောင်ပိုင်းရှိ ၃ ထပ်နေအိမ်တစ်လုံး၌ လုံခြုံရေးတပ်ဖွဲ့များ က ပိတ်ဆို့ဖမ်းဆီးခဲ့ ရာတွင် အဆိုပါနေအိမ်လည်းမီးလောင်သွားကြောင်းအကြီးတန်းရဲအရာရှိတစ်ဦး က ပြောပါတယ်။“အဲဒီအိမ်ထဲကနေ အမှိုက်သရိုက်တွေ ရှင်းဖို့ ကျွန်တော်တို့ လုပ်နေချိန်မှာသူက ရုန်းထဖို့ ကြိုးစားခဲ့ပါတယ်။  ကျွန်တော်တို့တပ်ဖွဲ့တွေကသူ့ကိုပစ်လိုက်လို့ သေသွားပါတယ်” ဟုအမည်မဖော်လိုသူအဆိုပါ အရာရှိကပြောပါတယ်။

အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသတွင်ခွဲထွက်ရေးသမားများကလက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြရာတွင်အများစုကဟိမဝန္တာဒေသလွပ်လပ်ရေး အတွက် တောင်းဆိုကြသလိုအချို့ကတော့ ပါကစ္စတန်ဘက်နှင့် ပူးပေါင်းလိုကြပါတယ်။ မွတ်စလင်အများစုနေထိုင်တဲ့ အဲဒီဒေသမှာ ဖေဖော်ဝါရီလ အတွင်းက တပ်ဖွဲ့ဝင် ၄၀ အသတ်ခံရပြီးနောက် အိန္ဒိယတပ်ဖွဲ့များကစစ်သွေးကြွများကိုထိုးစစ်မြှင့်တင်ခဲ့တဲ့အတွက် ပါကစ္စတန်နဲ့ စစ်ဖြစ်လုနီးပါး ကြုံခဲ့ရပါတယ်။

ကက်ရှ်မီးယားကစစ်သွေးကြွတွေကိုအသုံးအဆောင်ပစ္စည်းများထောက်ပံ့ခြင်းမရှိဘူးလို့ ပါကစ္စတန်က ငြင်းဆိုထားပေမယ့် သူတို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် စိတ်ပိုင်းနှင့် သံတမန်ပိုင်းအရပံ့ပိုးမှုတွေကိုတော့ ပေးတယ်လို့ ပြောကြားထားပါတယ်။ ယခုသေဆုံးသွား တဲ့ စစ်သွေးကြွခေါင်းဆောင်ကိုထောက်ခံသူတွေကမေ ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ ဆန္ဒပြခဲ့ ကြောင်းအိန္ဒိယရဲအရာရှိကပြောပါတယ်။ မတည်ငြိမ်မှုတွေ ပိုမိုမဖြစ်ပွားအောင် အာဏာပိုင်များကကျောင်းများကိုပိတ်ထားပြီးရထားခရီးစဉ် ပြေးဆွဲမှုတွေကိုရပ်ဆိုင်းထားပါတယ်။

Linko
Ref:Reuters
နယူးဒေလီ၊မေ ၂၄   

(  Zawgyi   )

 အယ္ကိုင္ဒါးအဖြဲ႕ႏွင့္ ဆက္စပ္ေနသည့္ ကက္ရွ္မီးယားေဒသမွ စစ္ေသြးႂကြအဖြဲ႕ေခါင္းေဆာင္တစ္ဦးကို အိႏၵိယတပ္ဖြဲ႕မ်ား က သတ္ျဖတ္လိုက္ သည့္အတြက္ ပါကစၥတန္ႏွင့္ အျငင္းပြားေနသည့္ အဆိုပါေဒသတြင္ ကန႔္ကြက္ ဆႏၵျပမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္းအိႏၵိယရဲတပ္ဖြဲ႕ကေမ ၂၄ ရက္မွာေျပာၾကားပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ဇာကာရာရွစ္ဘတ္ကိုကက္ရွ္မီးယားေတာင္ပိုင္းရွိ ၃ ထပ္ေနအိမ္တစ္လုံး၌ လုံၿခဳံေရးတပ္ဖြဲ႕မ်ား က ပိတ္ဆို႔ဖမ္းဆီးခဲ့ ရာတြင္ အဆိုပါေနအိမ္လည္းမီးေလာင္သြားေၾကာင္းအႀကီးတန္းရဲအရာရွိတစ္ဦး က ေျပာပါတယ္။“အဲဒီအိမ္ထဲကေန အမႈိက္သ႐ိုက္ေတြ ရွင္းဖို႔ ကြၽန္ေတာ္တို႔ လုပ္ေနခ်ိန္မွာသူက ႐ုန္းထဖို႔ ႀကိဳးစားခဲ့ပါတယ္။  ကြၽန္ေတာ္တို႔တပ္ဖြဲ႕ေတြကသူ႔ကိုပစ္လိုက္လို႔ ေသသြားပါတယ္” ဟုအမည္မေဖာ္လိုသူအဆိုပါ အရာရွိကေျပာပါတယ္။

အိႏၵိယအုပ္ခ်ဳပ္တဲ့ ကက္ရွ္မီးယားေဒသတြင္ခြဲထြက္ေရးသမားမ်ားကလက္နက္ကိုင္တိုက္ပြဲဝင္ခဲ့ၾကရာတြင္အမ်ားစုကဟိမဝႏၲာေဒသလြပ္လပ္ေရး အတြက္ ေတာင္းဆိုၾကသလိုအခ်ိဳ႕ကေတာ့ ပါကစၥတန္ဘက္ႏွင့္ ပူးေပါင္းလိုၾကပါတယ္။ မြတ္စလင္အမ်ားစုေနထိုင္တဲ့ အဲဒီေဒသမွာ ေဖေဖာ္ဝါရီလ အတြင္းက တပ္ဖြဲ႕ဝင္ ၄၀ အသတ္ခံရၿပီးေနာက္ အိႏၵိယတပ္ဖြဲ႕မ်ားကစစ္ေသြးႂကြမ်ားကိုထိုးစစ္ျမႇင့္တင္ခဲ့တဲ့အတြက္ ပါကစၥတန္နဲ႔ စစ္ျဖစ္လုနီးပါး ႀကဳံခဲ့ရပါတယ္။

ကက္ရွ္မီးယားကစစ္ေသြးႂကြေတြကိုအသုံးအေဆာင္ပစၥည္းမ်ားေထာက္ပံ့ျခင္းမရွိဘူးလို႔ ပါကစၥတန္က ျငင္းဆိုထားေပမယ့္ သူတို႔ရဲ႕ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္အတြက္ စိတ္ပိုင္းႏွင့္ သံတမန္ပိုင္းအရပံ့ပိုးမႈေတြကိုေတာ့ ေပးတယ္လို႔ ေျပာၾကားထားပါတယ္။ ယခုေသဆုံးသြား တဲ့ စစ္ေသြးႂကြေခါင္းေဆာင္ကိုေထာက္ခံသူေတြကေမ ၂၃ ရက္နဲ႔ ၂၄ ရက္တို႔မွာ ဆႏၵျပခဲ့ ေၾကာင္းအိႏၵိယရဲအရာရွိကေျပာပါတယ္။ မတည္ၿငိမ္မႈေတြ ပိုမိုမျဖစ္ပြားေအာင္ အာဏာပိုင္မ်ားကေက်ာင္းမ်ားကိုပိတ္ထားၿပီးရထားခရီးစဥ္ ေျပးဆြဲမႈေတြကိုရပ္ဆိုင္းထားပါတယ္။

Linko
Ref:Reuters
နယူးေဒလီ၊ေမ ၂၄