အိုင်အက်စ်တို့က ခေါင်းဆောင်သစ်အမည်ကို ကြေညာ

အိုင်အက်စ်တို့က ခေါင်းဆောင်သစ်အမည်ကို ကြေညာ

အစ္စလာမစ်နိုင်ငံတော် (အိုက်စစ်)အဖွဲ့က ၎င်းတို့ခေါင်းဆောင် အဘူဘာကာအယ်ဘက်ဒါဒီ ကျဆုံးသွားပြီ ဖြစ်ကြောင်း နိုဝင်ဘာ ၃၁ ရက်က အတည်ပြုပြောကြားလိုက်ပြီး ခေါင်းဆောင်သစ်၏ အမည်ကိုလည်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အိုက်စစ်အဖွဲ့က ၎င်းတို့၏ မီဒီယာ တစ်ခုဖြစ်သော အယ်လ်ဖာကန်တွင် ၎င်းတို့၏ ခေါင်းဆောင်အဖြစ် အဘူအီဘရာဟင် အယ်ဟာရှီမီ အယ်ကွာရာရှီကို ရွေးချယ်တင် မြှောက်လိုက်ကြောင်း စီအင်န်အင်န်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဆီးရီးယားမြောက်ပိုင်း၌ အမေရိကန်ကွန်မန်ဒိုများ၏ စီးနင်းတိုက်ခိုက်မှုကြောင့် အိုက်စစ်ခေါင်းဆောင်ဘက်ဒါဒီ သေဆုံးသွားခဲ့ပါတယ်။ အောက်တိုဘာ ၃၁ ရက်က ပြုလုပ်ခဲ့သည့် ကြေညာချက်ကို အိုက်စစ်၏ ပြောခွင့်ရပုဂ္ဂိုလ်သစ် အဘူဟမ်ဇာအယ်လ် ကာရှီက ထုတ်ပြန်ခဲ့သည်ဟု အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။ ၎င်းသည် ဆီးရီးယားမြောက်ပိုင်း ဂျာရာဘလက်စ်မြို့အနီး၌ အမေရိကန် တပ်ဖွဲ့များက သီးခြားပြုလုပ်ခဲ့သည့် စစ်ဆင် ရေးတစ်ခုတွင် သေဆုံးသွားခဲ့သော် ယခင် ပြောခွင့်ရပုဂ္ဂိုလ်အဘူ ဟက်ဆန်အယ်မူဟာဂျာ၏ နေရာအတွက် အစားထိုး ခန့်အပ်ခံထားရသူတစ်ယောက်ဖြစ်ပါတယ်။

“အမေရိကန်အပေါင်းတို့ ဘက်ဒါဒီကျဆုံးသွားလို့ ပျော်မနေကြပါနဲ့ အိုက်စစ်အဖွဲ့ဟာ အခုအခါမှာ ဥရောပရဲ့ တံခါးဝမှာတင်မကဘဲ အာဖရိကတိုက် အလယ်ပိုင်းအထိ ရောက်ရှိနေပါပြီ။ အရှေ့ကနေ အနောက်အထိ ဆက်လက် ဖြန့်ကြက်နေပါတယ်” ဟု အိုက်စစ်၏ ပြောခွင့်ရပုဂ္ဂိုလ်သစ်က ပြောကြားပါတယ်။

အောက်တိုဘာ ၃၀ ရက်က ပင်တဂွန်စစ်ဌာနချုပ်မှ ထုတ်ပြန်လိုက်သည့် ဗီဒီယိုနှင့် ဓာတ်ပုံများတွင် အမေရိကန် တပ်ဖွဲ့ဝင်များက ဘက်ဒါဒီ နေထိုင်သည့်နေရာအား မြေပြင်တပ်ဖွဲ့များ၊ ရဟတ်ယာဉ်များနှင့် ချည်းကပ် တိုက်ခိုက် ခဲ့ပုံများကို ဖော်ပြထားပါတယ်။ အမြင့်မှ ဒရုန်းဖြင့် ရိုက်ကူးသည့် ဗီဒီယိုတွင် အက်ဖ်-၁၅ ဂျက်တိုက်လေယာဉ်များနှင့် MQ-9 Reaper ဒရုန်းများဖြင့် အဆိုပါနေရာအားဖောက်ခွဲ တိုက်ခိုက်ပုံ များကိုလည်း တွေ့ရှိခဲ့ပါတယ်။

ဘက်ဒါဒီသည် အသက်ရှင်နေသေးသော်လည်း ဒဏ်ရာရရှိထားပြီး ကျန်းမာရေးမကောင်းသောကြောင့် အိုက်စစ်အုပ်စုကို မကွပ်ကဲနိုင်တော့ သည့် သတင်း လွန်ခဲ့သည့် တစ်နှစ်ခန့်က ထွက်ပေါ်ခဲ့ပါတယ်။အိုက်စစ်တို့က ၎င်းတို့၏ မြို့တော်ဟု ကြေညာခဲ့သည့် ရက္ကာမြို့တောင်ပိုင်း၌  ၂၀၁၇ ခုနှစ်အတွင်း ရုရှားတို့က ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် အိုက်စစ်အဖွဲ့ဝင်များ နှင့်အတူ ခေါင်းဆောင်လည်း သေဆုံးသွားပြီဖြစ်ကြောင်း ရုရှားတို့က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ သေဆုံးသည့် သတင်းနှင့် ပတ်သက်၍ အမေရိကန်အာဏာပိုင်များက ယုံကြည်မှုမရှိခဲ့သလို အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း ဂျင်မက်တစ်က ဘက်ဒါဒီ အသက်ရှင်နေသေးကြောင်း ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ ထုတ်ပြန်ခဲ့ပါတယ်။

Linko
Ref:isrealinternationalnews
နယူးယောက်၊နိုဝင်ဘာ ၁ 

(  Zawgyi  )

 အစၥလာမစ္ႏိုင္ငံေတာ္ (အိုက္စစ္)အဖြဲ႕က ၎တို႔ေခါင္းေဆာင္ အဘူဘာကာအယ္ဘက္ဒါဒီ က်ဆုံးသြားၿပီ ျဖစ္ေၾကာင္း ႏိုဝင္ဘာ ၃၁ ရက္က အတည္ျပဳေျပာၾကားလိုက္ၿပီး ေခါင္းေဆာင္သစ္၏ အမည္ကိုလည္း ထုတ္ျပန္ ေၾကညာလိုက္ပါတယ္။ အိုက္စစ္အဖြဲ႕က ၎တို႔၏ မီဒီယာ တစ္ခုျဖစ္ေသာ အယ္လ္ဖာကန္တြင္ ၎တို႔၏ ေခါင္းေဆာင္အျဖစ္ အဘူအီဘရာဟင္ အယ္ဟာရွီမီ အယ္ကြာရာရွီကို ေ႐ြးခ်ယ္တင္ ေျမႇာက္လိုက္ေၾကာင္း စီအင္န္အင္န္သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့သည့္ သီတင္းပတ္ကုန္က ဆီးရီးယားေျမာက္ပိုင္း၌ အေမရိကန္ကြန္မန္ဒိုမ်ား၏ စီးနင္းတိုက္ခိုက္မႈေၾကာင့္ အိုက္စစ္ေခါင္းေဆာင္ဘက္ဒါဒီ ေသဆုံးသြားခဲ့ပါတယ္။ ေအာက္တိုဘာ ၃၁ ရက္က ျပဳလုပ္ခဲ့သည့္ ေၾကညာခ်က္ကို အိုက္စစ္၏ ေျပာခြင့္ရပုဂၢိဳလ္သစ္ အဘူဟမ္ဇာအယ္လ္ ကာရွီက ထုတ္ျပန္ခဲ့သည္ဟု အဆိုပါသတင္းမွာ ေဖာ္ျပထားပါတယ္။ ၎သည္ ဆီးရီးယားေျမာက္ပိုင္း ဂ်ာရာဘလက္စ္ၿမိဳ႕အနီး၌ အေမရိကန္ တပ္ဖြဲ႕မ်ားက သီးျခားျပဳလုပ္ခဲ့သည့္ စစ္ဆင္ ေရးတစ္ခုတြင္ ေသဆုံးသြားခဲ့ေသာ္ ယခင္ ေျပာခြင့္ရပုဂၢိဳလ္အဘူ ဟက္ဆန္အယ္မူဟာဂ်ာ၏ ေနရာအတြက္ အစားထိုး ခန႔္အပ္ခံထားရသူတစ္ေယာက္ျဖစ္ပါတယ္။

“အေမရိကန္အေပါင္းတို႔ ဘက္ဒါဒီက်ဆုံးသြားလို႔ ေပ်ာ္မေနၾကပါနဲ႔ အိုက္စစ္အဖြဲ႕ဟာ အခုအခါမွာ ဥေရာပရဲ႕ တံခါးဝမွာတင္မကဘဲ အာဖရိကတိုက္ အလယ္ပိုင္းအထိ ေရာက္ရွိေနပါၿပီ။ အေရွ႕ကေန အေနာက္အထိ ဆက္လက္ ျဖန႔္ၾကက္ေနပါတယ္” ဟု အိုက္စစ္၏ ေျပာခြင့္ရပုဂၢိဳလ္သစ္က ေျပာၾကားပါတယ္။

ေအာက္တိုဘာ ၃၀ ရက္က ပင္တဂြန္စစ္ဌာနခ်ဳပ္မွ ထုတ္ျပန္လိုက္သည့္ ဗီဒီယိုႏွင့္ ဓာတ္ပုံမ်ားတြင္ အေမရိကန္ တပ္ဖြဲ႕ဝင္မ်ားက ဘက္ဒါဒီ ေနထိုင္သည့္ေနရာအား ေျမျပင္တပ္ဖြဲ႕မ်ား၊ ရဟတ္ယာဥ္မ်ားႏွင့္ ခ်ည္းကပ္ တိုက္ခိုက္ ခဲ့ပုံမ်ားကို ေဖာ္ျပထားပါတယ္။ အျမင့္မွ ဒ႐ုန္းျဖင့္ ႐ိုက္ကူးသည့္ ဗီဒီယိုတြင္ အက္ဖ္-၁၅ ဂ်က္တိုက္ေလယာဥ္မ်ားႏွင့္ MQ-9 Reaper ဒ႐ုန္းမ်ားျဖင့္ အဆိုပါေနရာအားေဖာက္ခြဲ တိုက္ခိုက္ပုံ မ်ားကိုလည္း ေတြ႕ရွိခဲ့ပါတယ္။

ဘက္ဒါဒီသည္ အသက္ရွင္ေနေသးေသာ္လည္း ဒဏ္ရာရရွိထားၿပီး က်န္းမာေရးမေကာင္းေသာေၾကာင့္ အိုက္စစ္အုပ္စုကို မကြပ္ကဲႏိုင္ေတာ့ သည့္ သတင္း လြန္ခဲ့သည့္ တစ္ႏွစ္ခန႔္က ထြက္ေပၚခဲ့ပါတယ္။အိုက္စစ္တို႔က ၎တို႔၏ ၿမိဳ႕ေတာ္ဟု ေၾကညာခဲ့သည့္ ရကၠာၿမိဳ႕ေတာင္ပိုင္း၌  ၂၀၁၇ ခုႏွစ္အတြင္း ႐ုရွားတို႔က ျပဳလုပ္ခဲ့သည့္ ေလေၾကာင္းတိုက္ခိုက္မႈတစ္ခုတြင္ အိုက္စစ္အဖြဲ႕ဝင္မ်ား ႏွင့္အတူ ေခါင္းေဆာင္လည္း ေသဆုံးသြားၿပီျဖစ္ေၾကာင္း ႐ုရွားတို႔က ထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါ ေသဆုံးသည့္ သတင္းႏွင့္ ပတ္သက္၍ အေမရိကန္အာဏာပိုင္မ်ားက ယုံၾကည္မႈမရွိခဲ့သလို အေမရိကန္ ကာကြယ္ေရးဝန္ႀကီးေဟာင္း ဂ်င္မက္တစ္က ဘက္ဒါဒီ အသက္ရွင္ေနေသးေၾကာင္း ၂၀၁၇ ခုႏွစ္၊ ဇူလိုင္လမွာ ထုတ္ျပန္ခဲ့ပါတယ္။

Linko
Ref:isrealinternationalnews
နယူးေယာက္၊ႏိုဝင္ဘာ ၁