အိုင်ယာလန်တွင် အကြမ်းဖက်မှုကြောင့် အမျိူးသမီးတစ်ဦးသေဆုံး

အိုင်ယာလန်တွင် အကြမ်းဖက်မှုကြောင့် အမျိူးသမီးတစ်ဦးသေဆုံး

အိုင်ယာလန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ လန်ဒန်ဒရီ မြို့မှာ ဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုမှာ အမျိုးသမီး တစ်ဦးသေဆုံးတယ်လို့ အိုင်ယာလန် ရဲတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ခဲ့ပါတယ်။

လန်ဒန်ဒရီ မြို့က ဒုရဲမှုးချူပ်ဖြစ်သူ မက်ခ်မီလ်တန် ၏ ပြောကြားချက်အရ “ဝမ်းနည်းစွာပဲ ကျွန်တော် အတည်ပြုပြောနိုင်တာကတော့ ညက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် ၂၉ နှစ်အရွှယ် အမျိုးသမီးတစ်ဦးသေ ဆုံးခဲ့ပါတယ်” လို့ သောကြာနေ့အစောပိုင်းက ထုတ်ဖော်ပြောခဲ့ပါတယ်။
“ဒါကို ကျွန်တော်တို့ကအကြမ်းဖက်သတ်ဖြတ်မှုလို့ သတ်မှတ်ပါတယ်။ ပြီးတော့ ဒီအမှုနဲ့ပက်သက်ပြီး စစ်ဆေးရေးကိုစတင်လုပ်ဆောင်နေပါပြီ” လို့ သူကဆက်ပြောပါတယ်။ ပြီးတော့ ကြာသပတေး နေ့ညတုန်းက ရေနံနဲ့လုပ်ထားတဲ့ မိုလိုတော့ဗ်ဗုံးတွေကိုလည်း မြို့ထဲမှာလွှင့်ပစ် ခဲ့ကြတယ်လို့ Brtain’s Press Association က ဆိုပါတယ်။

သူတို့ကတော့ အဲ့ဒီရေနံတွေနဲ့ပြုလုပ်ထားတဲ့ လက်လုပ်ဗုံးတွေ၏ ဓာတ်ပုံကိုလည်းဖော်ပြထားပါတယ်။ ဓာတ်ပုံထဲမှာတော့ မီးလောင်နေတဲ့ ကားတွေကိုတွေ့ရပါတယ်။ Irish Republican Party (ဆင်ဖိန်း) က မီချယ်လ်အိုနေးလ် ကတော့ ဒီတိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချပြီး၊ ကျွန်တော် နဲ့ ပါတီဝင်အားလုံးက သေဆုံး သွားတဲ့ အမျိုးသမီး၏ မိသားစုတွေနဲ့ထပ်တူဝမ်းနည်းပါကြောင်း ပြောခဲ့ပါတယ်။

ဆက်လက်ပြီးသူက “ဒီအမျိုးသမီးရဲ့ သေဆုံးမှုက သူမရဲ့ မိသားစုဝင်တွေအတွက် ရင်နာစရာ ကြေကွဲမှုဖြစ်ရပ်ဖြစ်ရုံသာမက၊ ဒါဟာဒီမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေအားလုံးကိုတိုက်ခိုက်ရာ လည်းရောက်တယ်။ ဒါ ငါတို့၏ ငြိမ်းချမ်းရေးနဲ့  ဂွတ်ဖရိုက်ဒေး သဘောတူစာချုပ်ကို (၁၉၉၈ ခုနှစ်တုန်းက ချူပ်ဆိုခဲ့သောအိုင်းရစ်လူမျိူးတွေ နဲ့ ဗြိတိန် အစိုးရကြားကစာချူပ်)တိုက်ခိုက်လိုက်တာပါ” လို့လည်း ပြောပါတယ်။

Linko
Ref: stuff.co
ဒဗ္ဗလင်၊ ဧပြီ ၁၉

(  Zawgyi  )

အိုင္ယာလန္ႏိုင္ငံေျမာက္ပိုင္းမွာရွိတဲ့ လန္ဒန္ဒရီ ၿမိဳ႕မွာ ျဖစ္ခဲ့တဲ့ ေသနတ္ပစ္ခတ္မႈမွာ အမ်ိဳးသမီး တစ္ဦးေသဆုံးတယ္လို႔ အိုင္ယာလန္ ရဲတပ္ဖြဲ႕ေတြကသတင္းထုတ္ျပန္ခဲ့ပါတယ္။

လန္ဒန္ဒရီ ၿမိဳ႕က ဒုရဲမႈးခ်ဴပ္ျဖစ္သူ မက္ခ္မီလ္တန္ ၏ ေျပာၾကားခ်က္အရ “ဝမ္းနည္းစြာပဲ ကြၽန္ေတာ္ အတည္ျပဳေျပာႏိုင္တာကေတာ့ ညက ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈေၾကာင့္ ၂၉ ႏွစ္အ႐ႊယ္ အမ်ိဳးသမီးတစ္ဦးေသ ဆုံးခဲ့ပါတယ္” လို႔ ေသာၾကာေန႔အေစာပိုင္းက ထုတ္ေဖာ္ေျပာခဲ့ပါတယ္။
“ဒါကို ကြၽန္ေတာ္တို႔ကအၾကမ္းဖက္သတ္ျဖတ္မႈလို႔ သတ္မွတ္ပါတယ္။ ၿပီးေတာ့ ဒီအမႈနဲ႔ပက္သက္ၿပီး စစ္ေဆးေရးကိုစတင္လုပ္ေဆာင္ေနပါၿပီ” လို႔ သူကဆက္ေျပာပါတယ္။ ၿပီးေတာ့ ၾကာသပေတး ေန႔ညတုန္းက ေရနံနဲ႔လုပ္ထားတဲ့ မိုလိုေတာ့ဗ္ဗုံးေတြကိုလည္း ၿမိဳ႕ထဲမွာလႊင့္ပစ္ ခဲ့ၾကတယ္လို႔ Brtain’s Press Association က ဆိုပါတယ္။

သူတို႔ကေတာ့ အဲ့ဒီေရနံေတြနဲ႔ျပဳလုပ္ထားတဲ့ လက္လုပ္ဗုံးေတြ၏ ဓာတ္ပုံကိုလည္းေဖာ္ျပထားပါတယ္။ ဓာတ္ပုံထဲမွာေတာ့ မီးေလာင္ေနတဲ့ ကားေတြကိုေတြ႕ရပါတယ္။ Irish Republican Party (ဆင္ဖိန္း) က မီခ်ယ္လ္အိုေနးလ္ ကေတာ့ ဒီတိုက္ခိုက္မႈကို ျပင္းထန္စြာ ရႈတ္ခ်ၿပီး၊ ကြၽန္ေတာ္ နဲ႔ ပါတီဝင္အားလုံးက ေသဆုံး သြားတဲ့ အမ်ိဳးသမီး၏ မိသားစုေတြနဲ႔ထပ္တူဝမ္းနည္းပါေၾကာင္း ေျပာခဲ့ပါတယ္။

ဆက္လက္ၿပီးသူက “ဒီအမ်ိဳးသမီးရဲ႕ ေသဆုံးမႈက သူမရဲ႕ မိသားစုဝင္ေတြအတြက္ ရင္နာစရာ ေၾကကြဲမႈျဖစ္ရပ္ျဖစ္႐ုံသာမက၊ ဒါဟာဒီမွာရွိတဲ့ လူမႈအသိုင္းအဝိုင္းေတြအားလုံးကိုတိုက္ခိုက္ရာ လည္းေရာက္တယ္။ ဒါ ငါတို႔၏ ၿငိမ္းခ်မ္းေရးနဲ႔  ဂြတ္ဖ႐ိုက္ေဒး သေဘာတူစာခ်ဳပ္ကို (၁၉၉၈ ခုႏွစ္တုန္းက ခ်ဴပ္ဆိုခဲ့ေသာအိုင္းရစ္လူမ်ိဴးေတြ နဲ႔ ၿဗိတိန္ အစိုးရၾကားကစာခ်ဴပ္)တိုက္ခိုက္လိုက္တာပါ” လို႔လည္း ေျပာပါတယ္။

Linko
Ref: stuff.co
ဒဗၺလင္၊ ဧၿပီ ၁၉