အီရန်တပ်မတော်နေ့တွင် ပြည်တွင်းထုတ် ဂျက်တိုက်လေယာဉ်များ ပြသ

အီရန်တပ်မတော်နေ့တွင် ပြည်တွင်းထုတ် ဂျက်တိုက်လေယာဉ်များ ပြသ

အီရန်နိုင်ငံ၏ တပ်မတော်နေ့ကို ဧပြီ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့ရာ စစ်ရေးပြအခမ်းအနားတွင် ပြည်တွင်းဖြစ် ဂျက်တိုက်လေယာဉ်များကို ပျံသန်းပြသခဲ့ပါတယ်။

နိုင်ငံတွင်း အလုံးစုံ တပ်ဆင်ထုတ်လုပ်သည့် အဆိုပါလေယာဉ်ကို Kowsar ဟု အမည်ပေးထားပြီး ကောင်းကင်ဘုံမှ မြစ်တစ်စင်း၏ အမည်ဖြစ်သလို ကုရ်အာန်ကျမ်းစာမှ အခန်းတစ်ခန်း၏ အမည်ဖြစ်သည်။

အမေရိကန် F-5 ဂျက်တိုက်လေယာဉ်အား ပုံစံယူပြုလုပ်ထားသော ထိုင်ခုံ ၂ လုံးပါ Kowsar ကို ၂၀၁၈ ခုနှစ်တွင်  စတင် မိတ်ဆက်စဉ်က သမ္မတဟက်ဆန်ရိုဟန်နီသည် လေယာဉ်မှူးထိုင်ခုံတွင် ထိုင်နေသည့် ပုံကို ရုပ်သံများက ပြသခဲ့ပါတယ်။

ယခုပြုလုပ်ခဲ့သည့် စစ်ရေးပြအခမ်းအနားတွင် အီရန်လေတပ်ကပင် ထုတ်လုပ်ထားသည့် Saegheh ခေါ် မိုးကြိုးမုန်တိုင်း အမည်ပေးထားသည့် အခြား တိုက်လေယာဉ်တစ်မျိုးကိုလည်း ပြသခဲ့ပါတယ်။

ယင်းအခမ်းအနားတွင် အီရန်လေတပ်က စစ်မြေပြင် တပ်သားတင်ဆောင်သည့်ယာဉ်များ၊ စက်သေနတ်များ၊ တင့်ကားများ၊ သယ်ယူပို့ဆောင်ရေးယာဉ်များနှင့် ပြည်တွင်းလုပ် Talash နှင့် ရုရှားလုပ် S-300 ဒုံးပျံစနစ်များကို လည်း ပြသခဲ့ပါတယ်။

အီရန်အနေနဲ့ စစ်ရေးစွမ်းရည်ကို မကြာခဏ ထုတ်ဖော်ပြသလေ့ရှိပေမယ့် ယင်းစွမ်းရည်များဟာ မှန်ကန်မှု ရှိတယ်လို့ အတိအကျမပြောနိုင်ပါဘူး။

၂၀၁၇ ခုနှစ်ကလည်း ဒုံးကျည်များပစ်လွှတ်နိုင်ပြီး အတိအကျလမ်းညွှန်စနစ်ပါတဲ့ ပြည်တွင်းဖြစ် တင်ကားတစ်မျိုးကို ထုတ်လုပ်နိုင်ကြောင်း ကြေညာခဲ့ပါတယ်။ အီရန်တော်လှန်ရေးအစောင့် တပ်ဖွဲ့သည် ဟော့မုဇ်-၂ ပုံစံ ပဲ့ထိန်းဒုံးကျည်များကို အောင်မြင်စွာ စမ်းသပ်ထားကြောင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။

ထို့ပြင် ဖျက်အားအလွန်ပြင်းပြီး အလေးချိန် ၁၀တန်ရှိသည့် ‘ ဗုံးများ၏ ဖခင်’ ဟု အမည်ပေးထားသည့် ပြည်တွင်းဖြစ်ဗုံးကိုလည်း ပိုင်ဆိုင်ထားကြောင်း ကြေညာခဲ့ပါတယ်။

ယခုပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားမှာ ရိုဟန်နီက အရှေ့အလယ်ပိုင်းနိုင်ငံများအနေဖြင့် ဇီယွန်ဝါဒကို ပြန်လည်ကျင့်သုံးကြရန် တိုက်တွန်းခဲ့ပြီး ဒေသတွင်း ပြဿနာရင်းမြစ်များသည် အစ္စရေးနှင့် အမေရိကန်တို့ကြောင့် ဖြစ်ရကြောင်း ပြောကြားခဲ့ပါတယ်။

Linko
Ref:gulftoday
တီဟီရန်၊ ဧပြီ ၁၉ 

(   Zawgyi  )

 အီရန္ႏိုင္ငံ၏ တပ္မေတာ္ေန႔ကို ဧၿပီ၁၈ ရက္က က်င္းပျပဳလုပ္ခဲ့ရာ စစ္ေရးျပအခမ္းအနားတြင္ ျပည္တြင္းျဖစ္ ဂ်က္တိုက္ေလယာဥ္မ်ားကို ပ်ံသန္းျပသခဲ့ပါတယ္။

ႏိုင္ငံတြင္း အလုံးစုံ တပ္ဆင္ထုတ္လုပ္သည့္ အဆိုပါေလယာဥ္ကို Kowsar ဟု အမည္ေပးထားၿပီး ေကာင္းကင္ဘုံမွ ျမစ္တစ္စင္း၏ အမည္ျဖစ္သလို ကုရ္အာန္က်မ္းစာမွ အခန္းတစ္ခန္း၏ အမည္ျဖစ္သည္။

အေမရိကန္ F-5 ဂ်က္တိုက္ေလယာဥ္အား ပုံစံယူျပဳလုပ္ထားေသာ ထိုင္ခုံ ၂ လုံးပါ Kowsar ကို ၂၀၁၈ ခုႏွစ္တြင္  စတင္ မိတ္ဆက္စဥ္က သမၼတဟက္ဆန္႐ိုဟန္နီသည္ ေလယာဥ္မႉးထိုင္ခုံတြင္ ထိုင္ေနသည့္ ပုံကို ႐ုပ္သံမ်ားက ျပသခဲ့ပါတယ္။

ယခုျပဳလုပ္ခဲ့သည့္ စစ္ေရးျပအခမ္းအနားတြင္ အီရန္ေလတပ္ကပင္ ထုတ္လုပ္ထားသည့္ Saegheh ေခၚ မိုးႀကိဳးမုန္တိုင္း အမည္ေပးထားသည့္ အျခား တိုက္ေလယာဥ္တစ္မ်ိဳးကိုလည္း ျပသခဲ့ပါတယ္။

ယင္းအခမ္းအနားတြင္ အီရန္ေလတပ္က စစ္ေျမျပင္ တပ္သားတင္ေဆာင္သည့္ယာဥ္မ်ား၊ စက္ေသနတ္မ်ား၊ တင့္ကားမ်ား၊ သယ္ယူပို႔ေဆာင္ေရးယာဥ္မ်ားႏွင့္ ျပည္တြင္းလုပ္ Talash ႏွင့္ ႐ုရွားလုပ္ S-300 ဒုံးပ်ံစနစ္မ်ားကို လည္း ျပသခဲ့ပါတယ္။

အီရန္အေနနဲ႔ စစ္ေရးစြမ္းရည္ကို မၾကာခဏ ထုတ္ေဖာ္ျပသေလ့ရွိေပမယ့္ ယင္းစြမ္းရည္မ်ားဟာ မွန္ကန္မႈ ရွိတယ္လို႔ အတိအက်မေျပာႏိုင္ပါဘူး။

၂၀၁၇ ခုႏွစ္ကလည္း ဒုံးက်ည္မ်ားပစ္လႊတ္ႏိုင္ၿပီး အတိအက်လမ္းၫႊန္စနစ္ပါတဲ့ ျပည္တြင္းျဖစ္ တင္ကားတစ္မ်ိဳးကို ထုတ္လုပ္ႏိုင္ေၾကာင္း ေၾကညာခဲ့ပါတယ္။ အီရန္ေတာ္လွန္ေရးအေစာင့္ တပ္ဖြဲ႕သည္ ေဟာ့မုဇ္-၂ ပုံစံ ပဲ့ထိန္းဒုံးက်ည္မ်ားကို ေအာင္ျမင္စြာ စမ္းသပ္ထားေၾကာင္း ထုတ္ျပန္ခဲ့ဖူးပါတယ္။

ထို႔ျပင္ ဖ်က္အားအလြန္ျပင္းၿပီး အေလးခ်ိန္ ၁၀တန္ရွိသည့္ ‘ ဗုံးမ်ား၏ ဖခင္’ ဟု အမည္ေပးထားသည့္ ျပည္တြင္းျဖစ္ဗုံးကိုလည္း ပိုင္ဆိုင္ထားေၾကာင္း ေၾကညာခဲ့ပါတယ္။

ယခုျပဳလုပ္တဲ့ စစ္ေရးျပအခမ္းအနားမွာ ႐ိုဟန္နီက အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားအေနျဖင့္ ဇီယြန္ဝါဒကို ျပန္လည္က်င့္သုံးၾကရန္ တိုက္တြန္းခဲ့ၿပီး ေဒသတြင္း ျပႆနာရင္းျမစ္မ်ားသည္ အစၥေရးႏွင့္ အေမရိကန္တို႔ေၾကာင့္ ျဖစ္ရေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Linko
Ref:gulftoday
တီဟီရန္၊ ဧၿပီ ၁၉