အီရန်နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်ကပိတ်ဆို့အရေးယူမှု

အီရန်နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်ကပိတ်ဆို့အရေးယူမှု

အမေရိကန်အစိုးရကဇူလိုင် ၃၁ ရက်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဂျာဗက်ဇာရစ်ဖ်ကို ပိတ်ဆို့အရေး ယူမှုချမှတ်လိုက်ပါတယ်။သို့သော် အီရန်နျူကလီးယားစက်ရုံများနှင့် အလုပ်လုပ်ခွင့်အား နိုင်ငံခြားကုမ္ပဏီများ အတွက် အမေရိကန်၏ပိတ်ဆို့မှု အရေးယူမှု မခံရစေဘဲနောက်ထပ် သက်တမ်းရက် ၉၀ တိုးမြှင့်ပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကွန်ဂရက်သို့ ပေးပို့သည့် အကြောင်းကြားစာတွင် ဥရောပ၊ ရုရှားနှင့် တရုတ်ကုမ္ပဏီများအနေနဲ့ အရပ်ဘက်သုံးအီရန်နျူကလီးယားလုပ်ငန်းများအတွက် ပူးပေါင်းလုပ်ဆောင်ခွင့် သက်တမ်းတိုးခွင့်ပြုပေးလိုက်ကြောင်းဖော်ပြထားပါတယ်။ လက်ရှိခွင့်ပြုမှုများဟာဇူလိုင် ၁ ရက်မှာသက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပြီးကုမ္ပဏီများအနေနဲ့ လက်ရှိလုပ်ဆောင်မှုများကိုတစ်ဖြည်းဖြည်းချင်း လျှော့ချရပ်ဆိုင်း သွား ဖို့ အချိန်တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲအမေရိကန်အစိုးရအနေနဲ့ အီရန်အပေါ် ဖိအားတိုးမြှင့်မှု အစိတ်အပိုင်းတစ်ရပ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးကို ဘဏ္ဍာရေး ဆိုင်ရာ ပိတ်ဆို့အရေးမှုကိုချမှတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လအတွင်းကလည်းအီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီ အပေါ် ပိတ်ဆို့အရေးယူမှု ချမှတ်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမိန့်တစ်ရပ်ကိုထုတ်ပြန်လိုက်ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးအပေါ် ပိတ်ဆို့အရေးယူပေမယ့် အမေရိကန်ရဲ့ နိုင်ငံတကာဝတ္တရားအရ ၎င်းအနေနဲ့ ကုလသမဂ္ဂဆိုင်ရာ လုပ်ငန်း များဆောင်ရွက်မှုအတွက် နယူးယောက်ကိုလာရောက်ခွင့်ရမှာဖြစ်ပါတယ်။ ယခုကြေညာချက်နှင့် ပတ်သက်၍ ဇာရစ်ဖ်က ၎င်း၏ တွစ်တာတွင် “အီရန်ရဲ့ ပြင်ပမှာ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေ မရှိတာကြောင့် အခုအရေးယူမှုဟာ ကျွန်တော်အပေါ်ဖြစ်စေ၊ ကျွန်တော့်မိသားစုအပေါ် ဖြစ်စေသက်ရောက်မှု ရှိမှာမဟုတ်ပါဘူး” ဟုရေးသားထားပါတယ်။

Linko
Ref:Times
ဝါရှင်တန်၊သြဂုတ် ၁

(  Zawgyi  )

 အေမရိကန္အစိုးရကဇူလိုင္ ၃၁ ရက္မွာ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးမိုဟာမက္ဂ်ာဗက္ဇာရစ္ဖ္ကို ပိတ္ဆို႔အေရး ယူမႈခ်မွတ္လိုက္ပါတယ္။သို႔ေသာ္ အီရန္န်ဴကလီးယားစက္႐ုံမ်ားႏွင့္ အလုပ္လုပ္ခြင့္အား ႏိုင္ငံျခားကုမၸဏီမ်ား အတြက္ အေမရိကန္၏ပိတ္ဆို႔မႈ အေရးယူမႈ မခံရေစဘဲေနာက္ထပ္ သက္တမ္းရက္ ၉၀ တိုးျမႇင့္ေပးလိုက္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ကြန္ဂရက္သို႔ ေပးပို႔သည့္ အေၾကာင္းၾကားစာတြင္ ဥေရာပ၊ ႐ုရွားႏွင့္ တ႐ုတ္ကုမၸဏီမ်ားအေနနဲ႔ အရပ္ဘက္သုံးအီရန္န်ဴကလီးယားလုပ္ငန္းမ်ားအတြက္ ပူးေပါင္းလုပ္ေဆာင္ခြင့္ သက္တမ္းတိုးခြင့္ျပဳေပးလိုက္ေၾကာင္းေဖာ္ျပထားပါတယ္။ လက္ရွိခြင့္ျပဳမႈမ်ားဟာဇူလိုင္ ၁ ရက္မွာသက္တမ္း ကုန္ဆုံးမွာလည္း ျဖစ္ၿပီးကုမၸဏီမ်ားအေနနဲ႔ လက္ရွိလုပ္ေဆာင္မႈမ်ားကိုတစ္ျဖည္းျဖည္းခ်င္း ေလွ်ာ့ခ်ရပ္ဆိုင္း သြား ဖို႔ အခ်ိန္တိုးျမႇင့္ေပးခဲ့ျခင္း ျဖစ္ပါတယ္။

တစ္ခ်ိန္တည္းမွာပဲအေမရိကန္အစိုးရအေနနဲ႔ အီရန္အေပၚ ဖိအားတိုးျမႇင့္မႈ အစိတ္အပိုင္းတစ္ရပ္အျဖစ္ ႏိုင္ငံျခားေရးဝန္ႀကီးကို ဘ႑ာေရး ဆိုင္ရာ ပိတ္ဆို႔အေရးမႈကိုခ်မွတ္လိုက္ျခင္းပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ လအတြင္းကလည္းအီရန္ဘာသာေရးေခါင္းေဆာင္ အယာတိုလာအလီခါေမနီ အေပၚ ပိတ္ဆို႔အေရးယူမႈ ခ်မွတ္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အမိန႔္တစ္ရပ္ကိုထုတ္ျပန္လိုက္ပါတယ္။

အီရန္ႏိုင္ငံျခားေရးဝန္ႀကီးအေပၚ ပိတ္ဆို႔အေရးယူေပမယ့္ အေမရိကန္ရဲ႕ ႏိုင္ငံတကာဝတၱရားအရ ၎အေနနဲ႔ ကုလသမဂၢဆိုင္ရာ လုပ္ငန္း မ်ားေဆာင္႐ြက္မႈအတြက္ နယူးေယာက္ကိုလာေရာက္ခြင့္ရမွာျဖစ္ပါတယ္။ ယခုေၾကညာခ်က္ႏွင့္ ပတ္သက္၍ ဇာရစ္ဖ္က ၎၏ တြစ္တာတြင္ “အီရန္ရဲ႕ ျပင္ပမွာ ကြၽန္ေတာ့္ရဲ႕ ပိုင္ဆိုင္မႈေတြ မရွိတာေၾကာင့္ အခုအေရးယူမႈဟာ ကြၽန္ေတာ္အေပၚျဖစ္ေစ၊ ကြၽန္ေတာ့္မိသားစုအေပၚ ျဖစ္ေစသက္ေရာက္မႈ ရွိမွာမဟုတ္ပါဘူး” ဟုေရးသားထားပါတယ္။

Linko
Ref:Times
ဝါရွင္တန္၊ၾသဂုတ္ ၁