အီရတ်ဆန္ဒပြမှု လုံခြုံရေးတပ်ဖွဲ့ပစ်ခတ်ဖြိုခွင်းသဖြင့် ဆန္ဒပြသူ ၄၀ ခန့် သေဆုံး

အီရတ်ဆန္ဒပြမှု လုံခြုံရေးတပ်ဖွဲ့ပစ်ခတ်ဖြိုခွင်းသဖြင့် ဆန္ဒပြသူ ၄၀ ခန့် သေဆုံး

အဂတိလိုက်စားမှုနှင့်စီးပွားရေးအခက်အခဲများကြောင့် အီရတ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အောက်တိုဘာ ၂၅ ရက် ပြန်လည်ပြုလုပ်ခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့များနှင့် အီရန်ကျောထောက် နောက်ခံ ပြည်သူစစ်များက နှိမ်နှင်းပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် ဆန္ဒပြသူ အနည်းဆုံး ၄၀ ခန့်သေဆုံးခဲ့ တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။

တောင်ပိုင်း မြို့ဖြစ်တဲ့ အာမာရာမှာ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ဖြစ်ခဲ့တဲ့ အဓိကရုဏ်းအတွင်း အစိုးရ‌ေ ထောက်လှမ်းရေးအရာရှိတစ်ဦးနဲ့ ဒေသတွင်း အင်အားကြီးပြည်သူစစ်အဖွဲ့ဖြစ်တဲ့ အာဆတ်-အယ် အယ်လ်ဟတ်အဖွဲဝင်တွေ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဆေးရုံသတင်းရင်းမြစ်တွေ အရ နိုင်ငံတဝန်းဖြစ်ပွားခဲ့သည့်ဆန္ဒပြမှုအတွင်း ထိခိုက်ဒဏ်ရာရသူ ၁၈၀၀ နီးပါးရှိပြီး ၊ပြီးခဲ့တဲ့ နှစ်များတွင်း  ၎င်းတို့ဘဝကိုပိုမိုကောင်းမွန်လာအောင် နိုင်ငံရေးသမားများ အနေဖြင့် ဆောင် ရွက်နိုင်စွမ်းမရှိခဲ့တဲ့ အတွက် ပဋိပက္ခများဖြစ်ကာ ဆန္ဒပြပွဲများနိုင်ငံတစ်ဝန်းဖြစ် လာခဲ့ပါတယ်။

“ကျွန်တော်တို့လိုချင်တာ လေးခုဘဲ။အလုပ်၊ရေ၊လျှပ်စစ်နဲ့လုံခြုံမှုဘဲ။ ဒါအားလုံးလိုချင်တဲ့အရာ”လို့ ၁၆ နှစ်အရွယ် ဆန္ဒပြသမားအလီမိုဟာမက်က ဆိုပါတယ်။ ၎င်းမှာ မျက်ရည်ယိုဗုံးကို ကာကွယ်ရန် တီရှပ်ဖြင့် မျက်နှာ ကိုဖုံးထားသည့်  ဘဂ္ဂဒက်ရှိ တဟီရားလွင်ပြင်ကို လွှမ်းမိုးထားသည့် ဆန္ဒပြသူထဲမှ တစ်ဦးဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဥဩသံနှင့် မျက်ရည်ယိုဗုံးများက အီရတ်အလံကို ဆွဲကိုင်ကာ အသက်သွေးနဲ့ အီရတ်ကို ငါတို့ကာကွယ်မယ်ဆိုသည့် လူငယ်ဆန္ဒပြသူများ၏အော်ဟစ်သံထဲ နစ်မြုပ်သွားခဲ့ပါတယ်။ ဆန္ဒပြသူ များနှင့် လုံခြုံရေးထပ်တိုက်တွေ့ချိန်မှာ ထိခိုက်ဒဏ်ရာရသူတွေကို သုံးဘီးတက္ကစီ tuk-tuks များက ဆေးရုံသို့ သယ်ဆောင်ခဲ့ပေးပါတယ်။ယခုသွေးထွက်သံယိုမှုမှာ ယခုလထဲ ဒုတိယအကြိမ် အကြမ်း ဖက်မှုဘဲ ဖြစ်ပါတယ်။

ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များကြား ဆက်တိုက်ဖြစ်ပွားခဲ့သည့်ဆန္ဒပြအကြမ်းဖက်မှု ကြောင့် နှစ်ပတ်အတွင်း ဆန္ဒပြသူနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅၇ ဦးသေဆုံးကာ ခြောက်ထောင်ကျော် ဒဏ်ရာရခဲ့ပါတယ်။

Linko
Ref: Irish Independent
ဘဂ္ဂဒက်၊အောက်တိုဘာ ၂၆

(  Zawgyi  )

 အဂတိလိုက္စားမႈႏွင့္စီးပြားေရးအခက္အခဲမ်ားေၾကာင့္ အီရတ္အစိုးရကို ဆန႔္က်င္သည့္ ဆႏၵျပပြဲမ်ား ေအာက္တိုဘာ ၂၅ ရက္ ျပန္လည္ျပဳလုပ္ခဲ့ရာမွာ လုံၿခဳံေရးတပ္ဖြဲ႕မ်ားႏွင့္ အီရန္ေက်ာေထာက္ ေနာက္ခံ ျပည္သူစစ္မ်ားက ႏွိမ္ႏွင္းပစ္ခတ္ၿဖိဳခြင္းခဲ့သျဖင့္ ဆႏၵျပသူ အနည္းဆုံး ၄၀ ခန႔္ေသဆုံးခဲ့ တယ္လို႔ လုံၿခဳံေရး သတင္းရင္းျမစ္ေတြက ဆိုပါတယ္။

ေတာင္ပိုင္း ၿမိဳ႕ျဖစ္တဲ့ အာမာရာမွာ ဆႏၵျပသူေတြနဲ႔ ထိပ္တိုက္ျဖစ္ခဲ့တဲ့ အဓိက႐ုဏ္းအတြင္း အစိုးရ‌ေ ေထာက္လွမ္းေရးအရာရွိတစ္ဦးနဲ႔ ေဒသတြင္း အင္အားႀကီးျပည္သူစစ္အဖြဲ႕ျဖစ္တဲ့ အာဆတ္-အယ္ အယ္လ္ဟတ္အဖြဲဝင္ေတြ ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။

ေဆး႐ုံသတင္းရင္းျမစ္ေတြ အရ ႏိုင္ငံတဝန္းျဖစ္ပြားခဲ့သည့္ဆႏၵျပမႈအတြင္း ထိခိုက္ဒဏ္ရာရသူ ၁၈၀၀ နီးပါးရွိၿပီး ၊ၿပီးခဲ့တဲ့ ႏွစ္မ်ားတြင္း  ၎တို႔ဘဝကိုပိုမိုေကာင္းမြန္လာေအာင္ ႏိုင္ငံေရးသမားမ်ား အေနျဖင့္ ေဆာင္ ႐ြက္ႏိုင္စြမ္းမရွိခဲ့တဲ့ အတြက္ ပဋိပကၡမ်ားျဖစ္ကာ ဆႏၵျပပြဲမ်ားႏိုင္ငံတစ္ဝန္းျဖစ္ လာခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔လိုခ်င္တာ ေလးခုဘဲ။အလုပ္၊ေရ၊လွ်ပ္စစ္နဲ႔လုံၿခဳံမႈဘဲ။ ဒါအားလုံးလိုခ်င္တဲ့အရာ”လို႔ ၁၆ ႏွစ္အ႐ြယ္ ဆႏၵျပသမားအလီမိုဟာမက္က ဆိုပါတယ္။ ၎မွာ မ်က္ရည္ယိုဗုံးကို ကာကြယ္ရန္ တီရွပ္ျဖင့္ မ်က္ႏွာ ကိုဖုံးထားသည့္  ဘဂၢဒက္ရွိ တဟီရားလြင္ျပင္ကို လႊမ္းမိုးထားသည့္ ဆႏၵျပသူထဲမွ တစ္ဦးျဖစ္ပါတယ္။

ရဲတပ္ဖြဲ႕ဥဩသံႏွင့္ မ်က္ရည္ယိုဗုံးမ်ားက အီရတ္အလံကို ဆြဲကိုင္ကာ အသက္ေသြးနဲ႔ အီရတ္ကို ငါတို႔ကာကြယ္မယ္ဆိုသည့္ လူငယ္ဆႏၵျပသူမ်ား၏ေအာ္ဟစ္သံထဲ နစ္ျမဳပ္သြားခဲ့ပါတယ္။ ဆႏၵျပသူ မ်ားႏွင့္ လုံၿခဳံေရးထပ္တိုက္ေတြ႕ခ်ိန္မွာ ထိခိုက္ဒဏ္ရာရသူေတြကို သုံးဘီးတကၠစီ tuk-tuks မ်ားက ေဆး႐ုံသို႔ သယ္ေဆာင္ခဲ့ေပးပါတယ္။ယခုေသြးထြက္သံယိုမႈမွာ ယခုလထဲ ဒုတိယအႀကိမ္ အၾကမ္း ဖက္မႈဘဲ ျဖစ္ပါတယ္။

ဆႏၵျပသူမ်ားႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားၾကား ဆက္တိုက္ျဖစ္ပြားခဲ့သည့္ဆႏၵျပအၾကမ္းဖက္မႈ ေၾကာင့္ ႏွစ္ပတ္အတြင္း ဆႏၵျပသူႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ၁၅၇ ဦးေသဆုံးကာ ေျခာက္ေထာင္ေက်ာ္ ဒဏ္ရာရခဲ့ပါတယ္။

Linko
Ref: Irish Independent
ဘဂၢဒက္၊ေအာက္တိုဘာ ၂၆