အိုမန်ရေကြီးမှုကြောင့် မြေအောက်ရေပိုက်အတွင်းရှိ အိန္ဒိယအလုပ်သမားခြောက် ဦး သေဆုံး

အိုမန်ရေကြီးမှုကြောင့် မြေအောက်ရေပိုက်အတွင်းရှိ အိန္ဒိယအလုပ်သမားခြောက် ဦး သေဆုံး

အိုမန်နိုင်ငံ မူစကတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေအောက်ရေပိုက်အတွင်းရေကြီး ကာ ပိုက်လိုင်းအတွင်းအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားခြောက်ဦး သေဆုံးခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်သားများသည် ထိုလူများကိုကယ်တင်ရန်ကြိုးစားသော်လည်း အချိန်မီရောက်ရှိ နိုင်ခြင်းမရှိခဲ့ပါ။သေဆုံးသူများ၏အလောင်းကို ဖြစ်ပွားပြီး  ၁၂ နာရီခန့်အတွင်း သူတို့၏အလောင်းများ ကိုပြန် လည်တွေ့ရှိခဲ့ပါတယ်။

မြေအောက် ၁၄ မီတာအောက်ရှိ ၂၉၅ မီတာအရှည်ရှိသောကွန်ကရစ်ပိုက်ထဲရှိရေများကို စစ်ထုတ်ရန် အတွက် အားကောင်းသည့် ရေစုပ်ပန့်များကို ကယ်ဆယ်ရေးသမားများက အသုံးပြုခဲ့တယ်လို့ The Times of Oman သတင်းဌာနဖော်ပြချက်မှာပါရှိပါတယ်။

ရာသီဥတုဆိုးရွားနေချိန် မြေအောက်ပိုက်လိုင်းတစ်လျှောက် အလုပ်လုပ်ကိုင်နေရခြင်းအတွက် သက်ဆိုင် ရာဌာနက တရားဝင်ရှင်းလင်းချက်ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ သို့ရာတွင် အဆိုပါပိုက်လိုင်း တစ်စိတ် တစ်ပိုင်းတွင် အဆိုပါအလုပ်သမားများပြုပြင် လုပ်ကိုင် နေသည်ဆိုသည်ကို သတင်းပေး ပို့ထား တယ်ဆိုပါတယ်။

အဆိုပါပြုပြင်ခြင်းမှာ မိုးရွာခြင်းကြောင့် ဖြစ်သည့် ရေပိုက်ပြုပြင်သည်လား၊မိုးရေ (သို့မဟုတ်)ရေချို လွှတ် သည့် ပိုက်လိုင်းကို ပြုပြင်သည်လားဆိုသည်မှာ မသဲကွဲပေ။

“အိုမန်နိုင်ငံ ၊မာစကတ် စီဘီးနေရာတစ်ဝိုက်မှာ နိုဝင်ဘာ ၁၀ ရက်က မိုးသည်းထန်စွာရွာသွန်းလို့  ဖြစ်ခဲ့တဲ့ မတော်တဆဖြစ်ရပ်မှာ ပါတဲ့ သေဆုံးသူ ခြောက်ဦးအတွက် အတော်လေးထိထိခိုက်ခိုက်ခံ စားရပါတယ်။သူတို့ဟာ အိန္ဒိယနိုင်ငံသားတွေလို့ ယုံကြည်ပါတယ်”မာစကတ်မှာရှိတဲ့ အိန္ဒိယသံရုံးက အင်္ဂါနေ့က ပြောခဲ့ပါတယ်။

အိုမန်အလုပ်သမားများ၏အထွေထွေအဖွဲ့ချုပ်ကတော့ ယခုသေဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေး မှုကိုအနီးကပ်စောင့်ကြည့်မယ်လို့ ပြောခဲ့ပါတယ်။သေဆုံးသူတွေနဲ့ ပတ်သက်ပြီး မည်သည်နိုင်ငံ သားဖြစ် သည်ကို တရားဝင်ထုတ်ပြန်ချင်းမရှိသေးပါဘူး။

Linko
Ref: thenational.ae
မူစကတ်၊နိုဝင်ဘာ ၁၂

(  Zawgyi  )

 အိုမန္ႏိုင္ငံ မူစကတ္ၿမိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေျမေအာက္ေရပိုက္အတြင္းေရႀကီး ကာ ပိုက္လိုင္းအတြင္းအလုပ္လုပ္ကိုင္ေနသည့္ အလုပ္သမားေျခာက္ဦး ေသဆုံးခဲ့ပါတယ္။

ကယ္ဆယ္ေရးလုပ္သားမ်ားသည္ ထိုလူမ်ားကိုကယ္တင္ရန္ႀကိဳးစားေသာ္လည္း အခ်ိန္မီေရာက္ရွိ ႏိုင္ျခင္းမရွိခဲ့ပါ။ေသဆုံးသူမ်ား၏အေလာင္းကို ျဖစ္ပြားၿပီး  ၁၂ နာရီခန႔္အတြင္း သူတို႔၏အေလာင္းမ်ား ကိုျပန္ လည္ေတြ႕ရွိခဲ့ပါတယ္။

ေျမေအာက္ ၁၄ မီတာေအာက္ရွိ ၂၉၅ မီတာအရွည္ရွိေသာကြန္ကရစ္ပိုက္ထဲရွိေရမ်ားကို စစ္ထုတ္ရန္ အတြက္ အားေကာင္းသည့္ ေရစုပ္ပန႔္မ်ားကို ကယ္ဆယ္ေရးသမားမ်ားက အသုံးျပဳခဲ့တယ္လို႔ The Times of Oman သတင္းဌာနေဖာ္ျပခ်က္မွာပါရွိပါတယ္။

ရာသီဥတုဆိုး႐ြားေနခ်ိန္ ေျမေအာက္ပိုက္လိုင္းတစ္ေလွ်ာက္ အလုပ္လုပ္ကိုင္ေနရျခင္းအတြက္ သက္ဆိုင္ ရာဌာနက တရားဝင္ရွင္းလင္းခ်က္ထုတ္ျပန္ခဲ့ျခင္းမရွိပါဘူး။ သို႔ရာတြင္ အဆိုပါပိုက္လိုင္း တစ္စိတ္ တစ္ပိုင္းတြင္ အဆိုပါအလုပ္သမားမ်ားျပဳျပင္ လုပ္ကိုင္ ေနသည္ဆိုသည္ကို သတင္းေပး ပို႔ထား တယ္ဆိုပါတယ္။

အဆိုပါျပဳျပင္ျခင္းမွာ မိုး႐ြာျခင္းေၾကာင့္ ျဖစ္သည့္ ေရပိုက္ျပဳျပင္သည္လား၊မိုးေရ (သို႔မဟုတ္)ေရခ်ိဳ လႊတ္ သည့္ ပိုက္လိုင္းကို ျပဳျပင္သည္လားဆိုသည္မွာ မသဲကြဲေပ။

“အိုမန္ႏိုင္ငံ ၊မာစကတ္ စီဘီးေနရာတစ္ဝိုက္မွာ ႏိုဝင္ဘာ ၁၀ ရက္က မိုးသည္းထန္စြာ႐ြာသြန္းလို႔  ျဖစ္ခဲ့တဲ့ မေတာ္တဆျဖစ္ရပ္မွာ ပါတဲ့ ေသဆုံးသူ ေျခာက္ဦးအတြက္ အေတာ္ေလးထိထိခိုက္ခိုက္ခံ စားရပါတယ္။သူတို႔ဟာ အိႏၵိယႏိုင္ငံသားေတြလို႔ ယုံၾကည္ပါတယ္”မာစကတ္မွာရွိတဲ့ အိႏၵိယသံ႐ုံးက အဂၤါေန႔က ေျပာခဲ့ပါတယ္။

အိုမန္အလုပ္သမားမ်ား၏အေထြေထြအဖြဲ႕ခ်ဳပ္ကေတာ့ ယခုေသဆုံးမႈႏွင့္ ပတ္သက္ၿပီး စုံစမ္း စစ္ေဆး မႈကိုအနီးကပ္ေစာင့္ၾကည့္မယ္လို႔ ေျပာခဲ့ပါတယ္။ေသဆုံးသူေတြနဲ႔ ပတ္သက္ၿပီး မည္သည္ႏိုင္ငံ သားျဖစ္ သည္ကို တရားဝင္ထုတ္ျပန္ခ်င္းမရွိေသးပါဘူး။

Linko
Ref: thenational.ae
မူစကတ္၊ႏိုဝင္ဘာ ၁၂