အီဘိုလာရောဂါ ထိရောက်စွာကုသနိုင်တဲ့ဆေး ၂ မျိုး စမ်းသပ်အောင်မြင်

 
အီဘိုလာရောဂါ ထိရောက်စွာကုသနိုင်တဲ့ဆေး ၂ မျိုး စမ်းသပ်အောင်မြင်

လက်ရှိအာဖရိကမှာဖြစ်နေတဲ့ အီဘိုလာကူးစက်ရောဂါကို ကုသပေးနိုင်တဲ့ ဆေး ၂ မျိုးစမ်းသပ်ခဲ့ရာမှာ ထိရောက်မှုရှိကြောင်း The Scientist သိပ္ပံသုတေသနမဂ္ဂဇင်းက ဖော်ပြပါတယ်။

ရောဂါကူးစက်ပြန့်ပွားနေတဲ့ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံမှာ REGN-EB3 နဲ့ mAb114ဆေး ၂ မျိုး စမ်းသပ်ခဲ့ တာဖြစ်ပါတယ်။ ကွန်ဂိုက အီဘိုလာရောဂါကူးစက်ခံနေရတဲ့လူနာတွေကို အဲဒီဆေး ၂ မျိုးနဲ့ စမ်းသပ်ကုသမှု တွေ ပြုလုပ်ခဲ့ပြီး၊ ကနဦးလေ့လာတွေ့ရှိချက်တွေကို အမေရိကန်အမျိုးသားကျန်းမာရေး အင်စကျုက အခုလ ၁၂ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

 REGN-EB3 လို့ခေါ်တဲ့ဆေးကို အမေရိကန်အခြေစိုက် Regeneron Pharmceuticals ဆေးဝါးကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး၊ mAb114 ကိုတော့ အမေရိကန်ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါနဲ့ ဓာတ် မတည့်သောရောဂါဌာနခွဲမှ တီထွင်ခဲ့တာဖြစ်ပါတယ်။ အခုဆေးဝါး စမ်းသပ်မှုတွေ ကိုကြီးကြပ်ဆောင်ရွက်နေတဲ့ ကွန်ဂိုအမျိုးသားကျန်းမာရေးသုတေသနအင်စတီကျုမှ အကြီးအကဲဖြစ်သူ Jean-Jacques Muyembeကလည်း ‘အခုချိန်ကစပြီး အီဘိုလာရောဂါဟာ ကုမရတဲ့ရောဂါမဟုတ်တော့ပါဘူး။ ဆေးပညာရဲ့အောင်မြင်မှုက လူ့အသက်ထောင်ပေါင်း များစွာကို ကုသနိုင်တော့မယ်’ လို့ ဆိုပါတယ်။

 ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါဖြစ်ပွားလာခဲ့ပြီး၊ ပြီးခဲ့တဲ့သြဂုတ်လကတည်းက ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ခုချိန်ထိ လူပေါင်း ၁,၉၀၀ နီးပါး သေဆုံးခဲ့ရပြီးဖြစ်ကာ ၁,၀၀၀ လောက် ရောဂါကူးစက်ခံနေရတယ်လို့ သိရပါတယ်။ ဆေးဝါးသစ်တွေနဲ့ လက်တွေ့စမ်းသပ်မှုတွေကိုတော့ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလကတည်းက ခုချိန်ထိ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

အခုလ ၉ ရက်နေ့ ရှာဖွေတွေ့ရှိချက်တွေအရ REGN-EB3 ဆေးနဲ့သော်၎င်း၊ mAb114 ဆေးနဲ့သော်၎င်း ကုသထားတဲ့လူနာတွေဟာ ရောဂါကြောင့်သေဆုံးနိုင်ခြေနည်းတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အီဘိုလာ ရောဂါကြောင့် သေဆုံးနိုင်တဲ့နှုန်းဟာ ၆၇ ရာခိုင်နှုန်းအထိရှိပေမဲ့ အဲဒီဆေး ၂ မျိုးနဲ့ကုသနိုင်တဲ့ လူနာတွေက တော့ သေဆုံးနိုင်ခြေရာခိုင်နှုန်း ၂၉ နဲ့ ၃၄ ကြားပဲ ရှိတာတွေ့ရပါတယ်။ ခန္ဓာကိုယ်ဓာတ်ခံ ရောဂါ ပိုးကူး စက်လွယ်မှုနှုန်းနည်းတဲ့လူတွေအတွက်တော့ အဲဒီဆေး ၂မျိုးထဲကမှ ကြိုက်နှစ်သက်ရာတစ်ခုနဲ့ စောလျင်စွာကုသနိုင်မယ်ဆိုရင် အသက်ရှင်နိုင်တဲ့ရာခိုင်နှုန်း ၉၀ ကျော်ရှိတယ်လို့လည်း ဆိုပါတယ်။ ဒီဆေး ၂ မျိုးနဲ့ပတ်သက်လို့ နောက်ဆုံးရရှာဖွေတွေ့ရှိချက်အသေးစိတ်နဲ့ စမ်းသပ်အောင်မြင်မှုတွေကို လာမယ့် ဆောင်းဦးရာသီမှာ ထုတ်ပြန်မယ်လို့ အမေရိကန်အမျိုးသားကျန်းမာရေးအင်စတီကျုက ပြောပါတယ်။

ရည်မွန်
Ref: The Scientist
ဝါရှင်တန်၊ သြဂုတ် ၁၄

(  Zawgyi  )

 လက္ရွိအာဖရိကမွာျဖစ္ေနတဲ့ အီဘိုလာကူးစက္ေရာဂါကို ကုသေပးႏိုင္တဲ့ ေဆး ၂ မ်ိဳးစမ္းသပ္ခဲ့ရာမွာ ထိေရာက္မႈရွိေၾကာင္း The Scientist သိပၸံသုေတသနမဂၢဇင္းက ေဖာ္ျပပါတယ္။

ေရာဂါကူးစက္ျပန႔္ပြားေနတဲ့ ကြန္ဂိုဒီမိုကရက္တစ္ႏိုင္ငံမွာ REGN-EB3 နဲ႔ mAb114ေဆး ၂ မ်ိဳး စမ္းသပ္ခဲ့ တာျဖစ္ပါတယ္။ ကြန္ဂိုက အီဘိုလာေရာဂါကူးစက္ခံေနရတဲ့လူနာေတြကို အဲဒီေဆး ၂ မ်ိဳးနဲ႔ စမ္းသပ္ကုသမႈ ေတြ ျပဳလုပ္ခဲ့ၿပီး၊ ကနဦးေလ့လာေတြ႕ရွိခ်က္ေတြကို အေမရိကန္အမ်ိဳးသားက်န္းမာေရး အင္စက်ဳက အခုလ ၁၂ရက္ေန႔မွာ ထုတ္ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။

 REGN-EB3 လို႔ေခၚတဲ့ေဆးကို အေမရိကန္အေျခစိုက္ Regeneron Pharmceuticals ေဆးဝါးကုမၸဏီက ထုတ္လုပ္တာျဖစ္ၿပီး၊ mAb114 ကိုေတာ့ အေမရိကန္က်န္းမာေရးဝန္ႀကီးဌာန၊ ကူးစက္ေရာဂါနဲ႔ ဓာတ္ မတည့္ေသာေရာဂါဌာနခြဲမွ တီထြင္ခဲ့တာျဖစ္ပါတယ္။ အခုေဆးဝါး စမ္းသပ္မႈေတြ ကိုႀကီးၾကပ္ေဆာင္႐ြက္ေနတဲ့ ကြန္ဂိုအမ်ိဳးသားက်န္းမာေရးသုေတသနအင္စတီက်ဳမွ အႀကီးအကဲျဖစ္သူ Jean-Jacques Muyembeကလည္း ‘အခုခ်ိန္ကစၿပီး အီဘိုလာေရာဂါဟာ ကုမရတဲ့ေရာဂါမဟုတ္ေတာ့ပါဘူး။ ေဆးပညာရဲ႕ေအာင္ျမင္မႈက လူ႔အသက္ေထာင္ေပါင္း မ်ားစြာကို ကုသႏိုင္ေတာ့မယ္’ လို႔ ဆိုပါတယ္။

 ကြန္ဂိုႏိုင္ငံမွာ အီဘိုလာေရာဂါျဖစ္ပြားလာခဲ့ၿပီး၊ ၿပီးခဲ့တဲ့ၾသဂုတ္လကတည္းက ထပ္မံျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ ခုခ်ိန္ထိ လူေပါင္း ၁,၉၀၀ နီးပါး ေသဆုံးခဲ့ရၿပီးျဖစ္ကာ ၁,၀၀၀ ေလာက္ ေရာဂါကူးစက္ခံေနရတယ္လို႔ သိရပါတယ္။ ေဆးဝါးသစ္ေတြနဲ႔ လက္ေတြ႕စမ္းသပ္မႈေတြကိုေတာ့ ၂၀၁၈ခုႏွစ္၊ ႏိုဝင္ဘာလကတည္းက ခုခ်ိန္ထိ ျပဳလုပ္လာခဲ့တာ ျဖစ္ပါတယ္။

အခုလ ၉ ရက္ေန႔ ရွာေဖြေတြ႕ရွိခ်က္ေတြအရ REGN-EB3 ေဆးနဲ႔ေသာ္၎၊ mAb114 ေဆးနဲ႔ေသာ္၎ ကုသထားတဲ့လူနာေတြဟာ ေရာဂါေၾကာင့္ေသဆုံးႏိုင္ေျခနည္းတာကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ အီဘိုလာ ေရာဂါေၾကာင့္ ေသဆုံးႏိုင္တဲ့ႏႈန္းဟာ ၆၇ ရာခိုင္ႏႈန္းအထိရွိေပမဲ့ အဲဒီေဆး ၂ မ်ိဳးနဲ႔ကုသႏိုင္တဲ့ လူနာေတြက ေတာ့ ေသဆုံးႏိုင္ေျခရာခိုင္ႏႈန္း ၂၉ နဲ႔ ၃၄ ၾကားပဲ ရွိတာေတြ႕ရပါတယ္။ ခႏၶာကိုယ္ဓာတ္ခံ ေရာဂါ ပိုးကူး စက္လြယ္မႈႏႈန္းနည္းတဲ့လူေတြအတြက္ေတာ့ အဲဒီေဆး ၂မ်ိဳးထဲကမွ ႀကိဳက္ႏွစ္သက္ရာတစ္ခုနဲ႔ ေစာလ်င္စြာကုသႏိုင္မယ္ဆိုရင္ အသက္ရွင္ႏိုင္တဲ့ရာခိုင္ႏႈန္း ၉၀ ေက်ာ္ရွိတယ္လို႔လည္း ဆိုပါတယ္။ ဒီေဆး ၂ မ်ိဳးနဲ႔ပတ္သက္လို႔ ေနာက္ဆုံးရရွာေဖြေတြ႕ရွိခ်က္အေသးစိတ္နဲ႔ စမ္းသပ္ေအာင္ျမင္မႈေတြကို လာမယ့္ ေဆာင္းဦးရာသီမွာ ထုတ္ျပန္မယ္လို႔ အေမရိကန္အမ်ိဳးသားက်န္းမာေရးအင္စတီက်ဳက ေျပာပါတယ္။

ရည္မြန္
Ref: The Scientist
ဝါရွင္တန္၊ ၾသဂုတ္ ၁၄