အိုကီနာဝါကျွန်းပေါ်ရှိ သမိုင်းဝင်ဂျပန်ရဲတိုက် မီးလောင်

အိုကီနာဝါကျွန်းပေါ်ရှိ သမိုင်းဝင်ဂျပန်ရဲတိုက် မီးလောင်

ဂျပန်နိုင်ငံတောင်ပိုင်းအိုကီနာဝါကျွန်းရှိ သမိုင်းဝင် ရှုရိ ရဲတိုက်အဆောက်အအုံကို အောက်တိုဘာ ၃၁ ရက်နံနက်ပိုင်းက မီးလောင်ခဲ့ရာမှာ အကြီးအကျယ်လောင်ကျွမ်းခဲ့တဲ့ အတွက် ယူနက်စကို၏ ကမ္ဘာ့ အမွေအနှစ်နေရာမှာ ပျက်ဆီးလုနီးပါးဖြစ်ခဲ့ပါတယ်။ ကြာသပတေးနေ့ အစောပိုင်းကမီးစတင်ပြီးနောက် နောက်နာရီအနည်းငယ်အကြာအထိ မီးသတ်သမားများကမီးလောင်ကျွမ်းမှု နိုင်နှင်းအောင်ငြိမ်းသတ်နေရ ဆဲဖြစ်ကာ ရဲတိုက်အနီးအနားရှိနေထိုင်သူများကိုပိုမိုလုံခြုံသောဒေသများသို့ရွှေ့ပြောင်းပေးခဲ့တယ်လို့ အိုကီနာဝါရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရိုကိုချီ ကပြောကြားခဲ့သည်။မီးလောင်ကျွမ်းမှုမှာ ရဲတိုက်၏အဓိကအဆောက်အုံမှ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပါတယ်။

အဓိက ဆိုက်ဒန် နှင့် မြောက်ဘက်ဘုရားကျောင်းဟုခေါ်သည့် ဟိုကူဒန်ဘုရားကျောင်းမှာလည်း မီးလောင်ကျွမ်းခဲ့ပါတယ်။တတိယမြောက် အဆောက်အအုံဖြစ်သည့် တောင်ဘက်ဘုရားကျောင်းဖြစ်သော နန်ဒန်မှာပျက်စီးလုနီးပါးလောင်ခဲ့တယ်လို့ ကိုချီက ပြောခဲ့ပါတယ်။ရှေးဟောင်းရဲတိုက်မှာ အိုကီနာဝါ၏ယဉ်ကျေးမှုအမွေအနှစ်၏သင်္ကေတဖြစ်ပြီး ရူကူမင်းဆက်လက်ထက် ၁၄၂၉ မှ ၁၈၇၉ အထိ ဂျပန်က သိမ်းပိုက်ထားသည့်နှစ်ပေါင်း ၄၅၀ နှစ်ကာလအတွင်းမှာ တည်ဆောက်အသုံးပြုခဲ့တာလို့ သိရပါတယ်။

အဆိုပါရဲတိုက်မှာ ဒုတိယကမ္ဘာစစ်ဒဏ်မှ အိုကီနာဝါ ကျွန်းပြန်လည်ရုန်းထရန် ကြိုးပမ်းမှု၏သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။

Linko
Ref: stuff.co.nz
တိုကျို၊အောက်တိုဘာ ၃၁

(  Zawgyi  )

 ဂ်ပန္ႏိုင္ငံေတာင္ပိုင္းအိုကီနာဝါကြၽန္းရွိ သမိုင္းဝင္ ရႈရိ ရဲတိုက္အေဆာက္အအုံကို ေအာက္တိုဘာ ၃၁ ရက္နံနက္ပိုင္းက မီးေလာင္ခဲ့ရာမွာ အႀကီးအက်ယ္ေလာင္ကြၽမ္းခဲ့တဲ့ အတြက္ ယူနက္စကို၏ ကမာၻ႔ အေမြအႏွစ္ေနရာမွာ ပ်က္ဆီးလုနီးပါးျဖစ္ခဲ့ပါတယ္။ ၾကာသပေတးေန႔ အေစာပိုင္းကမီးစတင္ၿပီးေနာက္ ေနာက္နာရီအနည္းငယ္အၾကာအထိ မီးသတ္သမားမ်ားကမီးေလာင္ကြၽမ္းမႈ ႏိုင္ႏွင္းေအာင္ၿငိမ္းသတ္ေနရ ဆဲျဖစ္ကာ ရဲတိုက္အနီးအနားရွိေနထိုင္သူမ်ားကိုပိုမိုလုံၿခဳံေသာေဒသမ်ားသို႔ေ႐ႊ႕ေျပာင္းေပးခဲ့တယ္လို႔ အိုကီနာဝါရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ႐ိုကိုခ်ီ ကေျပာၾကားခဲ့သည္။မီးေလာင္ကြၽမ္းမႈမွာ ရဲတိုက္၏အဓိကအေဆာက္အုံမွ စတင္ ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ပါတယ္။

အဓိက ဆိုက္ဒန္ ႏွင့္ ေျမာက္ဘက္ဘုရားေက်ာင္းဟုေခၚသည့္ ဟိုကူဒန္ဘုရားေက်ာင္းမွာလည္း မီးေလာင္ကြၽမ္းခဲ့ပါတယ္။တတိယေျမာက္ အေဆာက္အအုံျဖစ္သည့္ ေတာင္ဘက္ဘုရားေက်ာင္းျဖစ္ေသာ နန္ဒန္မွာပ်က္စီးလုနီးပါးေလာင္ခဲ့တယ္လို႔ ကိုခ်ီက ေျပာခဲ့ပါတယ္။ေရွးေဟာင္းရဲတိုက္မွာ အိုကီနာဝါ၏ယဥ္ေက်းမႈအေမြအႏွစ္၏သေကၤတျဖစ္ၿပီး ႐ူကူမင္းဆက္လက္ထက္ ၁၄၂၉ မွ ၁၈၇၉ အထိ ဂ်ပန္က သိမ္းပိုက္ထားသည့္ႏွစ္ေပါင္း ၄၅၀ ႏွစ္ကာလအတြင္းမွာ တည္ေဆာက္အသုံးျပဳခဲ့တာလို႔ သိရပါတယ္။

အဆိုပါရဲတိုက္မွာ ဒုတိယကမာၻစစ္ဒဏ္မွ အိုကီနာဝါ ကြၽန္းျပန္လည္႐ုန္းထရန္ ႀကိဳးပမ္းမႈ၏သေကၤတတစ္ခုလည္းျဖစ္ပါတယ္။

Linko
Ref: stuff.co.nz
တိုက်ိဳ၊ေအာက္တိုဘာ ၃၁