အိန္ဒိယနိုင်ငံအနောက်ပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဒေသခံ ၄၈ ဦး သေဆုံး၊ ထောင်နဲ့ချီပြီး ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ

အိန္ဒိယနိုင်ငံအနောက်ပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဒေသခံ ၄၈ ဦး သေဆုံး၊ ထောင်နဲ့ချီပြီး ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ

အိန္ဒိယနိုင်ငံအနောက်ပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဒေသခံ ၄၈ ဦးသေဆုံးခဲ့ရပြီး၊ နေအိမ်စွန့်၊ဘေးလွတ်ရာရွှေ့ပြောင်းနေရသူ ထောင်နဲ့ချီ ရှိနေပါတယ်။ Maharashtra၊ Karnataka၊ Keralaစတဲ့ပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းနေတာ ဖြစ်ပါတယ်။
Maharashtra ပြည်နယ်မှာ ရေကြီးရေလျှံမှုဖြစ်လို့ သေဆုံးသူ ၁၆ ဦးအထိ ရှိခဲ့ပြီး၊ အမျိုးသားဘေးအန္တရာယ်ကာကွယ်ရေးဌာနက တပ်အကူအညီ နဲ့ ကယ်ဆယ်ရေးတွေ လုပ်ပေးနေပါတယ်။ အဲဒီပြည်နယ်က  Sangli နဲ့ Kolhapurဒေသ၂ခုကတော့ မိုးကြီးရေလျှံမှု အဆိုးဆုံး ဒဏ်ခံစားနေရတာ ဖြစ်ပါတယ်။

အနီးတဝိုက်က Karnatakaပြည်နယ်မှာဆိုလည်း ရေကြီးရေလျှံမှုအတွင်း ဒေသခံ ၉ ဦးသေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်အတွင်း မိုးအဆက် မပြတ် ရွာသွန်းခဲ့မှုကြောင့် လမ်းပန်းဆက်သွယ်ရေးအဆင်မပြေမှုတွေ ရှိသလို၊ ဒေသအများအပြားမှာ မြေပြိုတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ရေကြီးတဲ့ဒေသက ဒေသခံ ၄၅,၀၀၀ လောက်ကို ကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းထားတယ်လို့လည်း သိရပါတယ်။ပြီးခဲ့တဲ့ တစ်နှစ် ကမှ နှစ်တစ်ရာအတွင်း အဆိုးဆုံးမိုးကြီးရေလျှံမှုဒဏ်ခံခဲ့ရတဲ့ တောင်ပိုင်း Keralaပြည်နယ်မှာဆို ဒေသခံတွေက နောက်တစ်ကြိမ်ရေဘေးသင့်မှာကို စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ရေကြီးမှုအတွင်း လူ ၂၃ ဦးအထိ သေဆုံးခဲ့ရပါတယ်။ Keralaပြည်နယ်မှာ လာမယ့်သြဂုတ်လ ၁၄ ရက်နေ့အထိ မိုးသည်းထန်စွာဆက်လက်ရွာသွန်းနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာလည်း မိုးကြီးရေလျှံမှုဆိုးရွားစွာဖြစ်ပေါ်နေတာကြောင့် အဲဒီမှာရှိတဲ့ Cochinလေဆိပ်ကို အခုလ ၁၁ ရက်နေ့အထိ ပိတ်ထားပါတယ်။Tamil Naduပြည်နယ်မှာရှိတဲ့ Nilgrilsခရိုင်ကတော့ ၇၆နှစ်တာအတွင်း မိုးရေချိန်စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။မိုးကြီးရေလျှံမှုတွေကြောင့် ဒေသအများစုမှာ ကျောင်းတွေ၊ ကောလိပ်တွေ ပိတ်ထားရပါတယ်။ ရေကြီးတဲ့ထဲပါသွားပြီး ရေနစ်သေဆုံးခဲ့တဲ့ သူတွေလည်းရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ရည်မွန်
Ref: sputniknews
နယူးဒေလီ၊ သြဂုတ် ၉

(  Zawgyi  )

 အိႏၵိယႏိုင္ငံအေနာက္ပိုင္းမွာ မိုးဆက္တိုက္႐ြာသြန္းမႈေၾကာင့္ ေဒသခံ ၄၈ ဦးေသဆုံးခဲ့ရၿပီး၊ ေနအိမ္စြန႔္၊ေဘးလြတ္ရာေ႐ႊ႕ေျပာင္းေနရသူ ေထာင္နဲ႔ခ်ီ ရွိေနပါတယ္။ Maharashtra၊ Karnataka၊ Keralaစတဲ့ျပည္နယ္ေတြမွာ မိုးသည္းထန္စြာ႐ြာသြန္းေနတာ ျဖစ္ပါတယ္။
Maharashtra ျပည္နယ္မွာ ေရႀကီးေရလွ်ံမႈျဖစ္လို႔ ေသဆုံးသူ ၁၆ ဦးအထိ ရွိခဲ့ၿပီး၊ အမ်ိဳးသားေဘးအႏၲရာယ္ကာကြယ္ေရးဌာနက တပ္အကူအညီ နဲ႔ ကယ္ဆယ္ေရးေတြ လုပ္ေပးေနပါတယ္။ အဲဒီျပည္နယ္က  Sangli နဲ႔ Kolhapurေဒသ၂ခုကေတာ့ မိုးႀကီးေရလွ်ံမႈ အဆိုးဆုံး ဒဏ္ခံစားေနရတာ ျဖစ္ပါတယ္။

အနီးတဝိုက္က Karnatakaျပည္နယ္မွာဆိုလည္း ေရႀကီးေရလွ်ံမႈအတြင္း ေဒသခံ ၉ ဦးေသဆုံးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂ ရက္အတြင္း မိုးအဆက္ မျပတ္ ႐ြာသြန္းခဲ့မႈေၾကာင့္ လမ္းပန္းဆက္သြယ္ေရးအဆင္မေျပမႈေတြ ရွိသလို၊ ေဒသအမ်ားအျပားမွာ ေျမၿပိဳတာေတြလည္း ျဖစ္ခဲ့ပါတယ္။ ေရႀကီးတဲ့ေဒသက ေဒသခံ ၄၅,၀၀၀ ေလာက္ကို ကယ္ဆယ္ေရးစခန္းေတြမွာ ေ႐ႊ႕ေျပာင္းထားတယ္လို႔လည္း သိရပါတယ္။ၿပီးခဲ့တဲ့ တစ္ႏွစ္ ကမွ ႏွစ္တစ္ရာအတြင္း အဆိုးဆုံးမိုးႀကီးေရလွ်ံမႈဒဏ္ခံခဲ့ရတဲ့ ေတာင္ပိုင္း Keralaျပည္နယ္မွာဆို ေဒသခံေတြက ေနာက္တစ္ႀကိမ္ေရေဘးသင့္မွာကို စိုးရိမ္ေနၾကပါတယ္။ ၿပီးခဲ့တဲ့ေရႀကီးမႈအတြင္း လူ ၂၃ ဦးအထိ ေသဆုံးခဲ့ရပါတယ္။ Keralaျပည္နယ္မွာ လာမယ့္ၾသဂုတ္လ ၁၄ ရက္ေန႔အထိ မိုးသည္းထန္စြာဆက္လက္႐ြာသြန္းႏိုင္ေျခရွိတယ္လို႔ ခန႔္မွန္းထားပါတယ္။

အိႏၵိယႏိုင္ငံေတာင္ပိုင္းမွာလည္း မိုးႀကီးေရလွ်ံမႈဆိုး႐ြားစြာျဖစ္ေပၚေနတာေၾကာင့္ အဲဒီမွာရွိတဲ့ Cochinေလဆိပ္ကို အခုလ ၁၁ ရက္ေန႔အထိ ပိတ္ထားပါတယ္။Tamil Naduျပည္နယ္မွာရွိတဲ့ Nilgrilsခ႐ိုင္ကေတာ့ ၇၆ႏွစ္တာအတြင္း မိုးေရခ်ိန္စံခ်ိန္တင္ခဲ့တယ္လို႔ ဆိုပါတယ္။မိုးႀကီးေရလွ်ံမႈေတြေၾကာင့္ ေဒသအမ်ားစုမွာ ေက်ာင္းေတြ၊ ေကာလိပ္ေတြ ပိတ္ထားရပါတယ္။ ေရႀကီးတဲ့ထဲပါသြားၿပီး ေရနစ္ေသဆုံးခဲ့တဲ့ သူေတြလည္းရွိတယ္လို႔လည္း သတင္းေတြက ဆိုပါတယ္။

ရည္မြန္
Ref: sputniknews
နယူးေဒလီ၊ ၾသဂုတ္ ၉