အီရန်နှင့် စစ်မဖြစ်လိုဟုထိပ်တန်းအကြံပေးများကိုအမေရိကန်သမ္မတပြောကြား

အီရန်နှင့် စစ်မဖြစ်လိုဟုထိပ်တန်းအကြံပေးများကိုအမေရိကန်သမ္မတပြောကြား

သမ္မတဒေါ်နယ်ထရမ့်က အီရန်နှင့် စစ်မဖြစ်လိုဟု ၎င်း၏ထိပ်တန်းအကြံပေးများကိုပြော ကြားခဲ့ကြောင်း အမည်မဖော်လိုသူ အမေရိကန် အရာရှိများ၏ ပြောကြားချက်ကိုကိုးကား၍ ရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်။

“သူကစစ်မဖြစ်ချင်ဘူးလို့ ပြောပါတယ်။ သူမဟုတ်သလိုပါပဲ” လို့ အဆိုပါသတင်းရင်းမြစ်၏ ပြောကြားချက်ကိုကိုးကား၍ ဖော်ပြခဲ့ပါတယ်။အီရန်နဲ့ စစ်ရေးအရတင်းမာမှုတွေကိုရှောင်ရှားဖို့ ထရမ့်က သူ့ရဲ့ နိုင်ငံတော်လုံခြုံရေးအဖွဲ့နဲ့ အကြံပေးများ ကိုပြောကြား ခဲ့ကြောင်း အရာရှိများ ကပြောကြားပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ ဒေသတွင်းကအမေရိကန်ရဲ့ အကျိုးစီးပွားရေးကိုကာကွယ်သွားမယ်လို့လည်း ပြတ်ပြတ် သားသားပြောကြား ထားကြောင်း အရာရှိတစ်ဦးကဆိုပါတယ်။ ထောက်လှမ်းရေးအဖွဲ့အစည်းတွေကတွေ့ရှိထားတဲ့ အီရန်အစိုးရသို့မဟုတ် သူတို့ရဲ့ ကြားခံအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေဟာဒေသတွင်းကမိမိတို့ကို ခြိမ်းခြောက်မှုတစ်ခုဖြစ် တယ်လို့  အမေရိကန်အရာရှိတွေကသတ်မှတ်ထားကြပါတယ်။

အာဖဂန်နဲ့ အီရတ်နိုင်ငံများမှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေရဲ့ ကုန်ကျစရိတ်ဟာများပြားလွန်းတာကြောင့် ပြည်ပနိုင် ငံတွေမှာစစ်မဖြစ်အောင် ရှောင်ရှားမယ်လို့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာထရမ့်က ကတိပေးခဲ့ပါတယ်။ဆီးရီးယားမှာ ရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကိုတပ်ရုပ်သိမ်းဖို့ ယခုနှစ်အစောပိုင်းမှာထရမ့်က အမိန့်ထုတ် ပြန် ခဲ့ပေမယ့် ဖျောင်းဖျပြောဆိုမှုအချို့ကြောင့် တပ်အချို့ကိုဆက်လက်ထားရှိခဲ့ပါတယ်။

ထရမ့်က အမေရိကန်အနေနဲ့ အီရန်နဲ့ စစ်ဖြစ်အောင် လုပ်ဆောင်နေတာမဟုတ်ဘူးလို့ သတင်းထောက်များကိုမေ ၁၆ ရက်ကပြောပါတယ်။အမေရိကန်နဲ့ အီရန်နိုင်ငံတို့အကြားမှာသံတမန်ဆက်ဆံရေးမရှိတာကြောင့် ဆွစ်ဇာလန်နိုင်ငံက နှစ်နိုင်ငံကြားညှိနှိုင်းမှု များဆောင်ရွက်ပေး ပါတယ်။  ဆွစ်ဇာလန်ဝန်ကြီးချုပ် အူလီမော်ရာနဲ့ တွေ့ဆုံစဉ်မှာသမ္မတထရမ့်က ယခုမှတ်ချက်များကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
ပင်လယ်ကွေ့ဒေသမှာရေနံတင်သင်္ဘော ၄ စင်းတိုက်ခိုက်ခံရပြီးတဲ့ နောက်ပိုင်းအမေရိကန်ကအီရတ်မှာရှိတဲ့ သံရုံးဝန်ထမ်းအချို့ကို ပြန်လည်ခေါ်ယူထားပါတယ်။

Linko
Ref:Reuters
ဝါရှင်တန်၊မေ ၁၇

(  Zawgyi  )

 သမၼတေဒၚနယ္ထရမ့္က အီရန္ႏွင့္ စစ္မျဖစ္လိုဟု ၎၏ထိပ္တန္းအႀကံေပးမ်ားကိုေျပာ ၾကားခဲ့ေၾကာင္း အမည္မေဖာ္လိုသူ အေမရိကန္ အရာရွိမ်ား၏ ေျပာၾကားခ်က္ကိုကိုးကား၍ ႐ိုက္တာသတင္းဌာနကေဖာ္ျပခဲ့ပါတယ္။

“သူကစစ္မျဖစ္ခ်င္ဘူးလို႔ ေျပာပါတယ္။ သူမဟုတ္သလိုပါပဲ” လို႔ အဆိုပါသတင္းရင္းျမစ္၏ ေျပာၾကားခ်က္ကိုကိုးကား၍ ေဖာ္ျပခဲ့ပါတယ္။အီရန္နဲ႔ စစ္ေရးအရတင္းမာမႈေတြကိုေရွာင္ရွားဖို႔ ထရမ့္က သူ႔ရဲ႕ ႏိုင္ငံေတာ္လုံၿခဳံေရးအဖြဲ႕နဲ႔ အႀကံေပးမ်ား ကိုေျပာၾကား ခဲ့ေၾကာင္း အရာရွိမ်ား ကေျပာၾကားပါတယ္။

ဒါေပမယ့္ သူ႔အေနနဲ႔ ေဒသတြင္းကအေမရိကန္ရဲ႕ အက်ိဳးစီးပြားေရးကိုကာကြယ္သြားမယ္လို႔လည္း ျပတ္ျပတ္ သားသားေျပာၾကား ထားေၾကာင္း အရာရွိတစ္ဦးကဆိုပါတယ္။ ေထာက္လွမ္းေရးအဖြဲ႕အစည္းေတြကေတြ႕ရွိထားတဲ့ အီရန္အစိုးရသို႔မဟုတ္ သူတို႔ရဲ႕ ၾကားခံအဖြဲ႕အစည္းေတြရဲ႕ လႈပ္ရွားမႈေတြဟာေဒသတြင္းကမိမိတို႔ကို ၿခိမ္းေျခာက္မႈတစ္ခုျဖစ္ တယ္လို႔  အေမရိကန္အရာရွိေတြကသတ္မွတ္ထားၾကပါတယ္။

အာဖဂန္နဲ႔ အီရတ္ႏိုင္ငံမ်ားမွာ ျဖစ္ပြားတဲ့ စစ္ပြဲေတြရဲ႕ ကုန္က်စရိတ္ဟာမ်ားျပားလြန္းတာေၾကာင့္ ျပည္ပႏိုင္ ငံေတြမွာစစ္မျဖစ္ေအာင္ ေရွာင္ရွားမယ္လို႔ ၂၀၁၆ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာထရမ့္က ကတိေပးခဲ့ပါတယ္။ဆီးရီးယားမွာ ရွိတဲ့ အေမရိကန္တပ္ဖြဲ႕ေတြကိုတပ္႐ုပ္သိမ္းဖို႔ ယခုႏွစ္အေစာပိုင္းမွာထရမ့္က အမိန႔္ထုတ္ ျပန္ ခဲ့ေပမယ့္ ေဖ်ာင္းဖ်ေျပာဆိုမႈအခ်ိဳ႕ေၾကာင့္ တပ္အခ်ိဳ႕ကိုဆက္လက္ထားရွိခဲ့ပါတယ္။

ထရမ့္က အေမရိကန္အေနနဲ႔ အီရန္နဲ႔ စစ္ျဖစ္ေအာင္ လုပ္ေဆာင္ေနတာမဟုတ္ဘူးလို႔ သတင္းေထာက္မ်ားကိုေမ ၁၆ ရက္ကေျပာပါတယ္။အေမရိကန္နဲ႔ အီရန္ႏိုင္ငံတို႔အၾကားမွာသံတမန္ဆက္ဆံေရးမရွိတာေၾကာင့္ ဆြစ္ဇာလန္ႏိုင္ငံက ႏွစ္ႏိုင္ငံၾကားညႇိႏႈိင္းမႈ မ်ားေဆာင္႐ြက္ေပး ပါတယ္။  ဆြစ္ဇာလန္ဝန္ႀကီးခ်ဳပ္ အူလီေမာ္ရာနဲ႔ ေတြ႕ဆုံစဥ္မွာသမၼတထရမ့္က ယခုမွတ္ခ်က္မ်ားကို ျပဳလုပ္ခဲ့ျခင္း ျဖစ္ပါတယ္။
ပင္လယ္ေကြ႕ေဒသမွာေရနံတင္သေဘၤာ ၄ စင္းတိုက္ခိုက္ခံရၿပီးတဲ့ ေနာက္ပိုင္းအေမရိကန္ကအီရတ္မွာရွိတဲ့ သံ႐ုံးဝန္ထမ္းအခ်ိဳ႕ကို ျပန္လည္ေခၚယူထားပါတယ္။

Linko
Ref:Reuters
ဝါရွင္တန္၊ေမ ၁၇