အိုစမာဘင်လာဒင်၏သား သေဆုံးသွားပြီဟု အမေရိကန်အာဏာပိုင်များထုတ်ဖော်

  အိုစမာဘင်လာဒင်၏သား သေဆုံးသွားပြီဟု အမေရိကန်အာဏာပိုင်များထုတ်ဖော်

အိုစမာဘင်လာဒင်၏သား အယ်ကိုင်ဒါခေါင်းဆောင်နေရာကို နောက်ဆုံးဆက်ခံထားသူ ဟမ်ဇာဘင်လာဒင် သေဆုံးသွားပြီဟု အမေရိကန် အရာရှိနှစ်ဦးက ပြောကြားလိုက်ပါတယ်။သူဟာ အမေရိကန်ကို တိုက်ခိုက်ဖို့ မကြာခဏ ခြိမ်းခြောက်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ အဆိုပါ တိုက်ခိုက်မှုသည် အငြင်းပွားဖွယ်ရာ စစ်ဆင်ရေးနှင့် ထောက်လှမ်းရေး အချက်အလက် စုဆောင်းခြင်းများ ပါဝင်သောကြောင့် ၎င်းအား မည်သည့်နေရာတွင် မည်သည့်အချိန်က တိုက်ခိုက်ခဲ့ကြောင်း အမည်မဖော်လိုသူ အရာရှိများက အသေးစိတ်ကို ပြောကြားခဲ့ခြင်းမရှိပေ။

ထရမ့်၏ သမ္မတသက်တမ်း ၂ နှစ်ကာလအတွင်း ဟမ်ဇာဘင်လာဒင် ဖြစ်ကြောင်း အရာရှိများက ပြောပါတယ်။ ၎င်းပုန်းအောင်းနေသည့်နေရာကို သတင်းပေးပါက အမေရိကန်ဒေါ်လာ ၁ သန်း ဆုကြေးငွေ ပေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလအတွင်း မကြေညာမီ သေဆုံးခဲ့ခြင်း ဖြစ်သော်လည်း အမေရိကန် စစ်ဘက်နှင့် ထောက်လှမ်းရေး အရာရှိများက ထိုစဉ်က အတည်ပြုထုတ်ပြန်ခဲ့ခြင်း မရှိပေ။

SEAL Team 6 အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်နိုင်ငံ၊ အဘော့တာဘက်မြို့တွင် အိုစမာဘင်လာဒင် သေဆုံးပြီးနောက်ပိုင်း အယ်ကိုင်ဒါ ထိပ်တန်း ဗိုလ်မှူးကြီး နှစ်ဦးက ဟမ်ဇာအား အဖွဲ့ခေါင်းဆောင်နေရာအတွက် ရွေးချယ်တင်မြှောက်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၎င်းတို့အနက် မှ တစ်ဦးဖြစ်သည့် မိုဟာမက် အက်တာသည် စက်တင်ဘာ ၁၁ လေယာဉ်ပြန်ပေးဆွဲ စီးနင်းမှုများကို ခေါင်းဆောင်ခဲ့သူဖြစ်ပြီး ၎င်း၏ သမီးကို ဟမ်ဇာက လက်ထပ်ယူခဲ့ပြီး ဖခင် အိုစမာဘင်လာဒင် သေဆုံးမှုအတွက် လက်စားချေမယ်လို့ ဟမ်ဇာက ကတိပြုခဲ့ပါတယ်။

‘တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည် ခြင်္သေ့ငယ်တစ်ကောင်’ ဟု ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှာ ဟမ်ဇာကို အယ်လ်ကိုင်ဒါ၏ ခေါင်းဆောင် အဖြစ် အသိပေးမိတ်ဆက် ခဲ့ပါတယ်။ ၎င်း၏ ပြောဆိုမှုများကို အယ်လ်ကိုင်ဒါအဖွဲ့က ပုံမှန်ထုတ်ပြန်ခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်မှု ရပ်ဆိုင်းသွားသည်မှာလည်း လနည်းငယ် ရှိသွားပြီဖြစ်ပါတယ်။ သို့သော် ၎င်း၏ အမည်ဖြင့် ဖော်ပြထားသည့် ဆောင်ပါးတစ်စောင် မေလအတွင်း က ထွက်ရှိခဲ့ပါတယ်။

ဟမ်ဇာသည် ပါကစ္စတန်နှင့် အာဖဂန်နယ်စပ်တွင် လှုပ်ရှားခဲ့ဖွယ်ရှိကြောင်း Foundation for the Defence of Democracies မှ သော မျတ်စ်ဂျော်စီလင်းက ပြောပါတယ်။ဟာမ်ဇာသည် အိုစမာဘင်လာဒင်၏ ခေါင်းဆောင်နေရာကို ရရှိခဲ့သည့်အပေါ် ဂျော်စီလင်းက သံသယ ရှိခဲ့သော် လည်း သူသည် တာလီဘန်များနှင့် ဆက်ဆံရေး၊ အဖွဲ့၏ ပြောခွင့်ရသူအဖြစ် အရေးပါသည့် နေရာတွင် ရှိခဲ့ကြောင်း ၎င်းက ပြော ပါတယ်။NBC News တွင် ဟမ်ဇာသေဆုံးသွားသည့်သတင်းပါဝင်ခဲ့ပြီးနောက် သမ္မတဒေါ်နယ်ထရမ့်အား မေးမြန်းရာတွင် မှတ်ချက်တစ်စုံတစ်ရာ ပေးခဲ့ခြင်း မရှိပေ။

Linko
Ref: theage.com.au
ဝါရှင်တန် ၊ သြဂုတ် ၁ 

(  Zawgyi  )

  အိုစမာဘင္လာဒင္၏သား အယ္ကိုင္ဒါေခါင္းေဆာင္ေနရာကို ေနာက္ဆုံးဆက္ခံထားသူ ဟမ္ဇာဘင္လာဒင္ ေသဆုံးသြားၿပီဟု အေမရိကန္ အရာရွိႏွစ္ဦးက ေျပာၾကားလိုက္ပါတယ္။သူဟာ အေမရိကန္ကို တိုက္ခိုက္ဖို႔ မၾကာခဏ ၿခိမ္းေျခာက္ေနသူတစ္ဦးလည္း ျဖစ္ပါတယ္။ အဆိုပါ တိုက္ခိုက္မႈသည္ အျငင္းပြားဖြယ္ရာ စစ္ဆင္ေရးႏွင့္ ေထာက္လွမ္းေရး အခ်က္အလက္ စုေဆာင္းျခင္းမ်ား ပါဝင္ေသာေၾကာင့္ ၎အား မည္သည့္ေနရာတြင္ မည္သည့္အခ်ိန္က တိုက္ခိုက္ခဲ့ေၾကာင္း အမည္မေဖာ္လိုသူ အရာရွိမ်ားက အေသးစိတ္ကို ေျပာၾကားခဲ့ျခင္းမရွိေပ။

ထရမ့္၏ သမၼတသက္တမ္း ၂ ႏွစ္ကာလအတြင္း ဟမ္ဇာဘင္လာဒင္ ျဖစ္ေၾကာင္း အရာရွိမ်ားက ေျပာပါတယ္။ ၎ပုန္းေအာင္းေနသည့္ေနရာကို သတင္းေပးပါက အေမရိကန္ေဒၚလာ ၁ သန္း ဆုေၾကးေငြ ေပးမည္ဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီလအတြင္း မေၾကညာမီ ေသဆုံးခဲ့ျခင္း ျဖစ္ေသာ္လည္း အေမရိကန္ စစ္ဘက္ႏွင့္ ေထာက္လွမ္းေရး အရာရွိမ်ားက ထိုစဥ္က အတည္ျပဳထုတ္ျပန္ခဲ့ျခင္း မရွိေပ။

SEAL Team 6 အဖြဲ႕၏ တိုက္ခိုက္မႈေၾကာင့္ ပါကစၥတန္ႏိုင္ငံ၊ အေဘာ့တာဘက္ၿမိဳ႕တြင္ အိုစမာဘင္လာဒင္ ေသဆုံးၿပီးေနာက္ပိုင္း အယ္ကိုင္ဒါ ထိပ္တန္း ဗိုလ္မႉးႀကီး ႏွစ္ဦးက ဟမ္ဇာအား အဖြဲ႕ေခါင္းေဆာင္ေနရာအတြက္ ေ႐ြးခ်ယ္တင္ေျမႇာက္ရန္ ျပင္ဆင္ခဲ့ျခင္း ျဖစ္ပါတယ္။ ၎တို႔အနက္ မွ တစ္ဦးျဖစ္သည့္ မိုဟာမက္ အက္တာသည္ စက္တင္ဘာ ၁၁ ေလယာဥ္ျပန္ေပးဆြဲ စီးနင္းမႈမ်ားကို ေခါင္းေဆာင္ခဲ့သူျဖစ္ၿပီး ၎၏ သမီးကို ဟမ္ဇာက လက္ထပ္ယူခဲ့ၿပီး ဖခင္ အိုစမာဘင္လာဒင္ ေသဆုံးမႈအတြက္ လက္စားေခ်မယ္လို႔ ဟမ္ဇာက ကတိျပဳခဲ့ပါတယ္။

‘တာဝန္မ်ားကို ဆက္လက္ထမ္းေဆာင္သြားမည္ ျခေသၤ့ငယ္တစ္ေကာင္’ ဟု ၂၀၁၅ ခုႏွစ္၊ ၾသဂုတ္လမွာ ဟမ္ဇာကို အယ္လ္ကိုင္ဒါ၏ ေခါင္းေဆာင္ အျဖစ္ အသိေပးမိတ္ဆက္ ခဲ့ပါတယ္။ ၎၏ ေျပာဆိုမႈမ်ားကို အယ္လ္ကိုင္ဒါအဖြဲ႕က ပုံမွန္ထုတ္ျပန္ခဲ့ၿပီး ယင္းကဲ့သို႔ လုပ္ေဆာင္မႈ ရပ္ဆိုင္းသြားသည္မွာလည္း လနည္းငယ္ ရွိသြားၿပီျဖစ္ပါတယ္။ သို႔ေသာ္ ၎၏ အမည္ျဖင့္ ေဖာ္ျပထားသည့္ ေဆာင္ပါးတစ္ေစာင္ ေမလအတြင္း က ထြက္ရွိခဲ့ပါတယ္။

ဟမ္ဇာသည္ ပါကစၥတန္ႏွင့္ အာဖဂန္နယ္စပ္တြင္ လႈပ္ရွားခဲ့ဖြယ္ရွိေၾကာင္း Foundation for the Defence of Democracies မွ ေသာ မ်တ္စ္ေဂ်ာ္စီလင္းက ေျပာပါတယ္။ဟာမ္ဇာသည္ အိုစမာဘင္လာဒင္၏ ေခါင္းေဆာင္ေနရာကို ရရွိခဲ့သည့္အေပၚ ေဂ်ာ္စီလင္းက သံသယ ရွိခဲ့ေသာ္ လည္း သူသည္ တာလီဘန္မ်ားႏွင့္ ဆက္ဆံေရး၊ အဖြဲ႕၏ ေျပာခြင့္ရသူအျဖစ္ အေရးပါသည့္ ေနရာတြင္ ရွိခဲ့ေၾကာင္း ၎က ေျပာ ပါတယ္။NBC News တြင္ ဟမ္ဇာေသဆုံးသြားသည့္သတင္းပါဝင္ခဲ့ၿပီးေနာက္ သမၼတေဒၚနယ္ထရမ့္အား ေမးျမန္းရာတြင္ မွတ္ခ်က္တစ္စုံတစ္ရာ ေပးခဲ့ျခင္း မရွိေပ။

Linko
Ref: theage.com.au
ဝါရွင္တန္ ၊ ၾသဂုတ္ ၁