အိုကလာဟိုးမားဝေါလ်မတ်ပစ်ခတ်မှု သေနတ်သမားအပါအဝင် သုံးဦးသေဆုံး

အိုကလာဟိုးမားဝေါလ်မတ်ပစ်ခတ်မှု သေနတ်သမားအပါအဝင် သုံးဦးသေဆုံး

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်ထဲ့ လူသိများတဲ့ ချိန်းစတိုးဆိုင်တစ်ခုကို မနေ့အစောပိုင်းက သေနတ်သမားတစ်ဦးက တိုက်ခိုက်ခဲ့ ရာမှာ  သေနတ်သမားအပါအဝင် လူသုံးဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒန်ကန်မြို့ရဲတပ်ဖွဲအကြီး အကဲ ဖြစ်သူ ဒန်နီဖိုဒ့်က အဆိုပါ အကြမ်းဖက် ဖြစ်ရပ်မှာ စတိုးဆိုင်ရှေ့ ကား ပါကင်မှာ အချိန်တိုအတွင်း ဖြစ်ခဲ့တာလို့ ပြောခဲ့ပါတယ်။

“သေဆုံးသူ သုံးဦးကိုတွေ့ရပါတယ်။ လူဖြူအမျိုးသားနဲအမျိုးသမီးကို ကားထဲမှာ တွေ့ရပြီး ကျန်တစ်ဦး ကိုပြင်ပမှာ တွေ့ရတယ်”လို့ ဖိုဒ့်ကဆိုပါတယ်။ ပစ်ခတ်ခဲ့တဲ့ သေနတ်ကို ရှာဖွေတွေ့ခဲ့ တယ်လို့လည်းဆိုခဲ့ပါတယ်။

‌ဒေသတွင်းသတင်းချန်နယ်လ်ကိုမျက်မြင်သက်သေတွေ ပြောစကားအရ သေနတ်သမားက  ကားဆီ သိုချည်းကပ်စဉ် မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။အဆိုပါသေနတ်သမား ပစသ်ခတ်ပြီးပြန်လှည့်စဉ် စတုတ္ထမြောက် အမျိုးသားက သေနတ်ထုတ်ကာ သေနတ်သမားကို စိန်ခေါ်ခဲ့ပါ တယ်။

‌ဒေသခံတွေက FOXသတင်းဌာနကို ပြောရာမှာတော့  ပစ်ခတ်မှုမှာ ၎င်းအမျိုးသားနှင့် ဇနီးကြား မိသားစု အိမ်ထောင်ရေးအရှုပ် အထွေးဖြစ် တယ်လို့ ပြောခဲ့ပါတယ်။

‌ဝေါလ်မတ်ချိနးစတိုးပြောရေးဆိုခွင့်ရှိသူပြောစကားအရ အဆိုပါပစ်ခတ်မှုအတွင်း ဆိုင်ဝန်ထမ်းတစ်ဦးမှ ပါဝင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ပြီးခဲ့သည့် ဩဂုတ်လအတွင်းက အယ်ပါဆိုတက္ကဆက်ရှိ Walmart စတိုးဆိုင် တစ်ဆိုင်ကို သေနတ်သမားတစ်ဦးက  ပစ်ခတ်ခဲ့ရာမှာ ၂၂ ဦးအထိ သေဆုံးခဲ့ပါတယ်။

LInko
Ref: malaymail.com
ဝါရှင်တန်၊နိုဝင်ဘာ ၁၉  

(  Zawgyi  )







LInko
Ref: malaymail.com
ဝါရှင်တန်၊နိုဝင်ဘာ ၁၉